ချီလီမှကာဒီနယ် Jorge Medina ပျံလွန်

ချီလီမှကာဒီနယ် Jorge Medina ပျံလွန်

ချီလီမှကာဒီနယ် Jorge Medina ပျံလွန်

ချီလီနိုင်ငံမှ ကာဒီနယ် Jorge Medina သည် ရဟန်းမင်းကြီးဘက်နက်ဒစ် (ငြိမ်း) (၁၆) ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရကြောင်းကိုကြေညာခဲ့သူဖြစ်ပြီး သူသည် အောက်တိုဘာလ (၃) ရက်နေ့ကပျံလွန် သွားခဲ့သည်။

သူသည် Rancagua နှင့် Valparaiso ၏ဆရာတော်ဖြစ်သည်။ သူ့အား ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) က ကာဒီနယ်အဖြစ် (၁၉၉၈) ရွေးချယ်တင်မြောက်ခဲ့သည်။ သူသည် ဗာတီကန်အတွင်းအရေးကြီးအမှုတော်များစွာကိုထမ်း ဆောင်ခဲ့သည်။ အခြားသောအမှုများစွာအနက် (၂၀၀၅) ခုနှစ်မှစ၍ ရဟန်းမင်းကြီးရွေးချယ်ခံရသောသူ၏အမည်ကို လူထုပရိသတ်အားကြေညာသည့်အမှုလည်းပါသည်။

ကာဒီနယ်သည် သက်တော် (၈၀) ‌ကျော်ပြီဖြစ်၍ သူ၏ အသက်အရွယ် ဖြင့် ရဟန်းမင်းကြီးနေရာလစ်လပ်သွားခဲ့ပါလျှင် မဲပေးပိုင်ခွင့်မရှိတော့ပေ။ ယခုကာဒီနယ် Medina ပျံလွန်သွားသြည့်အတွက် ကာဒီနယ်စုစု ပေါင်း (၂၁၅) ပါးသာကျန်ပါတော့သည်။

ဘာသာပြန်ဆိုသူ။ ။ ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : 3OGiorni

https://bit.ly/3lgBWtL

Add new comment

5 + 6 =