ဂန်နာနိုင်ငံ မသန်မစွမ်းကလေးငယ်များ အတွက် စစွတာရ်ထရေးဇာသည်မျှော်လင့်ချက်အလင်းတန်းတစ်ခုဖြစ်စေသည်

ဂန်နာနိုင်ငံ မသန်မစွမ်းကလေးငယ်များ အတွက် စစွတာရ်ထရေးဇာသည်မျှော်လင့်ချက်အလင်းတန်းတစ်ခုဖြစ်စေသည်

ဂန်နာနိုင်ငံ မသန်မစွမ်းကလေးငယ်များ အတွက် စစွတာရ်ထရေးဇာသည်မျှော်လင့်ချက်အလင်းတန်းတစ်ခုဖြစ်စေသည်

သူ့နာမည်ကားစစွတာရ်ထရေးဇာမူမူနီဖြစ်ပါသည်။ သူသည် ဂန်နာနိုင်ငံမြောက်ပိုင်း၊ Yendi သာသနာ၊ Sang ၌ ‘Nazareth Home for God’s Children’ (ဘုရားသခင်၏သားသမီးများအတွက်နာဇရက်အိမ်တော်) ဟုအမည်ပေးထားသောဂေ ဟာတစ်ခုကိုဖွင့်လှစ်ထားပြီး၊ မွေးစဉ်ကတည်းကမသန် စွမ်းသော ကလေးသူငယ်များကိုပြုစုပေးနေသည်။ ဤကလေးများအနက်အချို့သည်မွေးရာပါကိုယ်အင်္ဂါချို့တဲ့သူ များ၊ အချို့မှာဒေသအယူအဆအမျိုး မျိုး၏ ကုထုံးများဖြင့်ကုသရာတွင်ကြမ်းတမ်းစွာကုသရာမှမသန်အစွမ်းဖြစ်သွားခဲ့ရသူများ လည်းပါသည်။

ဂန်နာနိုင်ငံ၏ဒေသအဆင့်၌ပင် မဖွံ့ဖြိုးသေးသောဒေသများ၌ မသန်မစွမ်းဖြင့်မွေးဖွားလာသောကလေးငယ်များကို ‘၀ိညာဉ်’ ဖမ်းစားခြင်းခံရသော ကလေး (spirit children) ဟုစွပ်စွဲသတ်မှတ်ကြသည်။ တစ်နည်းဆိုသော်မကောင်းဆိုး၀ါးဟု သတ်မှတ်ကြသည်။ ထို့ကြောင့်ရိုးရာ၏လွှမ်းမိုးမှုပြင်းထန်လွန်းသောကြောင့်မိဘများပင်လျှင်မိမိတို့၏ရင်သွေးကိုဂရုမစိုက်ဘဲစွန့် ပစ်ထားကြ၊ ဘေးဖယ်ခံရ၊ အနှိမ့်ခံနေကြရ၊ အချို့အခြေ အနေ၌မူသတ်ဖြတ်မှုပင်ပါလာသည်။ အဘယ်ကြောင့်ဆိုသော်ဤကလေး ရှင်သန်နေခြင်းဖြင့်မကောင်းဆိုး၀ါးသည်အိမ် (သို့) ရွာကိုလာရောက်နှောက်ယှက်မည်ဟုယုံကြည်ကြသည်။

