ချမ်းသာကုနး်စိပ်ပုတီးမယ်တော်သခင်မပွဲ

ချမ်းသာကုနး် ကိုးရစိပ်ပုတီးမယ်တော်ပွဲတော်ကို ဒုတိိယကမ္ဘာစစ်မဖြစ်မှီ
ကတည်းက ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။ထိုစဉ်ကတည်းက ချမ်းသာကုန်းကိုးရစိပ်ပုတီးမယ်တော်ဟု
နာမည်ကျော်ကြားခဲ့ပါသည်။ယနေ့အချိန်တွင် ချမ်းသာကုန်း စိပ်ပုတီးမယ်တော်ထံ မြန်မာတစ်နိုင်ငံလုံးမှ ဘုရားဖူးများနှင့်
စည်ကားလျှက်ရှိခဲ့ပါသည်။တစ်နှစ်ထက်တစ်နှစ်ပိုမိုစည်ကားလာပါသည်။ မယ်တော်ကို သဒ္ဓါကြည်ညို၍ မယ်တော်မှတဆင့်
သခင်ခရစ်တော်ထံကြားဝင်တောင်းလျှောက်ပေးမှုကြောင့် ဆုတောင်းပြည့်ခဲ့၍ မယ်တော်ပွဲတိုင်း လာရောက်ဖြစ်ခဲ့သူအချို့ကလည်း
သက်သေခံဝေမျှမှုများလည်း ရှိခဲ့ပါသည်။စိပ်ပုတီးမယ်တော်ပွဲတော်နှင့်အတူ ကိုရင်သုံးအားလည်း မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ
ပိုင်ဆရာတော်ကြီး နီကောလာစ်းမန်ထန်းလက်တော်မှ ဦးပဥ္စင်းသိက္ခာကိုပေးအပ်ခဲ့ပါသည်။မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ Deacon Raymond ,
Deacon Patrick နှင့် Dominican အသင်းဂိုဏ်းမှ Decaon Anthony တို့သည် အောက်တိုဘာလ (၂၄)ရက်နေ့က ဦးပဥ္စင်းကြီးများအဖြစ်သို့ရောက်ရှိခဲ့ကြ
ပြီဖြစ်ပါသည်။

Add new comment

2 + 0 =