ခရစ်ယာန် လူငယ်လေးအား ရက်စက်စွာ သတ်ဖြတ်ခြင်းအတွက်ပါကစ္စတန် မှ ဘာသာရေးခေါင်းဆောင်များက ရှုပ်ချ

ခရစ်ယာန် လူငယ်လေးအား ရက်စက်စွာ သတ်ဖြတ်ခြင်းအတွက်ပါကစ္စတန် မှ ဘာသာရေးခေါင်းဆောင်များက ရှုပ်ချ

ခရစ်ယာန် လူငယ်လေးအား ရက်စက်စွာ သတ်ဖြတ်ခြင်းအတွက်ပါကစ္စတန် မှ ဘာသာရေးခေါင်းဆောင်များက ရှုပ်ချ

 

ဆာလင်း မာစစ် ဟူသည့် ခရစ်ယာန် လူငယ်လေးတဦး အကြင်နာမဲ့ ရက်စက်စွာ သတ်ဖြတ်ခံရမှုကို ပါကစ္စတန်ရှိ ခရစ်ယာန် နှင့် မူစလင် ဘာသာရေးခေါင်းဆောင်များတို့က ရှုပ်ချလိုက်ပါတယ်။

 

၂၂ နှစ်အရွယ် ဒီလူငယ်လေးဟာ ပန်ဂျပ် ပြည်နယ်၊ ကစူး ဒေသမှာ ခန္တာကိုယ် အတွင်းအပြင် နဲ့ တကိုယ်လုံး ရစရာမရှိအောင် အပြတ်ပြတ် ရက်ရက်စက်စက် အသတ်ခံခဲ့ရတာဖြစ်ပြီး မိဘ အိမ်ကိုပြန်မပို့ပဲ ၃ ရက်ကြာ သိမ်းထားခဲ့ကာ လာဟိုး ဆေးရုံအရောက်မှာတော့ ၃ရက်ကြာ ဒဏ်ရာတွေနဲ့ နေခဲ့ရတာကြောင့် ဖေဖော်ဝါရီ ၂၈ မှာ သေဆုံးသွားပါတယ်။

 

ဒီကိစ္စအတွက်အစီအစဉ် ပြုလုပ်နိုင်ဘို့ ပါကစ္စတန် ဘာသာရေးခေါင်းဆောင်အများ စုဝေးခဲ့ကြတယ်လို့ ဗာတီကန် Fides သတင်းက ထုတ်ပြန်ပါတယ်။

 

ဒီအစည်းအဝေးဟာ ယခုလို ၊ အိန္ဒိယရှိ မွတ်စလင်များကိုသော်၄င်း ၊ ပါကစ္စတန်ရှိ လူနည်းစု ဘာသာရေးအဖွဲ့အစည်းများကိုသော်၄င်း အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်နိုင်ရန်ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့အစည်း အားတောင်းဆိုခြင်းဖြစ်ကြောင်း ဗာတီကန်သတင်းအရသိရှိရပါတယ်။

 

အာဗီအေမြန်မာဗာတီကန်သတင်း

#RVAMyanmarVaticanNews

By Sr Lucia Thandar Aung, SJA

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

http://bit.ly/2wBwg6M

 

Add new comment

1 + 0 =