ခရစ်ယာန်တို့၏လွတ်လပ်မှုသင်္ကေတသည် မိမိကိုယ်ကိုဆက်ကပ်စွန့်လှူခြင်းဖြစ်သည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

ခရစ်ယာန်တို့၏လွတ်လပ်မှုသင်္ကေတသည် မိမိကိုယ်ကိုဆက်ကပ်စွန့်လှူခြင်းဖြစ်သည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

ခရစ်ယာန်တို့၏လွတ်လပ်မှုသင်္ကေတသည် မိမိကိုယ်ကိုဆက်ကပ်စွန့်လှူခြင်းဖြစ်သည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗုဒ္ဓဟူးနေ့တိုင်း ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများနှင့်တွေ့ဆုံနေကျအတိုင်းတွေ့ ဆုံစဉ် ၎င်း၏ထောက်ရူချက်ထဲ၌ ခရစ်ယာန်တို့၏လွတ်လပ်မှုအကြောင်း တမန်တော်ပေါလု၏ ဂါလားဆီးယား ဆုံးမဩ ၀ါဒစာအပေါ်အခြေခံ၍ရှင်းပြခဲ့သည်။ ခရစ်ယာန်လွတ်လပ်မှုသည် ဆေးကြောခြင်းမင်္ဂလာခံယူခြင်းမှရရှိလာသည်။ မိမိတို့ထိုက်၍ရခြင်းမဟုတ်။ ဘုရားသခင်၏လက်ဆောင်မွန်သက်သက်ဖြစ်သည်။ ယေဇူးသခင်၏သမ္မာတရားအားဖြင့် ရရှိခြင်းဖြစ်သည်။ ယေဇူးသခင်က သူ၏သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ဘ၀သည် အခြား သူများအတွက်လုံးလုံးလျားလျားဖြစ်ရမည်ကိုတရားပြသွားကြောင်း၊ မိမိ၏အသက်ကို အခြားသူများအတွက် လုံးလုံး လျားလျားအစေခံခြင်းသည် လွတ်လပ်မူ၏အထွဋ်အထိပ်သင်္ကေတဖြစ်သည်ဟု ပုပ်ဖရန်စစ်ကသင်ကြားခဲ့သည်။

ဘာသာပြန်ဆိုသူ။ ။ ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Angelus News

https://bit.ly/3iF4aMY

 

Add new comment

2 + 10 =