ချင်းမိုင်သာသာနာ၏ ဆရာတော် (ငြိမ်း) Joseph Sangwan Surasang ပျံလွန်

ချင်းမိုင်သာသာနာ၏ ဆရာတော် (ငြိမ်း) Joseph Sangwan Surasang ပျံလွန်

ချင်းမိုင်သာသာနာ၏ ဆရာတော် (ငြိမ်း) Joseph Sangwan Surasang ပျံလွန်

 

သာသနာ့ သိုးထိန်လုပ်ငန်းများအား စွမ်းစွမ်းတမံအမှုတော်ဆောင်ခဲ့သော သိုးထိန်းကောင်း ဆရာတော် ဘုရား    ချင်းမိုင်သာသာနာ၏ ဆရာတော် (ငြိမ်း) Joseph Sangwan Surasang  သည် ဖေဖော်၀ါရီလ (၁၀) ရက်ည (၁၁း၂၉) နာရီအချိန်တွင် ဖန်ဆင်းရှင်ဘုရားသခင်၏ ထာ၀ရအိမ်တော်သို့ ပြန်သွားခဲ့ပြီဖြစ်ပါသည်။

            ဆရာတော်ဘုရားအား (၂၅၊ ဩဂုတ်လ၊ ၁၉၃၅) ခုနှစ်တွင် Ayutthaya ၌မွေးဖွားခဲ့သည်။ သူ့အား Na Khok စိန့်ထရေးဇာဘုရားကျောင်း၌ ဆေးကြောခြင်းမဂ်လာပေးခဲ့ပါသည်။ သူ၏မိဘနှစ်ပါးမှာ Mr. Michael Sawat နှင့် Mrs. Anna Sasang Surasang တို့၏သားသမီးလှရတနာ (၉) ဦး အနက် (၇) ဦးမြောက်ဖြစ်ပါသည်။ သူသည် ကက်သလစ်မိသားစုမှမွေးဖွားသန့်စင်ခဲ့သူဖြစ်ပါသည်။ အစ်ကိုဖြစ်သူ ဘုန်းတော်ကြီး Peter Suang Surasang မှာလည်း ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါသည်။ လက်ရှိ၌အမှုတော်များမှအနားယူပြီး၊ ဘန်ကောက်ဂိုဏ်းချုပ်သာသနာ၌ သီ တင်းသုံးလျှက်ရှိပါသည်။ အလွန်ဘာသာတရားကိုင်းရှိုင်းသောမိသားစုမှမွေးဖွားခဲ့ကြပြီး၊ ငယ်စဉ်အခါမှစ၍ မိခင်ဖြစ်သူက ခရစ်ယာန်တို့၏ကောင်း မှုပြုရမည့်ကျင့်စဉ်များအကြောင်း၊ စာသင်ကျောင်းခန်းထဲသို့မ၀င်မီ ‘အာ‌ေ၀မာရိယာ’ မေတ္တာကိုဆုတောင်းရန်တို့ကိုလည်းသင်ကြားပေးထား သည်။ ဆရာတော်သည် ငယ်စဉ်ကပင်လျှင် ဆုတောင်း၀တ်ပြုခြင်းကိုအလွန်စိတ်အားထက်သန်ပြီး၊ အထူးသဖြင့် ညအိပ်ယာမ၀င်မီမိသားစု ဆု တောင်းခြင်းကိုအလွန်နှစ်သက်သူဖြစ်ပါသည်။            

 

သူသင်ကြားတတ်မြောက်ခဲ့သောဘာသာရပ်များမှာ

 

၁။ သူငယ်တန်းမှဒုတိယတန်းပညာကို Ayutthaya ခရိုင်၊ Saengthong Wittaya ၌လည်းကောင်း၊

 

၂။ တတိယတန်းမှစတုတ္ထတန်းအထိ Na Khok ကျောင်း၌လည်းကောင်း၊

 

၃။ အလယ်တန်းပညာကိုမှု Pak Hai ကျောင်း၌လည်းကောင်း၊

 

၄။ အထက်တန်းပညာကိုမူ ဘန်ကောက်၌ဖွင့်လှစ်ထားသော St. Gabriel ကျောင်း၌လည်းကောင်းသင်ကြားခဲ့ပါသည်။

 

ထို့နောက် ကက်သလစ်ရဟန်းတစ်ပါးဖြစ်လာရန် အတွက် Sriracha ရှိ ‘ယေဇူး‌ရွှေနှလုံးတော်’ သင်တန်းကျောင်းသို့၀င်ရောက်သွားခဲ့ပါသည်။

၅။ ပြီးဆုံးရန်ကျန်ရှိသော အထက်တန်းပညာတစ်နှစ်တာကို Sriracha ရှိ Assumption ကောလိပ်မှ (၁၉၅၀) တွင်သင်ကြားပြီးစီးခဲ့ပါသည်။

 