စစွတာရ်ထရေးဇာသည် ဂန်နာနိုင်ငံသားတစ်ဦးဖြစ်ပြီး၊ ကက်သလစ်သီလရှင်တစ်ပါးလည်းဖြစ် သည်။ သူသည်ကိုယ် တော်မြတ်ကိုချစ်သော မာရိယာ၏သီလရှင်အသင်း၀င်ဖြစ်သည်။ ထိုလူမှုအသိုင်းအဝိုင်းကလက်မခံသော ကလေးများအားပြုစု စောင့်ရှောက်ပေးသောတမန်တော်လုပ်ငန်းကိုစတင် လိုက်သောကြောင့် လူအများ၏အာရုံစိုက်မှုကိုခံနေရသည်။ ထိုဂေဟာသို့လူမျိုးစုမရွေး၊ ဘာသာမရွေး၊ လူမှုရေးအဆင့်အတန်းမရွေးဘဲလက်ခံစောင့်ရှောက်ပေးသည်။ ဗာတီကန်သတင်းဌာန၏တွေ့ဆုံမေးမြန်းမှု၌ယခုလုပ်ဆောင်နေရသောတမန်တော်လုပ်ငန်းကိုအလွန်နှစ်သက်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် ကလေးများကိုချစ် ကြောင်း၊ ဘုရားသခင်ကိုလည်းချစ်ကြောင်း၊ သူ၏အဓိကဉီးတည်ချက်မှာလူ့တန်ဖိုးကိုသတ်မှတ်ရာ၌လွဲ မှားနေသောရိုးရာ၏လွမ်းမိုးမှုကို ပြောင်းလဲပစ်ရန်ဤအခြေအနေမျိုးရှိနေသောကလေးတစ်ဦးကိုလက်ခံတိုင်းစတင်နေပါသည်။

အသက်ကိုပြန်လည်ရယူပေးခြင်း

စစွတာရ်က ဤအမှုတော်ကိုဆောင်ရန်ဘုရားသခင်၏စေ့ဆော်မှုကိုခံရကြောင်း၊ သူသည်သီလရှင်ဘ၀ကို (၁၉၉၄) ခုနှစ်၌ခံယူခဲ့အပြီး၊ ဘုရား သခင်သည်သူ့အားထိုအမူတော်ကိုဖော်ဆောင်ရန်ခေါ်နေသည်ဟုသာ ပို၍ခံစားလာရကြောင်း၊ မသန်မစွမ်းဖြင့်မွေးဖွားလာသော ကလေးသူ ငယ်တို့၏အဖြစ်သနစ်ကိုကြားကြားနေရသောအခါ ပြုသမျှနုနေရ မည့်လူမမယ်လေးများ၏အသက်ကိုပြန်ယူပေးမှဖြစ် မည်ဟုပြတ် သားစွာဆုံးဖြတ် ခဲ့သည်။

ဝိညာဉ်ဖမ်းစားခံရသောကလေးများ

မသန်မစွမ်းမွေးဖွားလာသော ကလေး များအား အကြမ်းဖက်လုပ်ဆောင်သည့်အချိန်ကာလကိုပြန်လည်တွက်ချက် မည်ဆိုပါကနှစ်ပေါင်း များစွာကြာခဲ့ပြီ။ ဒေသခံများကြား၌အထူးသဖြင့်ပြုလုပ်ကြသည်။ ထိုဒေသခံများအနက်အချို့သည် ခရစ်ယာန်များဖြစ်လာကြပြီးဖြစ်သည်။ အချို့ကားမွတ်စလင်ဘာသာ၀င်နှင့်အချို့ကားရိုးရာကိုသက်၀င်ယုံကြည်သူများ ဖြစ်ကြသည်။ ထိုသူတို့သည်ရိုးရာကိုစွန့်၍ဘာသာအသစ် တစ်ခုခုကိုသက်၀င်ယုံကြည်သည်ဆိုသော် လည်း ထိုရိုးရာအစဉ် အလာကိုမစွန့်နိုင်သေး။ အမြဲမဟုတ်သော် လည်းမကြာမကြာပြုလုပ်လေ့ရှိသည်။ မသန်မစွမ်းမွေးလာသော ကလေးများ သည်မကောင်းဆိုး၀ါး၊ ကျိန်စာသင့်သူဟုယုံကြည်နေကြပြီး၊ အကယ်၍ကလေးမိဘများကရိုးရာထုံး တမ်း များကိုလုပ်ရန် ဆန္ဒမရှိသော်လည်း ရွာ၊ ဒေသအတွင်းကပ်ဆိုးတစ်ခုခုဖြစ်ပွားပါကထိုမိသားစု၏တာ၀န်သာဖြစ်ကြောင်းများဖြင့်အမျိုးမျိုးဖိ အားပေးကြသည်။ ကလေးများသာမဟုတ်။ အသက်အရွယ်ရလာပြီးမှအကြားအာရုံပျက်စီးသွားခြင်း၊ စကား မပြော တတ်တော့ခြင်း၊ တက်သော ရောဂါဖြစ်လာခြင်း၊ ခြေဆွံလာခြင်း၊ ဦးနှောက်ရေတည်၍ခေါင်းယောင်ကိုင်းလာခြင်း စသော အ ခြေအနေများကိုလည်းကျိန်စာသင့်သူဟု သတ်မှတ်လိုက်ပြီး၊ ရိုးရာကိုင်သည်ဟုဆိုကာအမျိုးမျိုးလုပ် ကြံကာအဆုံးစီရင် ရန်သာဖိအားပေးကြသည်။ ဤအဖြစ်ဆိုးကိုမြင်ရ၊ ကြားရ၊ ကြုံနေရ သောကြောင့်လစ်လျူမရှုနိုင်၊ မခံစားနိုင်တော့ ၍လူတို့သည်ဘုရားသခင်ကိုလိုအပ်နေသည်၊ ကလေးများကိုလည်းဤအဖြစ်ဆိုးမှကယ်တင် ရန်လိုအပ်သည်ဟုဆုံးဖြတ်၍စတင်ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။

