ခရီးသွားတစ်ဉီး မှ ဗာတီကန် ပြတိုက်မှ နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ ရောမ ပန်းပုရုပ်ထု ၂ ခုအား ထုခွဲဖျက်ဆီး

ခရီးသွားတစ်ဉီးမှာဗာတီကန် ပြတိုက်မှ နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ ရောမ ပန်းပုရုပ်ထု ၂ ခုအား ထုခွဲဖျက်ဆီး

 

ဗာတီကန်ပြတိုက်ကို အလည်အပတ်လာရောက်ကြည့်ရှုကြတဲ့ ခရီးသွားနိုင်ငံခြားသား ဧည့်သည်တော်များထဲမှ တစ်ဉီးဟာ နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိတဲ့ ပြတိုက်ထဲက ပန်းပုရုပ် ၂ ခုကို မြေပြင်ပေါ်သို့ ပစ်ချကာ ဖျက်ဆီးခဲ့ပါတယ်။

ပုံမှန်ကတော့ အကာအရံတွေနဲ့ ထားလေ့ရှိတာမို့ ဒီတခါ ဘယ်လိုနည်းနဲ့ ဒီဧည့်သည်က ပစ်ချလိုက်လည်း ဆိုတာကိုတော့ သေချာမသိရသေးကြောင်း၊ ဒါပေမဲ့တခုရှိတာကတော့ ရုပ်ထု ၃ ဆူမြောက် ဖျက်ဆီးမယ်အလုပ်မှာ ခရီးသည်လမ်းညွှန်က ထိန်းလိုက်နိုင်တယ်လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံရတဲ့ ဧည့်သည်တော်ပရိတ်သတ်ထဲကို ဝင်ခွင့်မရခဲ့တာကြောင့်လည်း အခုလိုလုပ်တာဖြစ်နိုင်ကြောင်း၊ လက်ရှိမှာတော့ အီတလီအာဏာပိုင်များက ထိုသူကို ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ထုခွဲလိုက်တဲ့ ပန်းပုရုပ်ထု ၂ ခုဟာဆိုရင် ခီယာရာမွန်းတီ ပြတိုက်မှ ပုပ်ရဟန်းမင်းကြီး ၇ ဆက်မြောက် ပီဉီး  အချိန်က ရောမပုံတူစုဆောင်းထားတဲ့ ရုပ်ထုများဖြစ်ကြ တယ်လို့ဆိုပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Vatican Museums

https://bit.ly/3Mdmz0K

Add new comment

2 + 0 =