ခရစ်ယာန်လူငယ်များကိုဗစ် (၁၉) ကူးစက်ခံလူနာများအားစောင့်ရှောက်ရန်လုပ်အားပေး

ခရစ်ယာန်လူငယ်များကိုဗစ် (၁၉) ကူးစက်ခံလူနာများအားစောင့်ရှောက်ရန်လုပ်အားပေး

ခရစ်ယာန်လူငယ်များကိုဗစ် (၁၉) ကူးစက်ခံလူနာများအားစောင့်ရှောက်ရန်လုပ်အားပေး

ခရစ်ယာန်လူငယ်တစ်ဖွဲ့သည် ဖောင်ကြီးသင်တန်းကျောင်း၌ဖွင့်လှစ်ထားသော ကိုဗစ် (၁၉) ကူး စက်ခံလူနာများအားလုပ်အားပေးရန်အသင့်ဖြစ်နေကြသည်။ ဖောင်ကြီးသင်တန်းကျောင်းသည်လှည်း ကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်ရှိပြီး၊ ရန်ကုန်မှမိုင် (၅၀) ခန့်ဝေးသည်။ အဆိုပါအဖွဲ့သည် ရန်ကုန်မှမေလ (၁၉) ရက်နေ့ကထွက်ခွာသွားခဲ့ကြသည်။ ဤအဖွဲ့သည်မြန်မာအသင်းတော်များကောင် စီနှင့်မြန်မာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အားကိုယ်စားပြုသည်။

၄င်းတို့သည်ထိုကွာရန်တင်းဂေဟာ၌တစ်လတာလုပ်အားပေးကြမည်ဖြစ်သည်။ အခြားတစ်ဖွဲ့ သည်လည်းမေလ (၂၃) ရက်နေ့က မြောက်ဥကလာပမြို့နယ်ရှိဆေးရုံသို့လုပ်အားပေးရန်စီစဉ်ခဲ့သည်။ ထိုဒုတိယအသုတ်၌ကက်သလစ်လူငယ် (၈) ဦးပါ၀င်ပြီး၊ (၂) ဦးမှာမြန်မာအသင်းတော်များကောင်စီမှ လူငယ်များဖြစ်ကြသည်။ ဖောင်ကြီးဗဟိုသင်တန်းကျောင်းကိုအရေးပေါ်ကာလ၏လိုအပ်ချက်ကြောင့် ကိုဗစ် (၁၉) စောင့်ကြည့်လူနာများအားစောင့်ရှောက်သည့်နေရာအဖြစ်ပြောင်းလဲအသုံးပြုထားသည်။ ရန်ကုန်ဝေဘာဂီဆေးရုံမှရောဂါရှိကြောင်းနှင့်သံသယလူနာအဖြစ် ဖြင့်လွှဲပြောင်းလာသော လူနာများကိုစောင့်ရှောက်ရန်တာ၀န်ကိုမျှယူထားလိုက်ခြင်းဖြစ်သည်။

ဆေးရုံ၌လူနာများကိုစောင့် ရှောက်သူ (၂၀၀) ခန့်ရှိပြီး၊ စစ်ဖက်မှကျန်းမာရေး၀န်ထမ်းများလည်းကူညီခဲ့သည်။ မေ (၂၃) ရက်နေ့အ ထိရောဂါကူးစက်ခံရသူမှာ (၂၀၁) ဦးအထိမြှင့်တက်လာခဲ့သည်။ ၄င်းတို့အနက် (၁၂၀) ဦးမှာသက်သာ ပျောက်ကင်းသွားပြီး၊ ယခုအချိန်အထိ အသေအပျောက်မှာ (၆) ဉီးအထိရှိနေခဲ့သည်ဟု RVA မှ သတင်းရယူထားပါသည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cc8mgW

Add new comment

11 + 1 =