စိန်ခေါ်မူများ

ဤအမှုတော်ကိုစတင်လိုက်သည် နှင့်ကြုံတွေ့လိုက်ရသောပထမဦး ဆုံးသောစိန်ခေါ်မှုမှာ နေရာ ထိုင်ခင်းဖြစ်ပါ သည်။ သူတတ်နိုင်သ လောက်သောငွေကြေးအတိုင်း အတာဖြင့်ရွံ့ဖြင့်ဆောက်ထားသောအိမ်တစ်လုံးကိုမွတ်စလင်လူကြီး တစ်ဦးထံမှဌားရမ်းလိုက်သည်။ ထိုအိမ်သည် ပင်ချက်ချင်းနေထိုင်၍မရသေးဘဲ၊ မွမ်းမံပြင်ဆင်ပြီးမှသာကလေးများကို လက်ခံနိုင်ခဲ့သည်။ ကျန်စိုးရိမ်စရာတစ်ခုမှာရေရရှိရေးဖြစ်သည်။ ထိုအမှုတော်ကိုဖော်ဆောင်သော ဒေသသည်ရေပြဿ နာရှိပြီး၊ ယခုလည်းထိုပြဿနာရှိနေပြီး၊ နေ့စဉ်သုံးရန်အတွက်ရေကို၀ယ်သုံးနေရကြောင်း၊ စစွတာရ် ကိုယ်တိုင်ပင်လျှင်ရေများကိုခရီး ‌ေဝေးမှပလိုင်းဖြင့်လွယ်ပြီး၊ သူ့အလတွက်၊ ကလေးအတွက်သုံးရေ၊ သောက်ရေ၊ ချက်ပြုတ်ရေးအတွက်ခပ်ရကြောင်း၊ နောက်အခက်အခဲတစ်ခုမှာစစွတာရ်နှင့်လက်တွဲလုပ် ဆောင်မည့်၀န်ထမ်းများဖြစ်သည်။ အစပိုင်း၌ဤကလေးများကို ကိုယ် တိုင်ပြုစု စောင့်ရှောက်ချက်ပြုတ်ကျွေးမွေးခဲ့ရသည်။ ထို့အတူသူ့အနေဖြင့်လည်းသီလရှင်တစ်ပါးဖြစ်၍သူ၏ ၀ိညာဉ်ရေးဝတ္တရားကိုလည်း ဖြည့်ဆည်း ရကြောင်း၊ ယခုအခါသူ၏အသင်းမှအကူအညီများရရှိလာကြောင်း၊ ကလေးများသည်လုံလောက်သောသန့်ရှင်းသန့်ပြန့်မှုမရှိ၊ ၄င်းတို့သည်မကောင်းဆိုး၀ါးများဖြစ်သည်။ သူတို့ သည်မပြည့်စုံမှုအားလုံးရှိနေကြသူများဖြစ်သည်ဟုဆိုကြသည်။

