ဂရိနိုင်ငံသည် ရဟန်းမင်းကြီး၏ကြွရောက်ခြင်းကြောင့် ဂုဏ်တက်ရပါကြောင်း ဗာတီကန်၏ ဂရိသံအမတ်ကပြောကြား

ဂရိနိုင်ငံသည် ရဟန်းမင်းကြီး၏ကြွရောက်ခြင်းကြောင့် ဂုဏ်တက်ရပါကြောင်း ဗာတီကန်၏ ဂရိသံအမတ်ကပြောကြား

ဂရိနိုင်ငံသည် ရဟန်းမင်းကြီး၏ကြွရောက်ခြင်းကြောင့် ဂုဏ်တက်ရပါကြောင်း ဗာတီကန်၏ ဂရိသံအမတ်ကပြောကြား

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဒီဇင်ဘာ (၄ မှ ၆) ရက်နေ့အထိ ဂရိနိုင်ငံ၏မြို့တော် “အေသင်” သို့နှစ်ရက်တာကြွ ရောက်မည်ဖြစ်သည်။ ရဟန်းမင်းကြီး၏ကြွရောက်ခြင်းသည် နိုင်ငံအတွက်လည်း ဂုဏ်၊ အခွင့်အခါကောင်းနှင့်အားတက်စရာဖြစ်သကဲ့သို့၊ နှစ်နိုင်ငံကြား ဆက်ဆံမှုကိုပိုမိုခိုင်မြဲစေ မည်ဖြစ်ကြောင်း၊ နိုင်ငံသားများသည် ပျော်ရကြောင်း၊ ဂုဏ်ယူနေကြကြောင်း၊ ယခုတစ်ကြိမ် ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်ခြင်းသည် ရိုမင်ကက်သလစ်သာသနာ တော်ကြီး၏ ဦးသျှောင်၏ ဒုတိယအကြိမ်ကြွရောက်ခြင်းဖြစ်ကြောင်း၊ စိန့်ဂျွန်ပေါလ် (၂) လည်း (၂၀၀၁) ၌ကြွရောက် ခဲ့ဖူးကြောင်း၊ ဤသို့အာရုံထားကြွရောက်ပေးခြင်းသည် ရဟန်းမင်းကြီးတို့အနေဖြင့် ၄င်းတို့၏ဘာသာတူဦးရေအလွန် နည်းပါး (ကက်သလစ်ဘာသာ၀င်များသည် တိုင်းပြည်လူဦးရေ၏ ၁ ရာနှုန်းပင်မပြည့်) သောနိုင်ငံသို့ကြွရောက်အား ပေးခြင်းသည် ၄င်းတို့သည် မေ့လျော့ခံများမဟုတ်။ အလွန်အရေးကြီးသောသူများဖြစ်ကြောင်းကိုပြသကြောင်း၊ ယခု နှစ်သည် ဗာတီကန်နှင့်ဂရိနိုင်ငံတို့၏သံတမန်ဆက်ဆံမှု (၄၀) နှစ်ပြည့်သည့်နှစ်လည်းဖြစ်ကြောင်း၊ ဂရိနိုင်ငံမှခရစ် ယာန်များလည်း ရဟန်းမင်းကြီး၏ကြွရောက်ခြင်းကို ကြိုဆိုနေကြကြောင်း၊ သို့သော် နိုင်ငံ၏လူဦးရေအများဆုံးမှာ ‘ဂရိဩသော်‌ဒေါ့စ်’ ဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ ဒေသခံကက်သလစ်ခရစ်ယာန်များလည်းရှိသကဲ့သို့၊ ပိုလန်၊ ရိုမေးနီး ယား၊ ဖိလစ်ပိုင်၊ အရှေ့အလယ်ပိုင်းဒေသများဖြစ်သော ဆီးရီးယားနှင့်အီရတ်တို့မှပြောင်းရွေ့လာကြသော ကက်သ လစ်ခရစ်ယာန်များလည်းရှိကြကြောင်း၊ ယခုတမန်တော်ခရီးစဉ်၌ လူမှုရေးနှင့်နိုင်ငံရေး ကိစ္စများအတွက်လည်း အရေးပါသောခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ (၂၀၁၆) ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဂရိသို့ကြွရောက်လည်ပတ်စဉ်က ဂရိနှင့် တူရကီနှစ်နိုင်ငံကြားတင်းမာမှုကြီးမားနေချိန်ဖြစ်ကြောင်း၊ ယခုနှစ်သည် ဂရိတို့မှ Ottoman ဘုရင်အားတော်လှန်ခဲ့သည့် နှစ် (၂၀၀) မြောက်နှစ်ပတ် လည်နှစ်လည်းဖြစ်ကြောင်း ဂရိနိုင်ငံ၏ဗာတီကန်သံအမတ် PANOS KALOGEROPOULOS ကပြောကြားခဲ့သည်။  

          

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3lpqP0Z

Add new comment

3 + 6 =