ချမ်းသာကုန်း ကိုးရ ဆုတောင်းပြည့်မယ်တော်ထံသို့ သွားရောက်ဆုတောင်းရင်း သိုးစုများအားလည်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည့် မန္တလေး ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးမာကုတင်ဝင်း ။

ချမ်းသာကုန်း ကိုးရ ဆုတောင်းပြည့်မယ်တော်ထံသို့ သွားရောက်ဆုတောင်းရင်း သိုးစုများအားလည်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည့် မန္တလေး ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးမာကုတင်ဝင်း ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါအား အမြန်ဆုံးထိန်းချုပ်ကုသနိုင်ရန် ချမ်းသာကုန်း ကိုးရ ဆုတောင်းပြည့်မယ်တော်ထံသို့ သွားရောက်ဆုတောင်းရင်း သိုးစုများအားလည်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည့် မန္တလေး ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးမာကုတင်ဝင်း ။
(၉.၄.၂၀၂၀)

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးမာကုတင်ဝင်းသည် (၈.၄.၂၀၂၀) ရက်နေ့က ချမ်းသာကုန်း ရှိ မိဘမဲ့ကလေးများကျောင်းသို့သွားရောက်ခဲ့ကြောင်း ဆရာတော်အား ကားမောင်းလိုက်ပို့ပေးခဲ့သည် ကက်သီဒြယ်သာသနာအုပ်စုမှ U Vicent ၏ ပြောပြချက်အရသိရှိရပါသည်။ ဆရာတော်ကြီးသည် မိဘမဲ့ကလေးများအား လက်ဆေး ဆပ်​ပြာများ၊ အာဟာရမုန့်များ နှင့် Mask တို့ကို ကလေးငယ်များအတွက် ဝယ်သွားပေးခဲ့တယ်လို့လည်းသိရှိရပါသည်။ အဲ့ဒီနောက် ဆရာတော်ကြီးသည် ချမ်းသာကုန်းကျေးရွာအတွင်းရှိ ဘာသာတူများအား လိုက်လံ့အားပေး ကြည့်ရှု့ခဲ့တယ်လို့ သိရှိရပါသည်။
ဆရာတော်ကြီးအား ယခုလို လှည့်လည် သွားရောက်ကြည့်ရှု့ရခြင်းကို မေးမြန်းကြည့်ရာ ဆရာတော်က '' ချမ်းသာကုန်း မယ်တော်ထံသို့ ရောဂါကပ်ဆိုး ကြီး အား အမြန်ဆုံး ထိန်းချုပ်ကုသနိုင်ရန်အတွက် သွားရောက်ဆုတောင်းရင်း မိဘမဲ့ ကျောင်းနှင့် ရွာထဲသို့ လည့်လှည့် အားပေးကြည့်ရှု့ခဲ့ခြင်း ဖြစ်တယ်လို့ " ပြောပြခဲ့ပါသည်။

(၉.၄.၂၀၂၀) ရက်နေ့တွင် ဆရာတော်ကြီးမှ စိန့်ဂျွန်း ၊ စိန့်ဇေးဗီးယား ၊ စိန့်ဂျိုးဇက် သာသနာအုပ်စုမှ သိုးစုများဆီသို့ သွားရောက်ခဲ့ပါသည်.။ ဆရာတော်ကြီးသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကပ်ဆိုးကြီးကြောင့် အိမ်တွင်နေထိုင်နေရသော မိသားစုများအား လှည့်လည်၍ အားပေးစကားပြောကြားခြင်း ၊ ကျန်းမာရေး အသိပညာပေးစကားများပြောကြားခြင်း ၊ ကောင်းချီးပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ဆရာတော်ကြီးသည် အသက်ကြီး ဘိုးဘွားများ ရှိသည့် အိမ်များအတွင် မိမိတို့၏ မိဘ ဘိုးဘွားများကို သေချာစွာ ပြုစုစောင့်ရှောက်ပေးကြရန် တိုက်တွန်းမှာကြားနေတာကိုလည်းတွေ့ရှိရပါသည်။ဆရာတော်ကြီးသည် စိန့်ဇေးဗီးယား သာသနာအုပ်စုသို့ရောက်သောအခါ၌လည်း ဗေလန်ကန်နီ ကျန်းမာခြင်း မယ်တော်သခင်မထံ ဆုတောင်းနေတာကိုလည်း တွေ့ရှိရပါသည်။ ဆရာတော်ကြီး သည် ယခုကဲ့သို့ သိုးစုများရှိရာသို့ သွားရောက်အား ပေးကြည့်ရှု့ခြင်းအား မည်သူ့ကိုမှ ကြိုတင်အကြောင်းကြားထားခြင်းမျိုးမဟုတ်ဘဲ လျှပ်တပျက်သွားရောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။
Photos News by- Pinky

Add new comment

6 + 4 =