ခြေဆေးခြင်းအခမ်းအနားကိုလုပ်ဆောင်ခဲ့ရခြင်း၏ ညွှန်ပြနေသည့်အတွင်းတရားမှာ ငါဆိုတဲ့အတ္တကိုဖယ်ထုတ်၍ အချင်းချင်းအစေခံတတ်စေရန်ဖြစ်သည်ဟု ဆရာတော်ကြီး မာကုတင်ဝင်းမြွတ်ကြား

ခြေဆေးခြင်းအခမ်းအနားကိုလုပ်ဆောင်ခဲ့ရခြင်း၏ ညွှန်ပြနေသည့်အတွင်းတရားမှာ ငါဆိုတဲ့အတ္တကိုဖယ်ထုတ်၍ အချင်းချင်းအစေခံတတ်စေရန်ဖြစ်သည်ဟု ဆရာတော်ကြီး မာကုတင်ဝင်းမြွတ်ကြား

ခြေဆေးခြင်းအခမ်းအနားကိုလုပ်ဆောင်ခဲ့ရခြင်း၏ ညွှန်ပြနေသည့်အတွင်းတရားမှာ ငါဆိုတဲ့အတ္တကိုဖယ်ထုတ်၍ အချင်းချင်းအစေခံတတ်စေရန်ဖြစ်သည်ဟု ဆရာတော်ကြီး မာကုတင်ဝင်းမြွတ်ကြား။

(14.4.2022)RVA Myanmar

ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ခရစ်ယာန်သာသနာအသီးသီးတွင် သန့်ရှင်းသော ရက်သတ္တပတ်၊ ကြာသပတေးနေ့ ကြီး၊သခင်ခရစ်တော်နောက်ဆုံးညစာစားပွဲတော်နှင့်ခြေဆေးခြင်းအခမ်းအနားမစ္ဆားတရားကိုလုပ်ဆောင်လျှက်ရှိနေကြပါသည်။ ထို့အတူ (၁၄.၄.၂၀၂၂) ရက်နေ့ ၊ ကြာသပတေးနေ့ ၊ ညနေ (၅း၃၀) နာရီက မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ရွှေနှလုံးတော်ဘုရားကျောင်းတွင်လည်း ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းဦးဆောင်ကာ ကြာသပတေးနေ့ကြီး အခမ်းအနား မစ္ဆားတရားတော်မြတ်ကို ပူဇော်ကျင်းပခဲ့ကြပါသည်။ 

မစ္ဆားတရားတော်မြတ်အတွင်း၌ ဆရာတော်ကြီးမာကုတင်ဝင်းမှ ဩဝါဒတရားရေအေးတိုက်ကျွေးရာ၌
‘’ ကြာသပတေးနေ့ ကြီးရောက်တိုင်း သတိရရမယ့်တရားက အလုပ်အကျွေးပြုခြင်း၊ မိမိ ငါ ကျွန်တော်ဆိုတာကို စွန့်ပြီး၊ ပေးလှူခြင်းတရားပဲဖြစ်ပါတယ်။ကိုယ့်အိမ်ကိုလာတဲ့မိတ်ဆွေရဲ့ခြေထောက်ကို ရေလောင်းဆေးပေးပြီး အဝတ်နဲ့သုတ်ပေးဖို့ဆိုတာ မလွယ်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သူတို့ခေတ်အခါက ဒီကိစ္စ ၊ ဒီအလုပ်က အိမ်မှာရှိနေတဲ့ ကျွန်တွေရဲ့ အလုပ်ဖြစ်တယ်။ အိမ်ရှင်သခင်တွေရဲ့အလုပ်မဟုတ်ဘူးဆိုတဲ့ အရိုးစွဲ ရှေးထုံးအစဉ်အလာြဖစ်တယ်။ အမှိုက်တွေကပ်၊ဖုန်တွေပေပွ ချွေးဆေးတွေနဲ့ရောပြီး ပွထနေတဲ့မိတ်‌ဆွေရဲ့ခြေထောက်ကို ဆေးဖို့ဆိုတာ သာမန်စိတ်ထားနဲ့ မလုပ်နိုင်ပါဘူး။ သခင်ခရစ်တော်ဘုရားက တပည့်တော်တွေရှေ့မှာ ဒူးတုတ်ထိုင်ပြီး မိမိကိုယ်ကို နှိမ့်ချကာ ငါဆိုတဲ့ အစွဲတွေကို ဖယ်ရှားပြီး မမောက်မာဘူး၊မာနမပါဘူး ၊ မိမိကို ရောင်းစားမဲ့ ၊ မိမိကိုပစ်ပြီး ထွက်ပြေးကြမယ့်၊ မိမိကို မသိဘူးဟုအကြိမ်ကြိမ်ငြင်းမယ့်  တပည့်တွေရဲ့ ခြေကိုဆေးတာ ၊ ဆေးပြီးတဲ့အခါမှာ ခြေထောက်ကို ခြောက်အောင်ပုဝါနဲ့သုတ်ပေးတော်မူခဲ့တာဖြစ်တယ်။ 
ခုနနေ ဆရာတော်ကလည်း  သာသနာအတွင်းမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားပြုပုဂ္ဂိုလ်တွေရဲ့ ခြေထောက်ကိုဆေးပေးတော့မှာ ဖြစ်တယ်။ ဒီဆေးပေးတဲ့ဆေးကြောခြင်းသည် အပေါ်ယံပြယုဂ်တစ်ခုသာဖြစ်တယ်။ သခင်ဘုရားက လူတွေနားလည်ပြီး မျက်စိထဲမှာ ကွင်းကွင်းမြင်အောင် ပြပေးတဲ့အပေါ်ယံတရားဖြစ်တယ်။တကယ် ညွှန်ပြနေတဲ့အတွင်းကတရားကတော့ အချင်းချင်းချစ်ကြပါ။ အချင်းချင်း ကူညီရိုင်းပင်းကြပါ။ အချင်းချင်းဖေးမကြပါ။ အချင်းချင်း ပေးဆပ်ကြပါ။ အစေခံကြပါ။ မာန မထောင်လွှားကြပါနဲ့။ တစ်ကိုယ်ကောင်းမဆန်ကြပါနဲ့။ စသည့်စသည့်တရားများကို လိုက်နာဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ရှင်‌ယောဟန်က “ ဤအကြောင်းအရာများကို သိ၍ လိုက်နာလုပ်ဆောင်သောသူသည် မင်္ဂလာရှိ၏  ”ဟုဆိုကာ ကြာသပ​တေးနေ့ကြီးတွင် သခင်ခရစ်တော်က တပည့်တော်ကြီးများ၏ ခြေကို ဆေးပေးရခြင်း၏ အဓိကပေးလို့သည့်တရားများကို   မြွက်ကြားတော်မူခဲ့ပါသည်။
မစ္ဆားတရားအပြီးတွင် ကိုယ်တော်မြတ်အားကျောင်းဆောင်ရွှေ့ခြင်းကိုလုပ်ဆောင်ခဲ့ပြီး အဖွဲ့လိုက်ဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ 
#rvamyanmar #rvapasyoralcare #localews #mundythursday #serviceofthelord #peace #love #servent

Add new comment

1 + 9 =