ခရိုအေးရှားလူမျိုး တစ်အူတုံဆင်းညီအစ်ကိုရင်း (၃) ဦးတစ်ရက်တည်း၌ရဟန်းသိက္ခာတင်ခဲ့ကြ

ခရိုအေးရှားလူမျိုး တစ်အူတုံဆင်းညီအစ်ကိုရင်း (၃) ဦးတစ်ရက်တည်း၌ရဟန်းသိက္ခာတင်ခဲ့ကြ

ညီအစ်ကို (၃) ဦး၏အမည်များမှာ Renato Pudar၊ Marko Pudar နှင့် Robert Pudar တို့ဖြစ်ကြ သည်။ ၄င်းတို့သည် တစ်အူတုံဆင်းညီအစ်ကိုအရင်းများဖြစ်ကြပြီး ခရိုအေးရှားနိုင်ငံ၌တစ်ရက်တည်းတွင်သိ က္ခာတင်ခဲ့ကြသည်။

ညီဖြစ်သူ Robert Pudar ကဦးပဉ္ဇင်း သိက္ခာကိုလည်းကောင်း၊ ကျန်ညီအစ်ကို Renato Pudar နှင့် Marko Pudar တို့မှာမူ Split-Makarska ဂိုဏ်းချုပ်သာသနာပိုင်ရဟန်းအဖြစ်သိက္ခာထပ်ခဲ့ကြသည်။

သူတို့သည်ဖရန်စစ္စကင်အသင်းများဖြစ်ကြသည်။ သိက္ခာတင်ခြင်းမစ္ဆားတရားအား Solin ရှိ ‘သန့်ရှင်း သောအိမ်ထောင်စု’ ဘုရားကျောင်း၌ ဇွန်လ (၂၄) ရက်နေ့ကပူဇော်ခဲ့သည်။ မစ္ဆားတရားကို သာသနာ၏တာ ၀န်ခံမွန်ဆီညှော် Želimir Puljić ကဦးဆောင်ပူဇော်ခဲ့သည်။

ရဟန်းသိက္ခာထပ်သောညီအစ်ကိုနှစ်ပါးနှင့်အတူ အခြားသောဦးပဉ္ဇင်း (၄) ပါးလည်းသူတို့နှင့်အတူသိက္ခာထပ်ခဲ့ကြသည်။ ဘာသာတူများနှင့်သိက္ခာခံယူ သောရဟန်းသစ်တို့၏မိသားစု၊ ဆွေမျိုးသားချင်းများဖြင့်ဘုရားကျောင်းသည်ပြည့်လျှံသွားခဲ့သည်။ မစ္ဆားတရားအတွင်း မွန်ဆီညှော်က ဘုရားသခင်သင်တို့ကိုခေါ်သည့်အခါ သင်တို့၏အားနည်းချက်ကြောင့်တွန့်ဆုတ်မနေနှင့်။ ဘုရားသခင်၏မြှော်မြင်တော်မူခြင်း၌လုံး၀ဥသုန်အပ်နှံပူဇော်ပါ။ ဘုရားသခင်သည်သင်တို့ကိုခွန် အားသတ္တိပေးလိမ့္မည်။ ဘုရားသခင်၌သင်တို့လုပ်ဆောင်ရသောအမှုတိုင်းကိုလုပ်ဆောင်နိုင်မည်။ သင်တို့အားဖြင့်ကြီးမားသောအစီအစဉ်ကိုလုပ်ဆောင်ရန်အလိုရှိသည်ဟုဩ၀ါဒမြွတ်ကြားခဲ့သည်။

ရဟန်းသစ်များ အတွက် အမိမယ်တော်၏ ထပ်ဆင့်ဆုတောင်းပေးခြင်းကိုလည်းတောင်းခံပေးခဲ့သည်။ ဤသာသနာသည် (၃) ရာစုကစတင်ခဲ့သော သာသနာဖြစ်ပြီး ကက်သလစ်လူဦးရေ (၄၄၀၀၀၀) ရှိသည်။ ခရိုအေးရှာနိုင်ငံ၏လူ ဦးရေ (၇၈) ရာခိုင် နှုန်းသည် သူတို့ကိုယ်သူတို့ကက်သလစ်ဟုခံယူထားကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/46E4qTA

Add new comment

2 + 2 =