ခရစ်ယာန်တို့အား ဖိနှိပ်ညှဉ်းဆဲမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်မြင့်တက်လျှက်ရှိ

ခရစ်ယာန်တို့အား ဖိနှိပ်ညှဉ်းဆဲမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်မြင့်တက်လျှက်ရှိ

ခရစ်ယာန်တို့အား ဖိနှိပ်ညှဉ်းဆဲမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်မြင့်တက်လျှက်ရှိ

 

            (၂၀၂၁) ခုနှစ်မှတ်တမ်းအရ ကမ္ဘာတစ်၀ှမ်း၌ ခရစ်ယာန်များအား ဖိနှိပ်ညှဉ်းဆဲမှုသည် တစ်ကျော့ပြန်တိုး လာကြောင်းတွေ့ရသည်။ ဤမှတ်တမ်းကို Open Doors International (အပြည်ပြည်ဆိုင်ရာတံခါးများကိုဖွင့်ခြင်း) ဟု အမည်ပေးထားသောအဖွဲ့က ထုတ်ပြန်ထားသည်။ ဤအဖွဲ့သည် အဆိုပါစာရင်းများကိုကောက်ယူလာခဲ့သည်မှာ နှစ် ပေါင်း (၆၀) ကျော်ခဲ့ပြီဖြစ်သည်။

 

ခရစ်ယာန်သန်း (၆၀) ကျော် ညှဉ်းပန်းနှိပ်စက်မှုကိုခံခဲ့ရသည့်အတွေ့အကြုံရှိသည်။

 

             ယခုလ (၁၉) ရက်နေ့ကလည်း နယ်သာလန် အခြေစိုက်သောအဖွဲ့တစ်ဖွဲ့ (2022 World Watch List (WWL)) ကလည်း ခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက်သော ထိပ်တန်း (၅၀) နိုင်ငံစာရင်း၀င် နိုင်ငံများကိုထုတ်ပြန်ကြေညာ ခဲ့သည်။ ထိုစစ်တန်းကို (၁၊ ၁၀၊ ၂၀၂၀) မှ (၃၀၊ ၉၊ ၂၀၂၁) ကောက်ခံခဲ့ရာ အာရှနှင့်အာဖရိကနိုင်ငံများ၌ ပိုမိုဖြင့်တက် လျှက်ရှိပြီး၊ ကိုးဗစ် (၁၉) နှင့်ပတ်သက်၍လည်း ခွဲခြားမှုများရှိနေသောကြောင့် အခြေအနေပို၍ဆိုးရွားစေသည်။  

 

            ဤတွေ့ရှိချက်သည် မည်သည့်အဖွဲ့အစည်း၏လက်အောက်၌မျှမရှိသော လွတ်လပ်သည့်နိုင်ငံတကာအဖွဲ့အ စည်းတစ်ခု (independent International Institute for Religious Freedom (IRF) ၏တွေ့ရှိချက်အရ ယခင်နှစ်က သန်း (၃၆၀) ကျော် (ကမ္ဘာ့လူဦးရေ၏ (၇) ယောက်လျှင် (၁) ယောက်နှုန်းသည် ညှဉ်းပန်းနှိပ်စက်မှု၊ ဖိနှိပ်ခံရမှုများရှိခဲ့ပြီး၊ တစ်မ္ဘာလုံးအတိုင်းအတာရ သတ်ဖြတ်ခံခဲ့ရသောခရစ်ယာန်စုစုပေါင်း (၅၈၉၈) ဦးရှိခဲ့ကြောင်း၊ (၂၀၂၀) နှင့်စာလျှင် (၂၃.၈) ရာခိုင်နှုန်းတိုးလာကြောင်း၊ ဘုရားကျောင်းပေါင်း (၅၁၁၀) ကျောင်းဖျက်ဆီးခံခဲ့ရပြီး၊ ၄င်းတို့အနက်  (၁၃.၈) ရာခိုင်နှုန်းခန့်သောဘုရားကျောင်းသည် ပိတ်ခံခဲ့ရသည်။ မည်သည့်အမေးအမြန်းမျှမပြုဘဲ အဖမ်းခံခဲ့ရသောခရစ် ယာန်များမှာ (၆၁၇၅) ဦးဖြစ်ပြီး၊ ပြန်ပေးဆွဲခံရသောခရစ်ယာန် (၃၈၂၉) ဦးရှိသည်။     

 

အာဖကန်နီစတန်သည် ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်သော ထိပ်ဆုံးနိုင်ငံဖြစ်သည်။

 

