ဂရုဏာရှင်ယေဇူး တနင်္ဂနွေ မစ္ဆားတရားကို ရောမမြို့ ဘုရားကျောင်းတွင် ပုပ်ဖရန်စစ် ပူဇော်ကျင်းပမည်

ဂရုဏာရှင်ယေဇူး တနင်္ဂနွေ မစ္ဆားတရားကို ရောမမြို့ ဘုရားကျောင်းတွင် ပုပ်ဖရန်စစ် ပူဇော်ကျင်းပမည်

ဂရုဏာရှင်ယေဇူး တနင်္ဂနွေ မစ္ဆားတရားကို ရောမမြို့ ဘုရားကျောင်းတွင် ပုပ်ဖရန်စစ် ပူဇော်ကျင်းပမည်

အီစတာဝါကျွတ်ပွဲအပြီး နောက်တပတ်ဖြစ်တဲ့ ဧပြီလ ၁၉ ရက် တနင်္ဂနွေဟာ ဂရုဏာရှင်ယေဇူးတနင်္ဂနွေနေ့ဖြစ်တာမို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ဟာ ရောမမြို့ မှ ဂရုဏာရှင်ယေဇူးအဓိက သဒ္ဒါကြည်ညိုခြင်းပြုရာ ဘုရားကျောင်း Sassia က Holy Spirit ဘုရားကျောင်းမှာ
မစ္ဆား ဉီးဆောင်ဟောကြားမှာဖြစ်ပါတယ်။

ထိုဘုရားကျောင်းဟာ စိန့်ပီတာရင်ပြင်တော်နဲ့ မီတာ ၂၀၀ အကွာအဝေးမှာရှိပြီး ဒီဗီမာန်တော်မှာ ဘာသာ၀င်အနည်းငယ်နဲ့သာ အရှင်သူမြတ်က Live Stream မစ္ဆား ကို ဟောကြားမှာဖြစ်ပါတယ်။
သခင်ယေဇူးရဲ့ ဗျာဒိတ်တော်နဲ့ စကားပြောခြင်းကို ပိုလန် မှ သီလရှင် ဖော့စတီနား ကို၀ါစကာ ရဟန္တာမ ဖော့စတီနား ရရှိခဲ့တဲ့ ဗျာဒိတ်တော်ကို အမှီပြုပြီး ၂၀ ရာစု ကထဲက ဂရုဏာရှင်ယေဇူးကို အားကိုးလာခဲ့ကြတာဖြစ်ပါတယ်။

ဂရုဏာရှင်ယေဇူးကို အထူးသဒ္ဒါကြည်ညိုခြင်းရှိခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး St.John Paul the great က ဧပြီလ ၃၀၊ ၂၀၂၀ St.Faustina ရဲ့ ရဟန္တာတင်မြှောက်ခြင်းနေ့မှာ အီစတာ၀ါကျွတ်ပွဲအပြီး ဒုတိယ တနင်္ဂနွေနေ့ကို ဂရုဏာရှင်ယေဇူးပွဲနေ့အဖြစ် သတ်မှတ်ကြေငြာခဲ့တာဖြစ်ပါကြောင်း ဗာတီကန်သတင်းအရ သိရှိရပါတယ်။

 

Vatican News

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

https://bit.ly/2XJEt45

Add new comment

14 + 3 =