ချို့တဲ့နွမ်းပါးသူများအား အစားအစာနှင့်အိမ်ယာများစီမံပေးမည့်အစိုးရ၏ အစီ အ စဉ်အတွက်အမေရိကန် ကက်သ လစ် ဆရာတော်ကြီးများကြိုဆို

ချို့တဲ့နွမ်းပါးသူများအား အစားအစာနှင့်အိမ်ယာများစီမံပေးမည့်အစိုးရ၏ အစီ အ စဉ်အတွက်အမေရိကန် ကက်သ လစ် ဆရာတော်ကြီးများကြိုဆို

ချို့တဲ့နွမ်းပါးသူများအား အစားအစာနှင့်အိမ်ယာများစီမံပေးမည့်အစိုးရ၏ အစီ အ စဉ်အတွက်အမေရိကန် ကက်သ လစ် ဆရာတော်ကြီးများကြိုဆို

မကြာမီက အမေရိကန်အစိုး ရ၏ ချို့တဲ့နွမ်းပါးသူများအား အစား အစာနှင့်အိမ်ယာများစီမံပေး၍ အကာအကွယ်ပေး ရေးတိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေငြာချက်ကိုအမေရိကန်ကက်သလစ်ဆရာတော်ကြီးများကကြိုဆိုလိုက် သည်။

ကိုဗစ်ကူးစက်ရောဂါကြောင့်အစား အစာနှင့်အိမ်ယာမဲ့ဦး ရေ (၁၅) ရာခိုင်နှုန်းတိုးလာကြောင်း၊ ဤသို့ကူညီရာတွင် ၀င်ငွေနည်းပါးသောမိသားစုများနှင့်ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများမစီမံနိုင်သောမိသားစုများလည်းပါ၀င် ကြောင်း၊ ဤထောက်ပံ့ကူညီမူကို (၂၀၂၁၊ မတ်လ၊ ၃၁) ရက်နေ့အထိတိုးမြင့်သွားမည်ဖြစ်ကြောင်းပါရှိပါသည်။

ကိုဗစ်ကြောင့်အတိဒုက္ခရောက်နေသောပြည်သူများ ၏အ‌ရေးပေါ်လိုအပ်ချက်ကို ယခုကဲ့သို့ကူညီပေးသည့်အ တွက်အထူးကျေးဇူးတင်ရှိပါကြောင်း၊ လျော့ချပေးနိုင်သောအခွန်များကိုလျော့ချပေးခြင်း၊ ကင်းလွှတ်ခွင့်ပေးခြင်းသည် အ ပြုသဘောဆောင်သောလုပ်ရပ်ဖြစ်ကြောင်း၊ ဤသို့စီစဉ်ပေးခြင်းသည် အမေရိကန်မိသားစုကိုစောင့်ရှောက်မှုပေးနေခြင်း ဖြစ်ကြောင်း၊ အမေရိကန်မိသားစုအတော်များများသည် အိမ်ခွန်များမပေးနိုင်ဖြစ်နေကြသည်။ ထို့ကြောင့်အိမ်များစွန့်လွှတ် ရတော့မည့်အခြေအနေမျိုးနှင့်လည်းကြုံတွေ့နေရသည့်မိ သားစုများစွာရှိကြောင်း၊ အိမ်မဲ့ယာမဲ့ဦးရေတိုးလာပါက ဤကူး စက်ရောဂါကြောင့် အသိုင်း အဝိုင်းအတွက်ပို၍ အန္တရာယ်ဖြစ်လာစေကြောင်းဂိုဏ်းချုပ်ဆရာတော် Coakley ကပြော ကြားခဲ့သည်။

ယခုကဲ့သို့ကိုဗစ်ကူးစက် ရော ဂါကြောင့်အလုပ်လက်မဲ့ဖြစ်ကြရသူများ၊ ၀င်ငွေနည်းပါးသွားရသူများ၊ စား၀တ်နေ ရေးကြပ်တည်းသောမိသားစုများအားထောက်ပံ့ကူညီပေးခြင်းသည်အမှန်တကယ်လို အပ်သူများအားကူညီပေးခြင်းဖြစ် ကြောင်းဂိုဏ်းချုပ်ဆရာ တော်ကဆက်လက်မှတ်ပြုခဲ့သည်။

နောက်ဆုံးအနေဖြင့် ဂိုဏ်း ချုပ် ဆရာတော်ကလက်ရှိအရေး ပေါ်ကာလ၌ရံပုံငွေနှင့်ပတ်သက်၍ချို့တဲ့သူများ၊ အ ကာအကွယ်မဲ့နေသူများအားဦးစားပေးလုပ်ဆောင်ရန်၊ လူတိုင်း၏အခြေ ခံလူ့အခွင့် အ ရေးဖြစ်သည့် ကျန်းမာရေးနှင့်ညီညွှတ်သောလုံလောက်သည့်အာဟာရနှင့်အိမ်ယာများရရှိ ရေးတို့သည် အမိ ကက်သလစ်သာသနာတော်ကြီး၏လူမူရေးဆိုင်ရာသွန်သင်ချက်များဖြစ် ကြောင်းဖြစ်လည်းထောက်ပြပြောဆိုထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2MqM5Fk

Add new comment

1 + 10 =