လက်ရှိ၌မူဂေဟာသည်ဆေးခန်းတစ်ခုလိုအပ်နေကြောင်း၊ ဤဆေး ခန်းသည်ဂေဟာမှကလေးများအ တွက်သာမဟုတ်။ အနီးအနားရွာ များအတွက်လည်းလိုအပ်ကြောင်း၊ ဤမသန်စွမ်းကလေးများသက်တောင့်သက်သာပညာသင်ကြားနိုင်သောကျောင်းတစ်ကျောင်းလည်း လိုအပ်ကြောင်း၊ ဆိုလိုသည်မှာသန်စွမ်းသောကလေးသူငယ်များနှင့်သင်ကြားရသော အခါမသန်စွမ်းသောကလေးများအဖို့စိတ်ဓာတ်ရေးရာ၊ ဉာဏ်ရည် အဆင့်လည်းနှေးသောကြောင့်အလွန်ကြိုးစားရမည် ဖြစ်ကြောင်း၊ အချို့ကလေးများကိုမူကျောင်း၌လက်မခံကြပေ။ ဤအမှုတော်ကိုဖော်ဆောင် ရာ၌ အလွန်ခက်ခဲပါသည်။ သို့ သော်ချိုလွင်ရွှင်ပြသောကလေးတို့၏ မျက် နှာနှင့်၄င်းတို့၏ဉာဏ်ရည်ကိုကြည့် ၍ခွန်အားယူရကြောင်း၊ ၄င်းတို့အ တော်များများသည်အတန်းထဲ၌ ထူးချွန်ဆုများဆွတ်ခူးကြကြောင်း၊ ၄င်းတို့အတွက်ခက်ခဲသည်ကိုသိသော်လည်း ဤရုန်းကန်ကြိုး စားမှုဖြင့်တစ် နေ့ခေါင်းဆောင်များဖြစ်လာကြမည်၊ ထို့အတူအနာဂါတ်၌သူတို့ကိုယ်တိုင်ပင်အခြားသူများကိုပြန်လည် ကယ်တင်ပေးမည့်သူများဖြစ်ကြမည်။ အလွန်အလားအလာကောင်းသောကလေးများဖြစ်လာကြမည်။ စစွတာရ်အနေ ဖြင့်ဤကလေးများအတွက်သူ၏ အသက်တာကိုရိုးမြေကျ သည့် အထိဆက်ကပ်သွားမည်၊ ၄င်းတို့အတွက်အရာရာကိုစွန့် လွှတ်မည်၊ တတ်နိုင်သလောက်ပိုမိုလုပ်ဆောင်ပေးနိုင်ရန်ကြိုးစားမည်၊ သို့မှသာကလေးများအားအသက်ကိုပြန် လည်ရ ယူပေးနိုင်မည်၊ ကယ်တင်ပေးနိုင်မည်ဖြစ်သည်ဟုဆိုပါသည်။

ယဉ်ကျေးမူကြား၌ဧဝံဂေလိမျိုးစေ့ကြဲချခြင်း

ယဉ်ကျေးမူကြား၌ဧဝံဂေလိမျိုးစေ့ကိုကြဲချရာ၌ လိုလားမှုမရှိသည်ကိုများစွာကြုံတွေ့နေရသည်။ ၄င်းတို့အားဧဝံဂေတရားကို ဟော ပြော၍ ပိုမိုနားလည်လာစေရန်ကြိုးစား သည်။ ဤကလေးများသည်နတ် ဖမ်းစားခံထားရသူများမဟုတ် ကြောင်း၊ လူ (၁၅) ဦးကိုသတ်ဖြတ်ခဲ့သည် ဟုစွပ်စွဲခံထားရသော ကလေးတစ်ဦးအားဥပမာပြ၍ရှင်းပြခဲ့သည်။
ထိုကလေး မှာမိန်းကလေးလည်းဖြစ်ပြီး၊ စကားလည်းမပြောတတ်၊ အသက်မှာ လည်း (၅) နှစ်သာရှိ သေးသည်။ ရွာသားများသည်ထို ကလေးကိုစစွတာရ်ထံခေါ်လာကြသည်။ အဘယ်ကြောင့်ဆိုသော်ဤကလေးသည်စစွတာရ် ကိုအန္တရာယ်မပြုနိုင်ဟု ရွာသားများကယုံကြည်ကြသည်။ ဘုရားသခင်၏သန့်ရှင်းသောလက်တော်ဖြင့်ဖန်ဆင်းသော လူသည်မကောင်းဆိုးဝါးမဖြစ်နိုင်။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ရွှေပုံသဏ္ဍာန်တော်နှင့်တူအောင်ဖန် ဆင်းခံရသည်ဟုရှင်းပြခဲ့သည်။

