ချစ်သူများနေ့၌ အီတလီနိုင်ငံမှစေ့စပ်ထားသော မောင်နှံများ စိန့်ဗာလင်တိုင်း၏ကောင်းကြီးကိုခံယူခဲ့ကြ

ချစ်သူများနေ့၌ အီတလီနိုင်ငံမှစေ့စပ်ထားသော မောင်နှံများ စိန့်ဗာလင်တိုင်း၏ကောင်းကြီးကိုခံယူခဲ့ကြ

ချစ်သူများနေ့၌ အီတလီနိုင်ငံမှစေ့စပ်ထားသော မောင်နှံများ စိန့်ဗာလင်တိုင်း၏ကောင်းကြီးကိုခံယူခဲ့ကြ

            အီတလီနိုင်ငံ၊ ရောမနှင့်မ‌ဝေးလှသော Terni မြို့၌ စေ့စပ်ထားသောမောင်နှံအတွဲ (၄၀) သည် စိန့်ဗာလင်တိုင်းဘာစီးလီကာ၌ ချစ်သူများနေ့ကိုကြိုဆိုဂုဏ်ပြု သောအားဖြင့် အထူးကောင်းကြီးကိုခံယူခဲ့ကြသည်။

Terni မြို့ကို အီတလီနိုင်ငံ၌ ‘ချစ်သူများ၏မြို့’ ဟုတင်စားထားသည်။ အဘယ်ကြောင့်ဆိုသော် (၄) ရာစုမှစ၍ ဖေ ဖော်၀ါရီလ (၁၂ -၁၄) ရက်အထိကို ချစ်သူများနေ့သမိုင်းကို မွေးဖွားလာစေခဲ့သူ စိန့်ဗာလင်တိုင်းနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့ကြသည်။ ထိုပွဲနေ့ကို ချစ်သူစုံတွဲများသာ ကျင်းပကြသည်မဟုတ်ဘဲ တစ်မြို့လုံးလည်း အဆိုပါဓမ္မအာဇာနည်ကြီးအားဂုဏ်ပြုသောအားဖြင့် မစ္ဆားတရားပူဇော်ခြင်း၊ ဓမ္မအာဇာနည်ကြီး၏ ဓာတ်တော်များကိုပင့်ချီ ၍ စီတန်းလှည့်လည်ခြင်းများလည်း ကျင်းပကြသည်။ ထို့အတူ အစဉ်အလာအရ စေ့စပ်စုံတွဲများအားအထူးကောင်းကြီးပေးသည့် အစီအစဉ်များလည်းရှိသည်။     

            စေ့စပ်ထားသော မောင်နှံတို့သည် Terni မြို့မှသာမဟုတ်။ အီတလီတစ်နိုင်ငံလုံးမှ ဤအခမ်းအနားတွင်ပါ၀င်ရန် ဆန္ဒရှိသူများအားလုံးလာနိုင်သည်။ အထူး ကောင်းကြီးကို သာသနာပိုင်ဆရာတော်ဖြစ်သော Francesco Soddu ကပေးခဲ့သည်။ ယခုကဲ့သို့ပါ၀င်ခြင်းနှင့်ပတ်သက်၍ ကက်သလစ်ရုပ်သံလွှင့်ဌာနတစ်ခုဖြစ်သော EWTN ၏မေးမြန်းချက်ကိုဖြေကြားရာတွင် ဤကောင်းကြီးမဂ်လာကိုလာရောက်ခံယူရခြင်းမှာ လက်ထပ်ပြီးသောအခါ ဘုရားကောင်းကြီးတော်ဖြစ်သည့် သားသမီးရတနာများရရှိရန်ဖြစ်ကြောင်းဖြေကြားခဲ့ကြသည်။

