ခွင့်လွှတ်ခြင်းမှနှစ်သိမ့်အားပေးခြင်းသို့

ခွင့်လွှတ်ခြင်းမှနှစ်သိမ့်အားပေးခြင်း

"ကျွန်ုပ်တို့ ပြောင်းလဲခြင်းရဲ့ဗဟိုဖြစ်တဲ့ အာပတ်ဖြေခြင်း စက္ကရာမင်တူးအားဖြင့် ခွင့်လွှတ်ခြင်းကို ခံယူပြီး ကျွန်ုပ်တို့ဟာ ပိုခွင့်လွှတ်တတ်လာကြတယ်။ ကျွန်ုပ်တို့ ခွင့်လွှတ်ခြင်းကို ခံရတာကြောင့်လည်း နာကျင်မှုနဲ့အတူဝမ်းနည်းပူဆွေး နေသူတွေကို နှစ်သိမ့် အားပေးရင်း စကားပြောဆွေးနွေးပေးနိုင်ပါတယ်။"

ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းတွေဟာ ရိုးစင်းပြီး အရမ်းကို လေးနက်လှပါတယ်။ ဒါကြောင့် သူ့ရဲ့ ညွှန်ကြားချက်တွေကို မကြာခဏ ဖတ်ပြီး ထောက်ရှုလိုက်တာနဲ့ အနည်းဆုံးတော့ တစ်ခုခုလုပ်ဖို့ အကြံရလာတယ်။ အဲဒါကတော့ ...

၁။ ကိုယ်အပြစ်ကို နှိမ့်ချစွာ ဝန်ခံပြီး အခွင့်ရတာနဲ့ အာပတ်ဖြေသွားမယ်။

၂။ ကိုယ့်ရန်သူတွေအကြောင်း စိတ်ထဲ ရန်ညှိးသိမ်းထားမယ့်အစား ဘုရားသခင်ဆီ အပ်နှံ ဆုတောင်းရင်း ခွင့်လွှတ်တတ်အောင် ကြိုးစားမယ်။

၃။ ကိုယ့်အနီးအနားမှာ ဒုက္ခရောက်နေသူ၊ နာကျင်မှုကို ခံစားနေရသူ၊ ဝမ်းနည်းပူဆွေးနေသူတွေကို နှစ်သိမ့်အားပေးမယ်။ ကူညီပေးမယ်။ ဆုတောင်းပေးမယ်။

Credit to Thang Ha SJ

#ပုပ်ရဟန်းမင်းကြီးဖရန်စစ် #PopeFrancis

#Lent #ဝါတွင်းကာလ #confession

https://bit.ly/38K3qBd  Pope Francis (Instagram)

Add new comment

4 + 0 =