ချစ်ခြင်းမေတ္တာနှင့်သနားကြင်နာမှုတို့အတွက် ဘုရားရှင်မွေးဖွားလာခြင်း

၂၇ကြိမ်မြောက် ကရုဏာရေး ဖျော်ဖြေပွဲတွင် ရဟန်းမင်းကြီးမှ ဖျော်ဖြေရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်

ချစ်ခြင်းမေတ္တာနှင့်သနားကြင်နာမှုတို့အတွက် ဘုရားရှင်မွေးဖွားလာခြင်း
ဒီဇင်ဘာလ ၁၃၊၂၀၁၉

ကမ္ဘာတစ်ဝန်းရှိပညာရေးလိုအပ်ချက်များထောက်ပံ့ရန်အတွက် ဆလေးရှင်း သာသနာပြုအသင်းဂိုဏ်း နှင့် ရဟန်းမင်းကြီးရုံးတော် ကက်သလစ်သာသနာ ပညာရေး အဖွဲ့အစည်းတို့မှကြီးမူးပြီး ဗာတီကန်တွင် ပူးပေါင်းပြုလုပ်သော ၂၇ကြိမ်မြောက် ကရုဏာရေး ဖျော်ဖြေပွဲတွင် ရဟန်းမင်းကြီးမှ ဖျော်ဖြေရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်းတွင် ဂုဏ်သိက္ခာမဲ့နေသူများ၊ မျှော်လင့်ချက်မဲ့နေသူများ၊ အပယ်ခံများ၊ စွန့်ပစ်ခံဘဝများကို ဂုဏ်သိက္ခာပြန်လည်တိုးတက်လာစေရန် ဘုရားရှင်သည် နွားစားခွက်၌ နှိမ့်ချစွာလူအဖြစ်ခံယူခြင်း၊ ချစ်ခြင်းမေတ္တာနှင့် နူးညံ့သိမ်မွေ့မှု တို့ဖြင့်စတင်ခဲ့ခြင်းဖြစ်ကြောင်း၊

ခရစ်စမတ်သည် ချစ်ခြင်းမေတ္တာ၊ငြိမ်းချမ်းခြင်း လွတ်လပ်မှုနှင့်တရားမျှတခြင်းစသည့် ကျွနုပ်တို့နှလုံးသားမှဆာလောင်တောင်းတ‌နေသောအရာများကို မျှော်လင့်ရာအချိန်ကာလဖြစ်တယ်၊ ထိုအရာတွေကိုဖြည့်ဆည်းပေးဖို့ ဘုရားရှင်ဟာကျွနုပ်တို့ဆီကိုကြွလာခြင်းဖြစ်တယ်၊ ဒါကြောင့်သင်တို့အနုပညာသမားများအနေနှင့် သင်တို့၏သီချင်းသံစဉ်များဖြင့် လူတို့၏နှလုံးသားများကိုနိုးထစေအောင်ဖော်ဆောင်ပေးကြပါ။

ချစ်ခြင်းမေတ္တာနှင့်သနားကြင်နာမှုတို၏ လှုံ့ဆော်မှုသည် စွန့်ပစ်ခံဘဝများအတွက် ဂုဏ်သိက္ခာ နှင့် မျှော်လင့်ချက်များ ပေးစွမ်းနိုင်ကြောင်းနှင့် ညီအကိုမောင်နှမစိတ်ဓါတ်များပြည့်ဝသောကမ္ဘာကြီးကို တည်ဆောက်ကြဖို့ရဟန်းမင်းကြီးမှတိုက်တွန်းအားပေးခဲ့ပါသည်။
https://bit.ly/38P5AOu
#rvamyanmarservice

Add new comment

6 + 1 =