ကိုဗစ် (၁၉) အကြပ်အတည်း

ကိုဗစ် (၁၉) ကြောင့်ဂေဟာသည် အတော်အကြပ်အတည်းနှင့်ကြုံရမည်ဟု ပြီးခဲ့သောလများက လူအလတော်များများမှတ်ထင်ထားခဲ့သည်။ အထူးသဖြင့်အလှူရှင်များ၏အကူအညီဖြင့်သာရပ်တည်နေရသောကြောင့်အလူရှင်များလာ ရောက်နိုင်တော့မည်မဟုတ်တော့ပေ။ ၄င်းအပြင်အိမ်ပြင်သွားလာခြင်းကိုမြစ်တားသည့်ဥပဒေကြောင့်ကလေးများလည်း ဂေဟာ၌သာစုပုံနေတော့မည်။ မသွား၍ရသော် လည်း၊ မစားဘဲမနေနိုင်ကြ။ ငွေ ကြေးပြေလည်သည်ဖြစ်စေ၊ မပြေ လည်သည်ဖြစ်စေ၊ ကျွေးရ၊ မွေးရ၊ ဆေး၀ါးကုသခြင်းကိုရပ်နားထား၍ မရ။ သို့သော်လည်းကောင်းမြတ်သောဘုရားသခင်ကို တိတ်တဆိတ်ဆုတောင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော်သူသည်အရက်ရောဆုံးအလှူရှင်ကြီးဖြစ်သည်။ တောင်းသော ဆုကားအစားအစာအတွက်အဓိကမဟုတ်ဘဲ။ ဤကပ်ရောဂါ ဆိုးကြီးအမြန်ဆုံးကင်းဝေးရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ကပ်ဘေးဆိုးကြီးသည်ကလေးများကိုသာမဟုတ်၊ ကမ္ဘာကြီးတစ်ခုလုံးကိုကိုင်လှုပ်နေသည်။ ထို့အတူဤကပ်ရောဂါဆိုးကာလ၌ဂေဟာမှကလေးများအစားအစာမပြတ်လတ်စေရန်အလှူရှင်များကိုစေလွှတ်ပေးရန်ဆုတောင်းခဲ့သည်။ စစွတာရ်အနေဖြင့် အမှန်တကယ်လိုအပ်နေသောကလေးများအားပြုစုစောင့် ရှောက်ထားနိုင်ရန်အကူအညီပေးကြ သူများအားကျေးဇူးတင်ပါကြောင်းနှင့်အခြားသူများ ၏လို အပ်ချက်ကိုဘယ်တော့အခါမျှလစ်လျူရှူမနေကြရန်အားပေးထားပြီး၊ ဤသို့ပြုလုပ်ခြင်းသည်အသွင်အမျိုးမျိုးဖြင့် လာသောယေဇူးသခင်အားငြင်းပယ်မိပေမည်။ ထို့အတူကျွန်ုပ်တို့၏လက်ဝါး ကပ်တိုင်ကိုလည်းငြင်းပယ်ရာရောက်ပေမည်။ ကျွန်ုပ်တို့သည်ယနေ့ခေတ်ယေဇူးသခင်၏လက်များ၊ ခြေများ၊ အသံများဖြစ်ကြသည်ဟုဖြေကြားသွားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/30tsp6J

Add new comment

2 + 3 =