ခရစ်စမတ် သစ်ပင်နှင့် သူငယ်တော်အိမ်ပေးလှူသော အီတလီသာသနာနယ်များကို ပုပ်ရဟန်းမင်းကြီးကျေးဇူးတင်ကြောင်းပြောကြား

ဒီဇင်ဘာ ၅၊ ၂၀၁၉

ယခုနှစ်အတွက် ခရစ်စမတ် သစ်ပင်နှင့် သူငယ်တော်အိမ်ပေးလှူသော အီတလီသာသနာနယ်များ တရင်တို Trento ၊ပါဒူဝါ Padua၊ ဗစ်တိုရီရို ဗီနီတို Vittorio Venetoမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းတွင်ပုပ်ရဟန်းမင်းကြီးဖရန့်စစ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးမှ ယင်း ခရစ်စမတ်သစ်ပင်ကို ဘုရားဖူးလူအများကြည့်ရှုနိုင်ရအောင် ခရစ်စမတ်ကာလ အားလပ်ရက်ကုန်ဆုံးချိန်အထိ စိန့်ပီတာရင်ပြင်တွင် ထားရှိ မှာဖြစ်ကြောင်း၊ ထားရှိရခြင်း၏ရည်ရွယ်ချက်မှာ သစ်တောများပြန်လည်စိမ်းလန်းစိုပြေလာရေးကိုမျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

သူငယ်တော်အိမ်ရုပ်တုဆင်းတု များနှင့်ပတ်သက်၍ ပြောကြားရာတွင် သူငယ်တော်အိမ် ရုပ်တုဆင်းတုများသည် သဒ္ဒါ ကြည်ညိုသူများ ဝိညာဉ်ခွန်အားတိုးတက်စေရန် တရင်တို Trento သာသနာ၏ရှေးရိုး အနုပညာလက်ရာများ
ဖြင့် ပြုလုပ်ထားသော သစ်သား ဆင်းတုတာ်များဖြစ်ကြပါသည်။
သန့်ရှင်းသောအိမ်ထောင်စု၏ ဘက်သလင်ဟင်မြို့တွင် လက်တွေ့ တွေ့ကြုံခဲ့ရသည့်ဘဝအတွေ့အကြုံကို ဖော်ကျူးထားကျောင်း ချီးကျူးပြောကြားခဲ့ပါသည်။
https://bit.ly/2Yu3nmQ
#rvamyanmarservice

Add new comment

8 + 2 =