            အစီရင်ခံစားအသစ်၌ အာဖကန်နီစတန်ကို တာလီဘန်တို့၏လက်သို့ကျရောက်သည့် (ဩဂုတ်၊ ၂၀၂၁) မှစ၍  ခရစ်ယာန်များအတွက် အန္တရာယ်အရှိဆုံးနိုင်ငံ၏ နံပါတ် (၁) တွင်ဖော်ပြထားသည်။ သူမတိုင်မီက နံပါတ် (၁) နေရာ ယူထားသော မြောက်ကိုးရီးယား၏နေရာကို၀င်ယူလိုက်ခြင်းဖြစ်သည်။ မြောက်ကိုးရီးယား၌ ခရစ်ယာန်တို့အတွက် ဘာသာရေးလွတ်လပ်ခွင့်သည် ပိုကောင်းမလာခဲ့ပေ။ အရှေ့အလယ်ပိုင်းစွန်းစွန်းဒေသများသည် နှစ်ပေါင်း (၂၀) အ တွင်း ဒုတိယနေရာ၌ရှိနေကြောင်း၊ ထိုနိုင်ငံများသည် အီစ္စလာမ်နိုင်ငံထူထောင်လိုသောနိုင်ငံများဖြစ်ကြပြီး၊ နိုင်ငံရေး မတည်မငြိမ်မှုနှင့်ဘာသာရေးအစွန်းရောက်မှုများကြောင့်လည်းဖြစ်ကြောင်း၊ ၄င်းတို့မှာ ဆိုမားလီးယား၊ လီးဘီးယား၊ ရေမင်နိုင်ငံတို့ဖြစ်ကြသည်။ ၄င်းတို့နောက်မှကပ်လျှက် လိုက်လာသောနိုင်ငံများမှာ နိုင်ဂျီးရီးယား၊ ပါကင်စ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဆောဒီအရေးဗျ၊ မြန်မာ၊ ဆူဒန်၊ အီရတ်နှင့်ဆီးရီးယားတို့ဖြစ်ကြသည်။     

 

နိုင်ဂျီးရီးယားနိုင်ငံ၌လည်း ခရစ်ယာန်မလိုလားမှုတိုးလာနေ၊

            ခရစ်ယာန်များကို မလိုလားသည့်အခြေအနေသည် အာဖရိကတိုက်၌အင်အားကြီးထွားလာနေသည်။ သိသာ လွန်းသောသာဓကများကား Sahel ဒေသများဖြစ်စော Niger, Burkina Faso, Mali နှင့် Nigeria တို့ဖြစ်ကြသည်။ နိုင်ဂျီးရီးယားသည် (၂၀၂၀) ၌ နံပါတ် (၉) ရှိနေခဲ့ရမှ နံပါတ် (၇) သို့အဆင့်ခုန်တက်သွားခဲ့သည်။ ထို့အတူ ခရစ်ယာန် (၄၆၅၀) ဦးသတ်ဖြတ်ခံခဲ့ရပြီး၊ အများဆုံးအသတ်ခံရသည့်နိုင်ငံအဖြစ်လည်း အတည်ပြုထားသည်။ အကြမ်းဖက်လုပ် ရပ်သည် ကျေးလက်မှ Fulani လယ်သမားများအား လက်နက်တပ်ဆင်ပေးထားသောကြောင့်ဖြစ်သည်။ ထိုသူတို့ သည် လက်နက်လက်၀ယ်ရှိသောကြောင့် ဘာမျှကြီးလေးသောအမှုမဟုတ်သော်လည်း ရေးကြီးခွင်ကျယ်လုပ်၍ အမှု အမျိုးမျိုးဆင်ခြင်း၊ မမြင်ကပ်၍ ပြစ်မှုအမျိုးမျိုးဖန်တီးစွပ်စွဲခြင်းများလုပ်နေသည်ကို သိသော်လည်းရေငုပ်နှုတ်ပိတ်၍ လစ်လျူရူခွင့်ပြုထားခြင်းကြောင့်ဖြစ်သည်။ အခြားလက်နက်ကိုင်ခွင့်ပြုထားသောအဖွဲ့အစည်းမှာ Boko Haram ဖြစ် သည်။ ၄င်းတို့သည် ရာဇ၀တ်မှုများဖြစ်သော သတ်ဖျက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ မုဒိန်းမှုများကိုကျူးလွန်နေသောအဖွဲ့ ဖြစ်သည်။       

 

အိန္ဒိယ၌လည်း ခရစ်ယာန်တို့အားတိုက်ခိုက်မှုတိုးလာနေ၊

 

