ချက်မှ ကက်သလစ်ဘုန်းကြီးတစ်ပါး၊ လက်နက်ဖြင့်ဗာတီကန်ထဲ ၀င်၍ ထိန်းသိမ်းခံထားရ

ချက်မှ ကက်သလစ်ဘုန်းကြီးတစ်ပါး၊ လက်နက်ဖြင့်ဗာတီကန်ထဲ ၀င်၍ ထိန်းသိမ်းခံထားရ

အဆိုပါကက်သလစ် ဘုန်းကြီးအမည်မှာ Milan Palkovic ဖြစ်ပြီး သက်တော်မှာ (၅၈) ဟုသိရသည်။ သူသည်ချက်သမ္မတနိုင်ငံမှဖြစ်ကာ အခင်းဖြစ်ချိန်၌ ချက်သမ္မတနိုင်ငံမှကက်သလစ်ဘာသာတူဘုရားဖူးများနှင့်အတူရောမသို့ရောက်ရှိနေခြင်းဖြစ်သည်။

အဆိုပါဘုန်းကြီးနှင့်အတူလိုက်ပါလာသောအဖော်ဆိုသူမှာ မည်သူ မည်၀ါဖြစ်သည်ကိုမသိရ။ ထို့ကြောင့် ဗာတီကန်ရဲများကအဆိုပါဘုန်းကြီးအားဖမ်းချုပ်ထားလိုက်သည်။ အခင်းဖြစ်ပွားသောနေ့မှာ မေလ (၅) ရက်နေ့၊
တနင်္ဂနွေနေ့နံနက်ပိုင်း ဒေသစံတော်ချိန် (၉) နာရီ ၌ဖြစ်ပွားခဲ့သည်။ သူ၏လက်ထဲ၌ လည်းလက်နက်နှင့်အတူခရီးသွားအိတ်ပါသည်။ သူ၏ခန္ဓာကိုယ်နှင့်အိတ်များအားစစ်ဆေးကြည့်ရာ ဘီဘီသေနတ်တစ်လက်၊ ဓားတစ်ချောင်နှင့်၀က်အူလက်တို့ကိုတွေ့ရှိခဲ့သည်။

ယခုကဲ့ သို့ဆောင်ထားရခြင်းမှာ မိမိကိုယ်ကိုကာကွယ်ရန်ဖြစ်ကြောင်းနှင့်လက်နက်များအားလုံးသည် သူ့ပစ္စည်းများ ဖြစ်ကြောင်းဖြေကြားခဲ့သည်။ ဗာတီကန်ရဲများက သူ၏လက်နက်များကိုထိန်းသိမ်းထားလိုက်သည်။ ယခုထိန်းသိမ်းထားသော ဘုန်းကြီးနှင့်သူ၏မိတ်ဆွေတို့သည် ရာဇ၀တ်မှုကျူးလွန်ဖူးသည့်မှတ်တမ်းများမရှိကြောင်းတွေ့ရှိရသည်။

လွန်ခဲ့သော ဧပြီ (၁၀) ရက်နေ့ကလည်း ရဲများက အလွန်အလိုရှိနေသော New York မှ Moises Tejada ရာဇ၀တ်ကောင်အားဖမ်းဆီးနိုင်ခဲ့သည်။ ထိုရာဇ၀တ်ကောင်ကိုဖမ်းဆီးရမိသည့်နေ့သည် ဗုဒ္ဓဟူးနေ့ဖြစ်ပြီး ပုပ်ရဟန်းမင်း ကြီးဖရန်စစ်၊ ဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌တွေ့ဆုံသည့်နေ့ဖြစ်နေခဲ့သည်။

ယခုတစ်ကြိမ်ဖမ်းဆီးထိန်းသိမ်းထားသောသူနှစ်ဦးမှာလည်း တနင်္ဂနွေနေ့မွန်းတည့်ချိန် ‘Regina caeli’ ဆုတောင်းမေတ္တာဆိုသည့်အချိန်၌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/P0il5

Add new comment

9 + 6 =