ခရစ်ယာန်များ၏ ပိုင်ဆိုင်မှုများအား ပြန်လည်ပေးအပ်ရန် အီရတ်နိုင်ငံမှ ခေါင်းဆောင်များ ပဏာမခြေလှမ်းစတင်

ခရစ်ယာန်များ၏ ပိုင်ဆိုင်မှုများအား ပြန်လည်ပေးအပ်ရန် အီရတ်နိုင်ငံမှ ခေါင်းဆောင်များ ပဏာမခြေလှမ်းစတင်

ခရစ်ယာန်များထံမှ တရား မ၀င်သိမ်းယူထားခြင်းများအား စုံစမ်းဖော်ထုတ်ရန်အတွက် Sadrist နိုင်ငံရေးအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သူ Muqtada al Sadr မှ ကော်မတီတစ်ခု ဖွဲ့စည်းခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ခရစ်ယာန်ညီအကိုများအ တွက် တရားမျှတခြင်းကို ပြန် လည်တည်ဆောက်ရန်နှင့် ပိုင် ဆိုင်ခွင့်များအား ချိုးဖောက်ခြင်းကို အဆုံးသတ်ရန် ဖြစ်သည်။

နီနီဝေးလွင်ပြင်နှင့် မိုဆောလ် ဒေသအား အစ္စလာမ်များမှ သူတို့ပိုင်နက်အဖြစ် သတ်မှတ်ရန်အတွက် ထိုဒေသတွင် နေ ထိုင်ကြသော ခရစ်ယာန်များကို မိမိတို့အိမ်များအား စွန့်ခွာရန် အတင်းခိုင်းစေသည့်အ တွက် များစွာသော ခရစ်ယာန်များသည် သူတို့၏ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည်။

Muqtada al Sadr ၏ ကော်မ တီသို့ တင်ပြရန် တောင်းဆိုမှုများတွင် လွန်ခဲ့သောနှစ်များက မိမိတို့၏ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ခရစ်ယာန်မိသားစုများအတွက်လည်း ပါ၀င်သည်။ ခရစ်ယာန်များ၏ ပိုင်ဆိုင်မှုများအား အဓမ္မသိမ်း ယူထားမှုများ၏ တင်ပြချက်များကို ကော်မတီသို့ လာမည့်နှစ် မွတ်စလင်များ၏ဥပုသ်လအဆုံးတွင် အထက်သို့ တင်ပြတောင်းဆိုသွားမည်ဖြစ်သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: Haidar HAMDANI | AFP

https://bit.ly/38vNMtp

Add new comment

3 + 11 =