ချစ်ခြင်းမေတ္တာလုပ်ငန်းများဖြင့်အထူးဆက်ကပ်သည့် Knights of Columbus အဖွဲ့အစည်းအား ပုပ်ဖရန်စစ်ချီးမွမ်း

ချစ်ခြင်းမေတ္တာလုပ်ငန်းများဖြင့်အထူးဆက်ကပ်သည့် Knights of Columbus အဖွဲ့အစည်းအား ပုပ်ဖရန်စစ်ချီးမွမ်း

ချစ်ခြင်းမေတ္တာလုပ်ငန်းများဖြင့်အထူးဆက်ကပ်သည့် Knights of Columbus အဖွဲ့အစည်းအား ပုပ်ဖရန်စစ်ချီးမွမ်း

ဇန်နဝါရီလ ၁၀ရက်နေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်၌ Knights of Columbus ဟူသည့် အဖွဲ့အစည်းအား တွေ့ဆုံကာ ချစ်ခြင်းမေတ္တာလုပ်ငန်းများဖြင့် အထူးဆက်ကပ်လုပ်ဆောင်လျက်ရှိသော ယင်းအဖွဲ့အစည်းအားချီးမွမ်းကာ အဖွဲ့၏ အကြီးအားနုတ်ဆက်ခဲ့ပါသည်။
အထက်ပါအဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကက်သလစ် မိသားစု ဖြစ်ပြီး Roma မြို့တွင်ချစ်ခြင်းမေတ္တာလုပ်ငန်းများလုပ်ဆောင်ခြင်း နှစ်၁၀၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပနေခြင်းဖြစ်ပါသည်။
ပထမကမ္ဘာ့စစ်ပွဲ၏ ရလာဒ်ဆိုးအဖြစ် ပဋိပက္ခ များဖြစ်ပွားမှုကြောင့် ၁၅ ဆက်မြောက် ပုပ်ဘယ်နဒစ် အရှင်သူမြတ်၏ ခေါ်ဆောင်မှူဖြင့်လူငယ်များအား အကူအညီပေးရန်အတွက် ရောမမြို့သို့ရောက်ရှိလာကြပြီး လူငယ်များအတွက် အားကစားစင်တာ စတင်ပြုလုပ်ပေးခြင်း ပညာရေး၊ ဘုရားစကားသင်ကြားခြင်း၊ အစားအသောက်ဝေငှခြင်းနှင့် တစ်ခြားလိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ပံ့ပိုးကူညီ ခဲ့ကြသည့် Knights အဖွဲ့အစည်းအား အရှင်သူမြတ်က အထူးကျေးဇူးစကားဆိုခဲ့ပါသည်။
အဖွဲ့အစည်းနှင့် မိသားစု များအတွက် မယ်တော်၏ကြားဝင်ပန်ကြားခြင်းဖြင့် ၄င်းက ဆုတောင်းပေးနေမည်ဖြစ်ကြောင်းကိုလည်းအရှင်သူမြတ် ပုပ်ဖရန်စစ်က မြွက်ဆိုခဲ့ပါသည်။

News Credit: Vatican News 

ဗာတီကန်သတင်း
By Sr Lucia Thandar Aung,SJA

 

https://www.vaticannews.va/en/pope/news/2020-02/pope-praises-knights-of-columbus-for-charity-devotion-to-peter.html

Add new comment

5 + 12 =