Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
*** ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ဇိန်ထုန်းဂရောင်၏ ကိုယ်ရေး အတ္ထုပတ္တိအကျဉ်း ***
*** ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ဇိန်ထုန်းဂရောင်၏ ကိုယ်ရေး အတ္ထုပတ္တိအကျဉ်း ***
ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ဇိန်ထုန်းဂရောင်သည် ကချင်မျိုးနွယ်စု တို့မှ ပထမဦးဆုံးသော ရဟန်းနှင့် ဆရာတော်ဖြစ်ပါသည်။ ဆရာတော်ဘုရားသည် ၁၉၇၆ ခုနှစ် ဧပြီလ (၂ ) ရက်နေ့က ကချင်မျိုးနွယ်စုတို့ အထွက်အမြတ်ထားသည့် ရိုးရာ နတ်ပူးဇော်မှုနှင့် ဆက်နွယ်သော မနောင်ပွဲတော်ကို ခရစ်ယာန် မနောင်ပွဲတော်အဖြစ် ပထမဦးဆုံး ကင်ပွန်းတပ်ပေးခဲ့သူလည်းဖြစ်ပါသည် ။ ဆရာတော်ကြီးသည် မြစ်ကြီးနား ကက်သလစ် ဂိုဏ်းအုပ် သာသနာတွင် သိုးထိန်းတစ်ပါး၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အပြင် မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာတွင်လည်း သိုးထိန်းတစ်ပါး၏ သာသနာ့တာဝန်ကို (၁၁) နှစ်တာ ထမ်းဆောင်ခဲ့ပါသည်။ မန္တလေးတွင် သာသနာ့တာဝန်ထမ်းဆောင်ရင်း လူသိများသော စွမ်းဆောင်မှုများအနေနှင့် နှလုံးဖောင်ဒေးရှင်း ၊ HEC (Higher Education Center ) , CFC ( Couples for Christ ) စတဲ့အဖွဲ့များကိုလည်း ဦးဆောင် မတည်ဖွဲ့စည်းပေးသည့်အပြင် ဆရာတော်ကိုယ်တိုင်လည်း ၎င်းအဖွဲ့များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလေ့ရှိပါသည် ။ *** (ဆရာတော်၏ အတ္ထုပတ္တိ အကျဉ်းကို အောက်ပါ ဗီဒီယိုတွင် နားဆင်နိုင်ပါသည် ။)
Present & Edit - Pinky
Add new comment