ချမ်းသာရွာတွင် ကက်သလစ် ဘုန်းတော်ကြီး ကျောင်းအား ဝင်ရောက်စစ်ဆေးပြီး ဘုန်းတော်ကြီး ၆ ပါး အား ဖမ်းဆီးခေါ်ဆောင်

ချမ်းသာရွာတွင် ကက်သလစ် ဘုန်းတော်ကြီး ကျောင်းအား ဝင်ရောက်စစ်ဆေးပြီး ဘုန်းတော်ကြီး ၆ ပါး အား ဖမ်းဆီးခေါ်ဆောင်

မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စစ်ကိုင်းတိုင်း၊ ရေဉီးမြို့နယ်၊ ချမ်းသာရွာတွင် ဂျွန်လ ၁၂ ရက် ည၌ စစ်ကား ၈ စီး ၀င်ရောက်လာပြီး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၊ ကက်သလစ်ဘုန်းတော်ကြီးကျောင်း နှင့် သီလရှင်ကျောင်းအား ဝင်ရောက်စစ်ဆေးခဲ့ပြီး အလည်အပတ်ကြွရောက်နေသော အာဂန္ဓု ဘုန်းတော်ကြီး ၆ ပါးနှင့် ဘာသာဝင်အမျိုးသား တစ်ဉီးအား ခေါ်ဆောင်သွားပါသည်။ ရွာသားအချို့လည်း နီးစပ်ရာသို့ ညတွင်း ချင်းတိမ်းရှောင်ခဲ့ကြောင်း

နှင့် ထိုအထဲတွင် မကျန်းမာသူများလည်းပါ၀င်ကြောင်း

ဂျွန်လ ၁၃ ရက် တနင်္ဂနွေနေ့ နေ့လည် ပိုင်းတွင်တော့ ဘုန်းတော်ကြီးများမှာ မိမိတို့သတင်းသုံးသည့်ကျောင်းများသို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့ ကျောင်းထိုင်ဘုန်းတော်ကြီးမှ အတည်ပြုပြောကြားထားပါတယ်။

အဆိုပါကိစ္စရပ်သည် သတင်းမှားပေးမှုကြောင့်ဖြစ်ကြောင်း၊ ချမ်းသာ ရွာရှိ ဗုဒ္ဓဘာသာ ဘူန်းတော်ကြီးကျောင်းနှင့် ကက်သလစ်ခရစ်ယာန် ဘုန်းကြီးကျောင်းတွင် လွှတ်တော်အမတ်အား ခိုလှုံခွင့်ပြုထားသည်ဆိုသည့် သတင်းမှားကို တဉီးတယောက်မှ မှားယွင်းတိုင်ကြားသတင်းပို့ ခြင်း ကြောင့် ၀င်ရောက်စစ်ဆေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တိမ်းရှောင်သည့် ရွာသူရွာသားအချို့လည်း ဂျွန် ၁၃ ရက် နံနက်ပိုင်းမှာရွာသို့ ပြန်လည်ရောက်လာကြပြီဖြစ်ပါတယ်ရှင့်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

ရေဦး မြို့နယ် ချမ်းသာ ကျေးရွာ ကောင်းကင်ဘုံပင့်ဆောင်ခြင်းခံရသော မယ်တော် သခင်မသာသနာနယ် ကက်သလစ်ဘုန်းတော်ကြီးကျောင်းတွင်

အာဂန္ဓု အဖြစ် ရောက်ရှိနေသော မန္တ‌လေး သာသနာဘုန်းတော်ကြီးများ ဖမ်းစီး ထိမ်းသိမ်းခံရမှုနှင့်ပတ်သက်ပြီး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အချိန်နှင်းတပြေးညီသတင်းမထုတ်ပြန် ပေးနိုင်ခဲ့သည့်အတွက် တောင်းပန်ပါသည်။

ချမ်းသာရွာကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ရစ်ချက် ကျော်မျိုးလှိုင်မှ ဘုန်းတော်ကြီးများ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းအတည်ပြုပြောကြားပါသည်။ စိတ်ပူစွာ ဆုတောင်းပေးကြသော ဘာသာဝင်များ၊ မိတ်ဆွေများ အာဗီအေ ပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ပါသည်။

ဘုရားသခင်အားကျေးဇူးတင်ပါသည်။

#RVAMyanmar #PeaceandJustice #AssumptionChurch #ArchdioceseofMandalay #PrayforMyanmar #Priest #Monastery

 

#RVAMyanmar #PeaceandJustice #AssumptionChurch #ArchdioceseofMandalay #PrayforMyanmar #Priest #Monastery

Add new comment

1 + 8 =