Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ခရစ်တော်ရုပ်ရှင်မှ သခင်ယေဇူးအဖြစ်သရုပ်ဆောင်ခဲ့သူ ထပ်မံသရုပ်ဆောင်မည်ဟုဆို
ခရစ်တော်ရုပ်ရှင်မှ သခင်ယေဇူးအဖြစ်သရုပ်ဆောင်ခဲ့သူ ထပ်မံသရုပ်ဆောင်မည်ဟုဆို
ကမ္ဘာကျော်ရုပ်ရှင် "ခရစ်တော်၏ဒုက္ခစရိယာရုပ်ရှင်"တွင် သခင်ယေဇူးအဖြစ် သရုပ်ဆောင်ခဲ့သူ Jim Caviezal သည် နောက်ထပ် ရိုက်ကူးမည့် ခရစ်တော်ယေဇူး၏သက်တော်စဥ်ဇာတ်ကားတွင် ထပ်မံသရုပ်ဆောင်သွားမည်ဟု ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။
ဒါရိုက်တာသည် ဇာတ်ညွှန်းရေးလက်စကို ပေးပို့ခဲ့ကြောင်း ထိုသူက ပြောကြားခဲ့ပြီး ထိုရုပ်ရှင်ကို "ခရစ်တော်၏ဒုက္ခစရိယာနှင့် ရှင်သန်ထမြောက်ခြင်း"ဟု အမည်ပေးထားပြီး သခင်ယေဇူးရှင်ပြန်ခြင်းနှင့် တပည့်တော်တို့တွေ့ကြုံရသော တန်ခိုးလက္ခဏာများကို ထည့်သွင်းရိုက်ကူးသွားမည်ဟုဆိုသည်။
ထို့အပြင် ဟေရုဒ်မင်းကြီး ကြုံတွေ့ရသော ထူးဆန်းမှုများနှင့် ပါစကားကလတွင် ဂျေရုဆလင်မြို့မှ ဖြစ်ရပ်များကိုလည်း ထည်သွင်းမည်ဖြစ်သဖြင့် ရုပ်ရှင်သမိုင်းတွင် အခမ်းနားဆုံးဇာတ်ကားဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။
သခင်ယေဇူးနေရာမှ မင်းသားအပြင် မယ်တော်သခင်မ၏နေရာတွင် သရုပ်ဆောင်သော မင်းသမီး Maia Morgenstin နှင့် စိန့်ဂျွန်၊စိန့်ပီတာတို့နေရာမှ မင်းသားများကပါ ရုပ်ရှင်အသစ်တွင် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ထိုဇာတ်ကားကို အစ္စရေး၊မော်ရိုကိုနှင့် ဥရောပတစ်လွှားတွင် ရိုက်ကူးမည်ဖြစ်ပြီး အီတလီနိုင်ငံ ရောမမြို့တစ်ဝိုက်မှ ထင်ရှားသော နေရာများတွင်လည်း ရိုက်ဖူးဖွယ်ရာရှိသည်။
ထိုဇာတ်ကားကို ၂၀၂၂ အတွင်းတွင် ထွက်နိုင်ခြေရှိသည်ဟုလည်း ခန့်မှန်းကြသည်။
ဘာသာပြန်- Agnes Lawh Lun
Photo courtesy of: Franciscanfriars Facebook
Add new comment