ခရစ်ယာန်တို့၏အသက်တာသည် ဥပဒေဘောင်အတွင်း၌သာရှင်သန်ရမည်မဟုတ်။

ခရစ်ယာန်တို့၏အသက်တာသည် ဥပဒေဘောင်အတွင်း၌သာရှင်သန်ရမည်မဟုတ်။

ခရစ်ယာန်တို့၏အသက်တာသည် ဥပဒေဘောင်အတွင်း၌သာရှင်သန်ရမည်မဟုတ်။ သန့်ရှင်းသော၀ိညာဉ်တော်၏စေ့ဆော်မှု၌ လည်းလုပ်ဆောင်ရမည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သောဗုဒ္ဓဟူးနေ့ ဘုရားဖူးများနှင့်တွေ့ဆုံနေကျအတိုင်းတွေ့ဆုံစဉ်က ခရစ်ယာန်များ သည် ၀မ်းမြောက်ဖွယ်ရာသတင်းတည်းဟူသော ခရစ္စတူးကိုယုံကြည်သောကြောင့် ဓမ္မဟောင်းမှမိုးဇက်၏ဥပဒေမှကင်း‌လွှတ်ခဲ့ သည်။ တမန်တော်ပေါလု၏ ဂါလားဆီးယားဩ၀ါဒစာ၌ ‘ခရစ်ယာန်တို့၏အသက်တာသစ်’ အကြောင်းကိုဖော်ပြထားသည်။ ထို အသက်တာသစ်သည် ဥပဒေ၏ညွှန်ကြားချက်သက်သက်ဖြင့်မဟုတ်ဘဲ သန့်ရှင်းသော၀ိညာဉ်တော်၏လုပ်ဆောင်မူဖြင့် ရှင်သန်လှုပ်ရှားရသည်။ ယေဇူးသခင်၏ ဒုက္ခ‌ေ၀ဒနာ၊ အသက်စွန့်ခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်သည် ဓမ္မဟောင်းမှပညတ်ဥပဒေများကို ပညတ်တော်အသစ်ဖြစ်သော ‘ချစ်ခြင်း’ ပညတ်တော်အသစ်၌ပြီးပြည့်စုံ စေသည်ဟုမိန့်ကြားခဲ့သည်။ ဆိုလိုသည်မှာ မိုးဇက်၏ဥပဒေကိုပစ်ပယ်သည်မဟုတ်။ ပညတ်ဥပဒေအသစ်ဖြစ်သော ‘ချစ်ခြင်း’ ဥ ပဒေသစ်၌အကျုံး၀င်သွားခြင်းဖြစ်သည်။

ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ကထောက်ရူချက် အပြည့်အစုံမှာ

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့

‘ကျွန်ုပ်တို့ထောက်ရူလာခဲ့သော တမန်တော်ပေါလု၏ ဂါလားဆီးယားဩ၀ါဒစာ၌ တမန်တော်သည် ခရစ်ယာန်တို့၏ အသက်တာသစ်ကိုအသားပေးပြောကြားထားသည်။ ကျွန်ုပ်တို့၏နှလုံးသား၌ သန့်ရှင်းသော၀ိညာဉ်တော်၏လုပ်ဆောင်ချက် များအတွက် ကျေးဇူးတင်ကြပါစို့။ အချို့သောသူတို့သည် ဂါလားဆီးယားမှခရစ်ယာန်များအား မိုးဇက်၏ပညတ်ဥပဒေများကို လိုက်နာကြရန် အတင်းအကြပ်တိုက်တွန်းနေကြသည်။ တမန်တော်ပေါလုသည် ထိုတိုက်တွန်းချက်ကိုလွန်ဆန်၍ ဥပဒေသည် ဘုရားသခင် မိမိ၏လူမျိုးတော်နှင့်ပြုသောပဋိညာဉ်တရားတော်၌ပါ၀င်ပြီးဖြစ်သည်။ ပဋိညာဉ်သည် ဥပဒေများကိုလိုက်နာခြင်း ၌မတည်။ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ကတိတော်ပြည့်စုံခြင်း၌တည်၏။ ဘုရားသခင်သည် မိမိ၏ကတိတော်များကို ယေဇူး သခင်၏ပါစကားနက်နဲရာဖြစ်သော ုဒက္ခခံခြင်း၊ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းဖြစ်စဉ်၌ ပြည့်စုံစေပြီးဖြစ်သည်။ သတင်း ကောင်းကိုယုံကြည်သောသူများသည် ဥပဒေ၏စီးမိုးခြင်းမှလွှတ်ကင်းကြသည်။ ထိုအခါ ခရစ်ယာန်အသက်တာသစ်ကိုရရှိလိုက် သည်။ ထိုအခါသန့်ရှင်းသော၀ိညာဉ်တော်၌ပြန်လည်မွေးဖွားခြင်းဖြစ်သည်။ ထိုအသက်တာသည် ပညတ်သစ်ဖြစ်သော ချစ် ခြင်းပညတ်တော်၌ပြည့်စုံခြင်းသို့ရောက်၏’ ဟုရှင်းပြခဲ့သည်။
Ref: Rome Reports
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

Add new comment

1 + 1 =