Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဂမ်ဘီယာ နိုင်ငံအား အစ္စလာမ်မစ်နိုင်ငံမဟုတ် ဘာသာရေးစွက်ဖက်မူ့ကင်းသော နိုင်င်ငံဖြစ်ရေး ခရစ်ယာန်များ တောင်းဆို
ဂမ်ဘီယာ နိုင်ငံအား အစ္စလာမ်မစ်နိုင်ငံမဟုတ် ဘာသာရေးစွက်ဖက်မူ့ကင်းသော နိုင်င်ငံဖြစ်ရေး ခရစ်ယာန်များ တောင်းဆို
ဒီဇင်ဘာလ ၁၇၊ ၂၀၁၉
အသစ်ရွေးဆွဲသောဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင် ဂမ်ဘီယာ နိုင်ငံအား အစ္စလာမ်မစ်နိုင်ငံမဟုတ် ဘာသာရေးစွက်ဖက်မူ့ကင်းသော နိုင်င်ငံဖြစ်ရေး ခရစ်ယာန်အဖွဲ့အစည်းများမှ တောင်းဆိုခဲ့ကြပါသည်။
အနောက်အာဖရိကတွင်တည်ရှိသော ဂမ်ဘီယာ နိုင်ငံငယ်လေးသည် လူဦးရေ ၂.၃၅ သန်းသာရှိပါသည်။
ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ် ဘာသာဝင်များ အများစုနေထိုင်ရာ နိုင်ငံဖြစ်ပြီး နိုင်ငံ၏ ၉ % မှာ ခရစ်ယာန်များဖြစ်ပြီး ယင်းတို့ထည်းမှ ၂% သည် ကက်သလစ်ခရစ်ယာန်များ ဖြစ်ကြပါသည်။ ခရစ်ယာန် လူနည်းစုများအပေါ် တင်းကြပ်သည့် စည်းမျဥ်းများ ချမှတ်ထားကြောင်းကိုလည်း ဖော်ပြထားပါသည်။
၂၀၁၅ ခုနှစ်က သမ္မတဟောင်း ရာရာ ဂျေမေ Yahya Jammeh မှ ဂမ်ဘီယာ နိုင်ငံအား အစ္စလာမ်မစ်နိုင်ငံ အဖြစ်ကြေငြာခဲ့ပါသည်။
သမ္မတဟောင်း၏ အဆိုအရ ကိုလိုနီနိုင်ငံတို့၏ လွမ်းမိုးမူမှ ကင်းဝေးစေရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကက်သလစ်၊ အဂ်လီကန် နှင့် မက်သိုဒစ် ခရစ်ယာန်များ ပါဝင်ဖွဲ့စည်းထားသော ဂမ်ဘီယာ နိုင်ငံ ခရစ်ယာန်များ ကောင်စီမှ ဦးဆောင်ပြီး ဂမ်ဘီယာ နိုင်ငံအား အစ္စလာမ်မစ်နိုင်ငံမဟုတ် ဘာသာရေးစွက်ဖက်မူ့ကင်းသော နိုင်င်ငံဖြစ်ရေးကို တောင်းဆိုခဲ့ကြပါသည်။
Credit to Vatican News
https://bit.ly/2rLI4kN
#rvamyanmarservice
Add new comment