ခြေထောက်နာနေခြင်းကြောင့် လူထုပရိတ်သတ်နှင့်တွေ့ဆုံပွဲတွင် ပုပ်ဖရန်စစ်ထိုင်လျက်ပင် တရားဟော

ခြေထောက်နာနေခြင်းကြောင့် လူထုပရိတ်သတ်နှင့်တွေ့ဆုံပွဲတွင် ပုပ်ဖရန်စစ်ထိုင်လျက်ပင် တရားဟော

ခြေထောက်နာနေခြင်းကြောင့် လူထုပရိတ်သတ်နှင့်တွေ့ဆုံပွဲတွင် ပုပ်ဖရန်စစ်ထိုင်လျက်ပင် တရားဟော

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ခြေထောက် နာကျင်နေခြင်းကြောင့်တနင်္လာနေ့တွင် Holy Land မှ ကိုယ်စားလှယ်အဖွဲ့ အား ဗာတီကန်၌ ထိုင်လျက်နှင့်ပင်တွေ့ဆုံခဲ့ပါတယ်။

"ခြေထောက်နာနေလို့ ထိုင်နေခြင်းအတွက် တောင်းပန်ပါတယ်" ဆိုပြီးတော့ The Holy Land မဂ္ဂဇင်းရဲ့ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်မှာ ကျင်းပတဲ့ သန့်ရှင်းသော နယ်မြေထိန်းသိမ်းမှုမှ ကိုယ်စားလှယ်အဖွဲ့တွေကို ပုပ်ရဟန်းမင်းကြီးက အားနာစကားဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးသည် ထိုင်နေရင်း ဧည့်သည်တော်တို့အား ၎င်း၏သဝဏ်လွှာကို ဖတ်ပြခဲ့တာပါ။ သန့်ရှင်းသော နယ်မြေကိုထိန်းသိမ်းစောင့်ရှောက်တဲ့အဖွဲ့ဟာ ဂျေရုဇလင်မြို့မှာရှိတဲ့ အရေးကြီးတဲ့ အရာတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ရသေ့ငယ်များအသင်းအဖွဲ့ ဖြစ်ပါတယ်။

၁၂၀၉ မှာ ဖရန်စ္စစကန်အသင်းဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ရဟန္တာစိန့်ဖရန်စစ်အာစီစီဟာ ၁၂၁၇ မှာလည်း သန့်ရှင်းသော နယ်မြေကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ
https://bit.ly/3AjDb19

Add new comment

15 + 4 =