ခါးသီးခြင်းအတွေ့အကြုံများကို သက်မြတ်စမ်းရေ အဖြစ် ဘာသာ၀င်များအတွက် ပြောင်းလဲကြရန် ရဟန်းတော်များအား ပုပ်ဖရန်စစ်မြွက်ကြား

ဝါတွင်းကာလ အစပြုခြင်းအတွက် ဓလေ့ထုံးစံ အရ ၀တ်ပြုကိုးကွယ်ခြင်းကို ရောမ ကက်သလစ်သာသနာနယ်မှ ဘုန်းတော်ကြီးများအတွက် သာသနာရဲ့ ကာသီဒြယ်ဖြစ်တဲ့ စိန့်ဂျွန်းလာထရမ် ဘာဆီးလီးကားကျောင်းတော်ကြီးမှာ ကြာသပတေးနေ့ကကျင်းပခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်း ရောမမြို့ရဲ့ဆရာတော်ကြီးအဖြစ် ပုပ်ရဟန်းမင်းကြီး က ဒီအစီအစဉ်ကို တက်ရောက်ကာ ရဟန်းတော်အများကြီးကို အာပတ်ဖြေ နားထောင်ပေးလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အနညငယ်နေထိုင်မကောင်းဖြစ်နေတဲ့အတွက် ဗာတီကန်ရဲ့ နားနေဆောင် Santa Marta မှာပဲ နားနေခဲ့ပါတယ်။
အထက်ပါအစီအစဉ်အတွက် အရှင်သူမြတ်ပေးပို့သော ရဟန်းတော်များအတွက် သဝဏ်လွှာကို ကာဒီနယ် De Donatis က ဖတ်ကြားခဲ့ရာ အရှင်သူမြတ်၏ မိန့်မှာစကားတွင် ခါးသီးခြင်းအတွေ့အကြုံများကို သက်မြတ်စမ်းရေ အဖြစ် ဘာသာ၀င်များအတွက် ပြောင်းလဲကြရန်နှင့် ကျွန်ုပ်တို့အတွင်းက ဒီခါးသီးမှုတွေကိုဖြစ်စေတဲ့ အရာတွေကို သိနိုင်စွမ်းပေးဘို့ ဘုရားရှင်ထံ တောင်းလျှောက်ကြရအောင်ပါလို့ အရှင်သူမြတ်က မြွက်ကြားခဲ့ခြင်းကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA

https://www.vaticannews.va/en/pope/news/2020-02/pope-to-priests-turn-bitterness-into-fresh-water-for-the-people.html

Add new comment

17 + 3 =