ခရစ်ယာန်ဘာသာဝင် သန်းပေါင်း ၃၄၀ ခန့် ဖိနှိပ်ညှင်း ပန်းခံနေရ

ခရစ်ယာန်ဘာသာဝင် သန်းပေါင်း ၃၄၀ ခန့် ဖိနှိပ်ညှင်း ပန်းခံနေရ

ဖွင့်ထားသောတံခါးများ (Open doors) ဟု အမည်ရသည့် အဖွဲ့အစည်းသည် နှစ်တိုင်း စောင့်ကြည့်လေ့လာပြီး ခရစ်ယာန်များညှင်းပန်းခြင်းခံရသော နိုင်ငံ၅၀ကို ထုတ်ပြန်လေ့ရှိသည်။

ထိုစစ်တမ်းအရ လွန်ခဲ့သောနှစ်အတွင်း ခရစ်ယာန်များအား နှိပ်စက်ညှင်းပန်းမှုများသည် အရင်နှစ်များနှင့်စာလျှင် ရာခိုင်နှုန်း ၆၀ ခန့် တက်သွားခဲ့သည်။

အကြောင်းရင်းမှာ နိုက်ဂျီးရီးယားနှင့် ဆာဟာရသဲကန္တာရရှိ အာဖရိကနိုင်ငံများတွင် စစ်ပွဲပဋိပက္ခများ တိုးလာသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ခရစ်ယာန်များအား အများဆုံးညှင်းပန်းသောနိုင်ငံမှာ မြောက်ကိုးရီးယားဖြစ်သည်။ဘုရားရှိခိုးသည်ကိုတွေ့လျှင်ဖြစ်စေ၊သမ္မာကျမ်းစာအုပ်ကို တွေ့လျှင်ဖြစ်စေ ဖမ်းဆီးကာ အလုပ်ကြမ်းစခန်းများသို့ပို့လေ့ရှိပြီး အချို့ကို သတ်လေ့ရှိသည်။ မြောက်ကိုးရီးယားတွင် ခရစ်ယာန် သုံးသောင်းမှ ငါးသောင်းအထိ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံနေရသည်။

ထို့အပြင် အခြားနိုင်ငံများမှာ အာဖဂန်နစ္စတန်၊ဆိုမားလီးယား၊လစ်ဗျားနှင့် ပါကစ္စတန်တို့ဖြစ်ပြီး ထိုဒေသရှိ ခရစ် ယာန်များအတွက် ဘာသာကူးပြောင်းရန်သို့မဟုတ် အသတ်ခံရန်သာ ရွေးချယ်ခွင့်ရှိသည်။

Open doors အဖွဲ့စည်း၏ ဒါရိုက်တာဖြစ်သူ Christian Naniက "ဤ ကိန်းဂဏန်းသည် ကျမကို ထိတ်လန့်ဝမ်း နည်းစေပြီး ပူပန်စေပါသည်။ သူတို့သည်လည်း ဝိညာဉ် ရှိ သော လူသားများဖြစ်ပြီး အ ချို့မှာ ယုံကြည်ခြင်းကြောင့် ရွာလုံးကျွတ် ဖျက်စီးခံရခြင်း၊အဓမ္မရွှေ့ပြောင်းခိုင်းခြင်းစ သည်တို့ကို ခံစားနေကြရသည်"ဟုဆိုသည်။

သို့သော်လည်း ခရစ်ယာန်များနှင့်ကရုဏာရေးအဖွဲ့အစည်းများကြောင့် နှစ်သိမ့်ကူညီပေးခြင်းကြောင့် အထိုက် အ လျောက် စိတ်အေးရသည်ဟုသိရသည်။

Open doorsသည် ညှင်း ပန်းနှိပ်စက်ခံရသော ခရစ် ယာန်များကို ကူညီနေသည့် နိုင်ငံပေါင်း ၆၀ ကျော်တွင်ရှိ

သည့် အသင်းကြီးဖြစ်သည်။

လွန်ခဲ့သော နှစ်အတွင်းက ထိုအသင်းကြီးသည် အိန္ဒိယမှ လူဦးရေ ၁ သိန်းအတွက် အစား အစာနှင့် အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ခဲ့သည်။လာမည့်နှစ်များတွင် အချင်း ချင်းကူညီမှုဖြင့် အထက်ပါ ဆိုးရွားသော အခြေအနေကိန်း ဂဏန်းများ လျော့ကျလာမည်ဟု မျှော်လင့်နေကြသည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Aleteia/Google Images

https://bit.ly/3swROtB

Add new comment

6 + 6 =