ချီလီဆရာတော်ကြီးက ဘုရားကျောင်းဖျက်ဆီးမှုများကို ရှုတ်ချ

ချီလီဆရာတော်ကြီးက ဘုရားကျောင်းဖျက်ဆီးမှုများကို ရှုတ်ချ

ချီလီဆရာတော်ကြီးက ဘုရားကျောင်းဖျက်ဆီးမှုများကို ရှုတ်ချ

ချီလီနိုင်ငံမြို့တော် စန်တီယာဂိုဂိုဏ်းချုပ်ဆရာတော်ကြီးက ဘုရားကျောင်းနှစ်ကျောင်းကိုမီးရှို့ဖျက်စီးမှုများကို ရှုတ်ချကြောင်းနှင့် ဘုရားကျောင်းများကို ပြုပြင်ကြရန် ဘာသာတူများကိုအားပေးကြောင်း တနင်္ဂနွေနေ့တွင်ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၈ရက် တွင်မြို့တော်စန်တီယာဂိုရှိ St. Francis Bolgia ဘုရားကျောင်းနှင့် The Assumption of our Lady ဘုရားကျောင်းများကို မီးရှို့ခဲ့ကြသည်။ သက်တမ်းရင့် ဘုရားကျောင်းများဖြစ်ကြပြီး မယ်တော်သခင်မကျောင်းရှိ အမိုးချွန်မှာ မီးလောင်ကာ ပျက်စီးခဲ့ပြီး St.Francis ဘုရားကျောင်းကိုလည်း ပြန်လည်ပြုပြင်ရန် လိုအပ်သည်ဟုသိရသည်။

ဘုရားကျောင်းလောင်ကျွမ်းနေချိန်တွင် ဖျက်ဆီးသူများမှာ အောင်ပွဲခံခဲ့ကြသည်ဟုဆိသည်။ ဖျက်ဆီးသူများမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအကြောင်းပြ၍ အစိုးရကို ဆန့်ကျင်ခြင်းတစ်နှစ်ပြည့်အတွက် စုဝေးလာခြင်းဖြစ်သည်။အောက်တိုဘာအစောပိုင်းက ပို့ဆောင်ရေးရထားခများတိုးမြှင့်ခြင်းကြောင့် မကျေနပ်သောပြည်သူများသည် မညီမျှမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစျေးကြီးနေခြင်းတို့အတွက်ပါ ဆန္ဒပြခဲ့ကြသည်။

ဆရာတော်ကြီးက တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင်မူ အကြမ်းဖက်ခြင်းသည် ဆုံးရှုံးမှု၊ နာကျင်မှုကိုသာဖြစ်စေကြောင်း၊ ထို့ကြောင့် အကြမ်းဖက်ခြင်းကို ရှုံ့ချကြောင်းပြောကြားခဲ့သည်။

အခြားမြို့များမှ ပါဝင်လာသော ဆန္ဒပြသူများသည် ဘုရားကျောင်းများကို မီးရှို့ကာ မီးသတ်များကိုပင် အဝင်မခံခဲ့ပေ။ ထိုဖြစ်စဥ်ကြောင့် စျေးဆိုင်များနှင့်အဆောက်အအုံများစွာပျက်စီးပြီး လူပေါင် ၃၀ ထက်မနည်း သေဆုံးခဲ့သည်။ "ဒုက္ခအရောက်ရဆုံးသည် ဆင်းရဲသားများသာဖြစ်သောကြောင့် စာနာထောက်ထားကြရန်နှင့် မေတ္တာတရားဖြင့်သာ အရာရာကိုအောင်နိုင်ရန်၊ ကက်သလစ်တို့သည်လည်း ရန်ကိုရန်ချင်းမတုံ့နှင်းပဲ ဘုရားကျောင်းများကို အတူတကွ ပြုပြင်သွားကြမည်ဟု ချီလီနိုင်ငံ စန်တီယာဂိုဂိုဏ်းချုပ်ဆရာတော်ကြီးက အားပေးတိုက်တွန်းခဲ့သည်။ 

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: EWTN NEWS

https://bit.ly/37sIK0W

Add new comment

1 + 0 =