            ပါကိစ္စတန်နိုင်ငံသည် ခရစ်ယာန်ကိုမလိုလားဘဲ အကြမ်းဖက်တိုက်ခိုက်မှုကျူးသော ဒုတိယနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၌လည်း ဟိန္ဒူအမျိုးသားစိတ်ပြင်းထန်သူများမှ ခရစ်ယာန်များအား အကြမ်းဖက်တိုက်ခိုက်မှုသိသိသာ သာတိုးလာနေသည်။

 

ကိုးဗစ် (၁၉) ၏နောက်ဆက်တွဲ

 

            ကိုးဗစ် (၁၉) ရောဂါကပ်ဆိုးကြောင့် နိုင်ငံအသီးသီးမှအာဏာပိုင်များသည် စည်းကမ်းတင်ကြပ်မှုများပြုလုပ် ခဲ့သည်။ ထိုအခြေအနေကိုအခွင့်အရေးယူ၍ လူစုလူ‌ေ၀းပြုလုပ်ခြင်းကို တင်းကြပ်၍ စု‌ဝေးဆုတောင်းခြင်းများ ကိုမပြုလုပ်နိုင်အောင်ပိတ်ပင်ထားသည်။  

 

အတင်းအကြပ်နေရပ်စွန့်ခွာအောင်လုပ်ဆောင်ခြင်း၊

 

            ဘာသာရေးဖိနှိပ်အကြမ်းဖက်မှု၏ နောက်ဆက်တွဲဆိုးကျိုးမှာ ခရစ်ယာန်များအား နေရပ်မှစွန့်ခွာရန် အတင်း အကြပ်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ (၈၄) သန်းခန့်သည် ပြည်တွင်း၌ပြောင်းရွေ့နေထိုင်ခဲ့ကြရပြီး၊ (၂၆) သန်းသည် အီစ္စလာမ်နိုင်ငံများဖြစ်ကြသော Sahel ဒေသ၊ နိုင်ဂျီးရီးယားနှင့်အာဖရိကနိုင်ငံများ၌အများဆုံးဖြစ်ကြောင်း၊ မြန်မာနိုင် ငံ၌လည်းထူးမခြားနားဘဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခရစ်ယာန်အများဆုံးနေထိုင်ကြသော ချင်း၊ ကချင်၊ က ယားနှင့်ရှမ်းပြည်နယ်များ၌ ခရစ်ယာန် (၂၀၀၀၀၀) ခန့်အိမ်ရာမဲ့သွားပြီး၊ ဦးရေ (၂၀၀၀၀) အားလည်း နေရပ်မှအ တင်းအကြပ်စွန့်ခွာခိုင်းကြသည်။   

 

ခရစ်ယာန်အမျိုးသမီးများအပေါ် ပစ်မှတ်ထား၍အကြမ်းဖက်လာခြင်း၊

 

            ‘Open Doors’ အဖွဲ့၏စစ်တမ်းအရ ခရစ်ယာန်ယုံကြည်ခြင်းနှင့်ပတ်သက်ဆက်နွယ်မှုရှိသော အမျိုးသမီးများ အား ပစ်မှတ်ထား၍ အကြမ်းဖက်လုပ်ရပ်များကျူး လွန်နေသည်ကို လည်းဖော်ထုတ် တင်ပြထားသည်။ သို့သော် အ ချက်အလက်အတိအကျကိုရယူရန်မှာ လက်တွေ့အလွန်ခက်ခဲနေသည်။ အကြမ်းဖက်ခံရဖူး သောအမျိုးသမီးများ သည်လည်း ၄င်းတို့၏ယဉ်ကျေးမှုအရ ကြုံတွေ့ခဲ့ရသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ပွင့်လင်းစွာထုတ်ဖော် ပြောရန် မချင့်မရဲဖြစ်နေကြသည်။ ခက်ခဲသော်လည်း အဖွဲ့အနေဖြင့် (၂၀၂၁) ၌ အမျိုးသမီးအပေါ်ကျူးလွန်သည့်  အမှုပေါင်း (၃၁၀၀) ကျော်ဖော်ထုတ်နိုင်ခဲ့ပြီး၊ ၄င်းတို့အနက် အတင်းအကြပ်လက် ထပ်ပေါင်းသင်းသည့်အမှု (၁၅၀၀) မှုရှိခဲ့ကြောင်းတင်ပြထားသည်။ ဖေဖော်၀ါရီလ၌လည်း ဆက်လက်ဖြစ်ပွားသော ရာဇ၀တ်မှုကိုဖော်ထုတ်တင်ပြပါဦး မည်။    

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3IF0ntE

Add new comment

7 + 0 =