၆။ (၁၉၅၁-၁၉၅၆) ခုနှစ်များ၌မူ Phra Haruthai Sriracha ၌ရဟန်းဖြစ်လိုသော ရဟန်းလောင်းကိုရင်များအားပြုပြင်ပုံသွင်းပေးသောတာ၀န်ခံ အဖြစ်လည်းကောင်း၊

 

၇။ (၁၉၅၆-၁၉၆၃) ခုနှစ်များ၌မူ အီတလီနိုင်ငံ၊ ရောမမြို့သို့ပညာတော်သွားရောက်သင်ကြားခဲ့ပြီး၊ ဒဿနဘာသာရပ်နှင့်ဓမ္မသဂြိုလ်ဘာသာရပ် များ၌မာစတာဘွဲ့ရရှိခဲ့သည်။

 

၈။ (ဒီဇင်ဘာလ၊ ၂၂၊ ၁၉၆၂) ခုနှစ်တွင်အီတလီနိုင်ငံ၊ ရောမမြို့၌ပင်ကာဒီနယ်၏ Peter Acayanian လက်တော်မှထာ၀ရရဟန်းသိက္ခာကို ထပ်ခဲ့ပြီး၊ (အောက်တိုဘာလ၊ ၃၀၊ ၁၉၆၃) ခုနှစ်တွင် မိခင်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသို့ပြန်လာခဲ့ပါသည်။ 

 

ဆရာတော်ထမ်းဆောင်ခဲ့သော အမှုတော်များမှာ

 

၁။ (၁၉၆၃ - ၁၉၆၅) - Gudichin ရှိ Santa Cruz ဘုရားကျောင်း၏လက်ထောက်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊

၂။ (၁၉၆၅ - ၁၉၇၀) - ဂိုဏ်းချုပ်ဆရာတော် Yong Nittayo ၏အတွင်းရေးမှူးအဖြစ်လည်းကောင်း၊

၃။ (၁၉၆၅ - ၁၉၇၀) - စိန့်ဂျိုးဇက်စာသင်ကျောင်း၏တာ၀န်ခံအဖြစ်လည်းကောင်း၊

၄။ (၁၉၇၀ - ၁၉၇၁) - Nong Chok သာသနာအုပ်စု၊ စိန့်ထရေးဇာဘုရားကျောင်း၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊

၅။ (၁၉၇၀ - ၁၉၇၁) - Hip-Hawk၊ Maephon Prajak ရှိ လုဒ်မယ်တော်သခင်မဘုရားကျောင်း၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊

၆။ (၁၉၇၁ - ၁၉၇၃) – Gudichin ရှိ Santa Cruz ဘုရားကျောင်း၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊

၇။ (၁၉၇၃) - ဆရာတော်၏အကြံပေးအဖြစ်လည်းကောင်း၊

၈။ (၁၉၇၃ - ၁၉၇၆) - Sampran, Nakhon Pathom ရှိ စိန့်ဂျိုးဇက်ကောလိပ်၏ကျောင်းအုပ်အဖြစ်လည်းကောင်း၊

၉။ (၁၉၇၅) - ဆရာတော်၏အကြံပေးအဖြစ်လည်းကောင်း၊

၁၀။ (၁၉၇၆ - ၁၉၇၉) - Samsen ရှိ စိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်း၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊

၁၁။ (၁၉၇၉ - ၁၉၈၃) - ဘန်ကောက်၊ Assumption ကယ်သီဒရယ်ဘုရားကျောင်း၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊

၁၂။ (၁၉၈၃ - ၁၉၈၆) - ဘန်ကောက်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်မော်ကွန်းထိန်းအဖြစ်လည်းကောင်း၊

၁၃။ (၁၉၈၃ - ၁၉၈၆) - အချိန်ပြည့်တာ၀န်ခံအဖြစ်လည်းကောင်း၊

၁၄။ (၁၉၈၄) - ဆရာတော်၏အကြံပေးအဖြစ်လည်းကောင်း၊

၁၅။ (ဒီဇင်ဘာလ၊ ၃၊ ၁၉၈၆) ခုနှစ်၌ ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) မှ အနားယူသွားပြီဖြစ်သော ဆရာတော် Robert Ratt Bamrungtrakul ၏ နေရာတွင်အမူတော်ထမ်းဆောင်ရန် ဆရာတော်အဖြစ်ရွေးချယ်ခဲ့သည်။ (ဇန္န၀ါရီလ၊ ၆၊ ၁၉၇၈) ရောမမြို့၊ စိန့်ပီတာဘာစီး လီကာဘုရား ကျောင်း ကြီးတွင် စိန့်ဂျွန်ပေါလ် (၂) လက်တော်မှဆရာတော်သိက္ခာထပ်ခြင်းကိုခံယူခဲ့သူဖြစ်ပါသည်။  

 

ဖာသာရ်ကလဲမင့်အားတယ်

Add new comment

2 + 8 =