ခိုလှုံရာရှာဒုက္ခသည်များအတွက် သီလရှင်များက ၎င်းတို့အဆောက်အဉီးအား ပုပ်ကို အသုံးပြုစေခြင်း

ခိုလှုံရာရှာဒုက္ခသည်များအတွက် သီလရှင်များက ၎င်းတို့အဆောက်အဉီးအား ပုပ်ကို အသုံးပြုစေခြင်း

ခိုလှုံရာရှာဒုက္ခသည်များအတွက် သီလရှင်များက ၎င်းတို့အဆောက်အဉီးအား ပုပ်ကို အသုံးပြုစေခြင်း

Catenia မှ Servents of Divine Providence သီလရှင်အသင်းဂိုဏ်းဟာ အီတလီသို့ ဝင်ရောက်လာတဲ့ ခိုလှုံရာရှာဒုက္ခသည်များထားရှိနိုင်ရန် ၎င်းတို့အဆောက် အဉီးအား ရောမရှိ ပုပ်ရဟန်းမင်း ကြီး၏ ဂရုဏာရေးလုပ်ငန်းအား အခမဲ့ အသုံးပြုစေခဲ့ပါသည်။

အထက်ပါအကြောင်းကို ပုပ်ရဟန်း မင်းကြီး၏ ဂရုဏာရေး ပေးကမ်းခြင်း အစီအစဉ်တာဝန်ခံ ဖြစ်တဲ့ ကာဒီနယ် Konrad Krajewski က တနင်္လာနေ့မှာ စာစောင်ထုတ်ပြန်ခဲ့ပြီး စစ္စတာရ်များသည် အရှင်သူမြတ် ပုပ်ဖရန်စစ် လတ်တလောထုတ်ဝေခဲ့သော Fratelli tutti စာချွန်တော်၏ ဖိတ်ခေါ်ချက်ကို
တုန့်ပြန်ကြခြင်းဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။

စစ္စတာရ်များ၏ အဆောင်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းရဲ့ အကူအညီဖြင့် အီတလီသို့ ၀င်ရောက်လာခဲ့ကြတဲ့၊ ခိုလှုံရာရှာဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသားမရှိတော့သည့် မိခင်များ၊ အရွယ်မရောက်သေးသည့် ကလေးများရှိသည့် မိခင်များ၊ ဒုက္ခပြဿနာ များရှိသည် မိသားစုများ အားထားရှိသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

လူပေါင်း ၆၀ ခန့် နေထိုင်နိုင်သည့် အဆောင် ဖြစ်ပြီး ပထမ လများတွင် စောင့်ရှောက်ထားပြီး နောက်ပိုင်းတွင်တော့ မှီခိုမှုကင်းတဲ့အလုပ်များရရှိဘို့ ကူညီပေးသွားမှာဖြစ်
ကြောင်း

အထက်က အဖွဲ့အစည်းရဲ့ အစီအစဉ်မှာ လူပေါင်း ၂၆၀၀ ခန့်ကူညီခဲ့ပြီးဖြစ်ကြောင်း ၊ ခိုလှုံရှာဒုက္ခသည်များကို ပုပ်ရဟန်းမင်းကြီးသည် နှလုံးသားထဲမှ လှိုက်လှဲစွာ ကူညီပေးတတ်ကြောင်း၊ Lesbos သို့ ၂၀၁၆ ဧပြီလ ၁၆ ရက်မှာ ကြွရောက်လည်ပတ်ခဲ့ပြီး အပြန်တွင်လည်း အရှင်သူမြတ်သည် ကိုယ်တိုင် ၎င်း၏ လေယာဉ်ပေါ်တွင် ဆီးရီးယား ဒုက္ခသည် ၁၂ ဉီးတို့အား တင်ဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ Vatican News
 

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: AFP or Licensors

https://bit.ly/3jXgTJE

 

Add new comment

15 + 2 =