            စိန့်ဗာလင်တိုင်းသည် Terni မြို့အားမှိုင်းမသောရဟန္တာဖြစ်သည်။ သူသည် ရောမမြို့သို့မကြွလာစဉ်က Terni မြို့၏ ဆရာတော်ဖြစ်နိုင်ချေရှိခဲ့သည်။ ထိုစဉ်က ခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက်မှု လွန်စွာဆိုးရွားနေသောအချိန်ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ စိန့်ဗာလင်တိုင်းသည် အချိန်အတော်ကြာ အကျဉ်းကျခံခဲ့ရပြီး နောက် ရိုက်ပုပ်နှိပ်စက်ခံကာ နောက်ဆုံး၌ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လက်ထပ်ထိမ်းမြှားခြင်းသည် စက္ကရာမင်တူးတစ်ပါးဖြစ်သော်လည်း ရောမစစ်သားတို့သည် လက်ထပ်ခွင့်မပြုပေ။ အစဉ်အလာရ ဖေဖော်၀ါရိ (၁၃) ရက်နေ့သည် ‘ကတိသစ္စာပြုသောနေ့’ ဟုသတ်မှတ်သည့်အတိုင်း ထိုနေ့၌ မစ္ဆားတရား ပူဇော်ကြပြီး၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းလည်းရှိသည်။ တစ်မြို့လုံးသည်လည်း မိုးချုပ်သည်နှင့်အသင့်ဆင်ထားသော အသဲနှလုံးပုံမီးလုံးများကိုထွန်းညှိကြသည်။ မစ္ဆား ပူဇော်ပြီး၍ ဘုရားကျောင်းမှထွက်လာသော စေ့စပ်စုံတွဲများအား စိန့်ဗာလင်တိုင်းကဲ့သို့၀တ်ဆင်ထားသော သူတစ်ဦးက ဘုရားကျောင်းထွက်ပေါက်၌ရပ်လျှက် မကြာမီ အိမ်ထောင်သည်ဘ၀ရောက်ကြတော့မည့် စေ့စပ်စုံတွဲတို့အား နုတ်ဆက်ပြီး၊ ပန်းရောင်နှင်းဆီကိုကမ်းပေးလေ့ရှိသည်။

            အန်ဒရေးယာသည် Terni မြို့ခံဖြစ်သည်။ သို့သော် ယခုအခါ ပြင်သစ်နိုင်ငံ၌နေထိုင်လျှက်ရှိသည်။ သူ၏ချစ်သူမှာ ရုရှားသူဖြစ်ပြီး ဩသိုဒေါ့စ်ခရစ်ယာန်ဘာသာ ၀င်ကိုလည်းခေါ်လာခဲ့သည်။ ဤသို့ဖြင့် ကက်သလစ်သာသနာတော်ကြီးနှင့်မိတ်ဆက်ပြီးသားဖြစ်သွားသည်ဟုဆိုပါသည်။ များစွာသောကောင်းကြီးသည် အနည်းငယ် သောကောင်းကြီးထက်ပိုကောင်းသည်။ သူ၏ချစ်သူ Olga ကလည်း ကောင်းကြီးသည် သူ့အတွက်အလွန်အရေးကြီးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏လက် ထပ်ထိမ်းမြှားခြင်းကို ပို၍လေးနက်မှု၊ ယုံကြည်မှုကိုပေးကြောင်း၊ ဘုရားသခင်၏ဘုန်းတန်ခိုးတော်နှင့်ယှဉ်လျှင် လူတို့၏အစွမ်းသည် ဆိုဖွယ်ဘာမျှမရှိကြောင်း EWTN သတင်းဌာနသို့ဖြေကြားခဲ့သည်။ အန်ဒရေးယာကလည်း ၄င်းတို့သည် ကောင်းသော၊ အလွန်ခိုင်မာသောဇနှီးမောင်နံဖြစ်ရန်၊ ၄င်းတို့၏အိမ်ထောင်သက်သည် ရှည်ကြာ စေကြောင်းနှင့်မိသားစုကြီးကိုတည်ဆောက်နိုင်ပါစေရန်ဆုတောင်းကြောင်းဖြေကြားခဲ့သည်။ အန်ဒရေးယာအနေဖြင့် Olga အားသက်ဆုံးတိုင်ချစ်စေရန်ဆုတောင်း ကြောင်းပြောလိုက်သောအခါ ဤကောင်းကြီးသည် ထပ်၍ဆုတောင်းရန်မလိုတော့ကြောင်း၊ ပြည့်နေပြီဖြစ်ကြောင်း အချင်းချင်းကျီစားရင်းဖြေကြားသွားခဲ့ကြသည်။      

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3gTS80I

Add new comment

2 + 0 =