ခိုင်မာတိကျတဲ့နည်းလမ်းများနဲ့ ခရစ္စမတ်ကို ပြင်ဆင်ကြရန် ပုပ်ဖရန်စစ်အကြံပြု

ခိုင်မာတိကျတဲ့နည်းလမ်းများနဲ့ ခရစ္စမတ်ကို ပြင်ဆင်ကြရန် ပုပ်ဖရန်စစ်အကြံပြု

ခိုင်မာတိကျတဲ့နည်းလမ်းများနဲ့ ခရစ္စမတ်ကို ပြင်ဆင်ကြရန် ပုပ်ဖရန်စစ်အကြံပြု

 

အာဒ်ဝင်တူးတတိယ တနင်္ဂနွေနေ့  စိန့်ပီတာရင်ပြင်တော်မှာ ဘုရားဖူးရောက်ရှိလာကြတဲ့ ပရိတ်သတ်များနဲ့ အတူ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မွန်းတည့်အန်ဂျေလူးမေတ္တာရွတ်ဆိုဆုတောင်းခဲ့ရာမှာ ထိုနေ့က ဧဝံဂေလိ ကျမ်းစာတော်မြတ်ကို ထောက်ရှုကာ တရားပေးခဲ့ပါတယ်။

ဧဝံဂေလိကျမ်းမှာ၊ တပည့်တော်တွေက သူတို့ဘာလုပ်သင့်သလဲ ဆိုတာကို သံယောဟန် ရဲ့ တရားတော်ကို ကြားနာပြီးတဲ့အခါ မှာမေးမြန်းခဲ့ကြကြောင်းနဲ့ ကျွန်ုပ်တို့သည်လည်း ကိုယ်ဘာလုပ်သင့်တယ်ဆိုတာကို မေးမြန်းကြရမှာဖြစ်ကြောင်းဆိုပါတယ်။

အရှင်သူမြတ်က၊ “ဘဝဆိုတာ ကျွန်ုပ်တို့လုပ်ရမယ့်တာဝန်ဝတ္တရားတွေရှိပါတယ်။ အဓိပ္ပာယ်မဲ့တဲ့ ဘဝမျိုးမဟုတ်ပါဘူး။ ဒါဟာ ဘုရားပေးတဲ့ လက်ဆောင်တော်ပါ။ ကျွန်ုပ်တို့ဘယ်သူဆိုတာ သိကြမယ်၊ ပြီးရင် သင့်ဘဝရဲ့ အိမ်မက်ကို ပြီးပြည့်စုံအောင် ဖြည့်စွမ်းလိုက်လျှောက်ခြင်းပါပဲ”။ ဟုဆိုကာ အာဒ်ဝင်တူးကာလရဲ့ နောက်ဆုံးရက်သတ္တပတ်လေးမှာ ခရစ္စမတ်ကို ခိုင်မာတိကျတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေကာ ပြင်ဆင်ကြဘို့ ဘာသာဝင်များကို အရှင်သူမြတ်က တိုက်တွန်းနှိုးစော်ထားတာဖြစ်ပါတယ်။

“တစ်ဉီးတစ်ယောက်ထဲ အထီးကျန်နေသူကို ကျွန်ုပ်တို့ ဖုန်းခေါ်အားပေးနုတ်ဆက်နိုင်တယ်။ သက်ကြီးဝါကြီးတွေ မမာမကျန်းဖြစ်နေသူတွေဆီကို သွားလည်တာမျိုး၊ ဆင်းရဲသားများ လိုအပ်နေသူများအတွက် အချိန်ပေးဆက်ကပ်တာမျိုးတွေလုပ်ပေးနိုင်ပါတယ်။ တစ်ယောက်ယောက်နဲ့ အဆင်မပြေဖြစ်ထားတာလေးတွေကြေအေးအောင်လုပ်ဆောင်တာ၊ ခွင့်လွှတ်ပေးဘို့ကိုယ့်ဘက်က တောင်းပန်တာ၊ ကိုယ်ကနေခွင့်လွှတ်ပေးရမယ့်သူရှိရင် ခွင့်လွှတ်ပေးတာ၊ အကြွေးပေးစပ်စရာကို အသေအချာ ပေးဆပ်တာမျိုး၊ ဒါမှမဟုတ် ကျွန်တော်၊ ကျွန်မဟာ ဘုရားကို သိပ်အချိန်မပေးပဲ ဆုတောင်းမေတ္တာတွေကို ပြုလုပ်ဘို့ မသိကျိုးကျွန်ပြု အချိန်အကြာကြီး နေခဲ့တာမျိုးဖြစ်နေရင် ဘုရားရှင်ရဲ့ သနားကြင်ခြင်းရင်ခွင်တော်ဆီ ပြန်လည်ခိုလှုံ ဘုရားကို အားကိုးလာတာမျိုး စတဲ့ တိကျ ခိုင်မာတဲ့ နည်းလမ်းမျိုးလေးတွေနဲ့ ခရစ္စမတ်ကို ပြင်ဆင်နိုင်ကြပါတယ်” လို့ အရှင်သူမြတ်က ဆိုပါတယ်။

အန်ဂျေလူးမေတ္တာရွတ်ဆိုအပြီးမှာတော့ ပါးပါးဖရန်စစ်က တင်းမာမှုတွေဖြစ်နေတဲ့ ယူကရိန်းဟာ လက်နှက်နဲ့ မဟုတ်ပဲ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းနဲ့ ပရိပက္ခ များကို အဖြေရှာနိုင်ကြစေဘို့ ဆုတောင်းပေးခဲ့တာပါ။ တဆက်တည်းမှာပဲ အရှင်သူမြတ်က Kentucky  အပါအဝင် အမေရိကားတိုက်ရဲ့ နေရာဒေသ များစွာမှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်း ကြောင့် ဒုက္ခတွေ့ကြုံကြရသူများအတွက် လည်း ဆုတောင်းပေးခဲ့ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/32061pY

Add new comment

5 + 11 =