ဂရုဏာရှင်ယေဇူးတနင်္ဂနွေနေ့အတွက် ကိုယ်တော်မြတ်ရောင်ခြည်တော်ကို Capitol Hill သာသနာစီရင်စုမှ လမ်းများပေါ်ပင့်ဆောင်

ဂရုဏာရှင်ယေဇူးတနင်္ဂနွေနေ့အတွက် ကိုယ်တော်မြတ်ရောင်ခြည်တော်ကို Capitol Hill သာသနာစီရင်စုမှ လမ်းများပေါ်ပင့်ဆောင်

ဂရုဏာရှင်ယေဇူးတနင်္ဂနွေနေ့အတွက် ကိုယ်တော်မြတ်ရောင်ခြည်တော်ကို Capitol Hill သာသနာစီရင်စုမှ လမ်းများပေါ်ပင့်ဆောင်

ကိုဗစ် ၁၉ ကြောင့် ကမ္ဘာပေါ်ရှိကက်သလစ်များဟာ ဂရုဏာရှင်ယေဇူးတနင်္ဂနွေနေ့ ကို အိမ်မှာပဲကျင်းပခဲ့ကြရပါတယ်။ သို့သော် ဝါရှင်တန်ဒီစီ က သာသနာစီရင်စု တခုကတော့ လမ်းမများပေါ်ထွက်ကာ ကိုယ်တော်မြတ်စက္ကရင်မင်တူးကို ဘာသာဝင်များဖူးမျှော်နိုင်ရန် သယ်ဆောင်ခဲ့ကြပါတယ်။

အထက်ပါစီရင်စုမှ ကျောင်းထိုင်ဘုန်းတော်ကြီး မွန်ဆီညော် ချားလ်စ် ဟာ ကျောင်းတွင်းအတူနေ ရဟန်းဖြစ်သင် ကျောင်းသား ၃ ဉီး ဘုရားကျောင်း အနီးနားက ကွန်ဗင့်မှာသတင်းသုံးကြတဲ့ သီလရှင် ၆ ပါးတို့နဲ့အတူ ကွာရဲန်တင်း အချိန်မှာ နေ့စဉ်လမ်းလျှောက်ပုတီးစိတ်ခြင်း ကို စတင်ပြုလုပ်ခဲ့ကြောင်း

ဂရုဏာရှင်ယေဇူးတနင်္ဂနွေနေ့မှာတော့ တခြားနေ့တွေလိုမဟုတ်ပဲ ဘုရားကျောင်းမှာ ၃ နာရီ၌ ဂရုဏာရှင်ယေဇူး မေတ္တာကို ရွတ်ဆိုကြပြီး ကိုယ်တော်မြတ် ရောင်ခြည်တော်နဲ့ လမ်းလျှောက်ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အရမ်းကိုနှစ်သက်ကြတဲ့ အစီအစဉ်လေးဖြစ်ကြောင်း ဘာသာ၀င်များဟာ ၀မ်းသာအားရနဲ့ မိမိတို့အိမ်ပေါက်များသို့ထွက်ကာ ကိုယ်တော်မြတ်ကို ကိုးကွယ်ကြကြောင်း တချို့ကြတော့ ၄င်းတို့ကားနားအထိ ကြွရောက်စေကာ အနီးကပ်ဖူးမျှော်ဆုတောင်းကြတယ်လို့ ကျောင်းထိုင်ဘုန်းတော်ကြီး မွန်ဆီညော် ချားလ်စ် က ပြောကြားခဲ့သည်ကို CNA သတင်းအရသိရှိရပါသည်။

 

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo credit: Robin Fennelly

https://bit.ly/2zggnDP

 

 

 

Add new comment

3 + 5 =