ခရစ်ယာန်များသည် ငြိမ်းချမ်းခြင်း ယဉ်ကျေးမူကိုပိုမိုခိုင်မာရန် စိတ်ဆုံးဖြတ်ထားသူများဖြစ်ကြသည်

D-Day အမှတ်တရ

ခရစ်ယာန်များသည် ငြိမ်းချမ်းခြင်း ယဉ်ကျေးမူကိုပိုမိုခိုင်မာရန် စိတ်ဆုံးဖြတ်ထားသူများဖြစ်ကြသည်
ဇွန်လ ၆၊ ၂၀၁၉

၂၀၁၉ ဇွန်လ ၆ ရက် နေ့သည် ပြင်သစ်နိုင်ငံမြောက်ဖက်ကမ်းခြေကို တက်ရောက်သိမ်းပိုက်သော ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက် နေ့အမှတ်တရနေ့ဖြစ်သလို့ နာဇီ လက်မှ ပြင်သစ်တို့လွတ်မြောက်သောနေ့၊ D-Day အဖြစ် အမှတ်တရ သတ်မှတ်ထားသော ဒုတိယ ကမ္ဘာစစ် အပြီး ၇၅ နှစ်ကြာအမှတ်တရနေ့လည်းဖြစ်ပါသည်။
ဒုတိယ ကမ္ဘာစစ် အတွင်းက ပါဝင်တိုက်ခိုက်ခဲ့ကြသော နိုင်ငံ ၁၆ နိုင်ငံမှ ဦးဆောင်ပြီး မတွေးရဲ​အောင် ဆိုးဝါးခဲ့သော ဒုတိယ ကမ္ဘာစစ် မျိုး နောက်တကြိမ် ပြန်မဖြစ်ပေါ်ရေး ကတိပြုလက်မှတ်ထိုးခြင်း အပါအဝင် အခမ်း​အနား ကို နှစ်ရက်တာ ပြင်သစ် နိုင်ငံ နှင့် UK တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နော်မန်ဒီ ကမ်းခြေ တွင်ပြုလုပ်သော အခမ်း​အနားကို ပြင်သစ် နိုင်ငံသမ္မတ အမေရိကန်နိုင်ငံ သမ္မတ တို့နှင့်အတူစစ်မူထမ်းဟောင်း တစ်ရာ ခန့်မှလည်း ယင်းအမှတ်တရ အခမ်း​အနားသို့ တက်ရောက်ခဲ့ကြပါသည်။

ယင်းအမှတ်တရ အောက်မေ့ဖွယ်ရာအခမ်း​အနားတွင် ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကနေဒါနိုင်ငံသား ရဟန်းမင်းအမတ်ကာဒီနယ် Marc Ouellet မှ ဗာစီလီကာ ကျောင်းတော်တွင် ဦးဆောင် မစ္ဆားတရား ဟောကြားခဲ့ပြီး ကွဲပြားဆန့်​ကျင်မူ​တွေ အဆက်မပြတ်ဖြစ်ပေါ်နေသော ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးကို တန်ဖိုးထားရန် နှင့် ထိန်းသိမ်း​​ကြရန် လိုအပ်ကြောင်းဝေမျှခဲ့ပါသည်။

ဒီလိုကြီးမားတဲ့ အခမ်း​​အနားမျိုးမှာ ကက်သလစ်ခရစ်ယာန်တို့၏ ငြိမ်းချမ်းခြင်း သတင်းစကားကိုဝေမျှခွင်ရတဲ့အတွက် လွန်စွာ ဝမ်းမြောက်မိကြောင်း၊ ငြိမ်းချမ်းခြင်း ယဉ်ကျေးမှု အလေ့အထဟာ လူအဖွဲ့အစည်းထဲမှာ၊ ကျောင်းမှာ၊ မိသားစုအတွင်းမှာ လူတိုင်းရဲ့ နှလုံးသားမှာ အခြေခံလိုအပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ရပ်ဖြစ်တယ်၊ ဒါကြောင့် မိသားစုအတွင်းမှာ ကျောင်းမှာ ဒီအခြေခံလိုအပ်ချက်ကို တိုးတက်ဖွံဖြိုးလာအောင် သင်ကြားပေးဖို့လိုကြောင်း၊

တို့တတွေ အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်ချင်တယ်ဆိုရင် စစ်ပွဲ​တွေမရှိအောင်လုပ်တာကို ငြိမ်းချမ်းရေးလိုသတ်​မှတ်နေလို့မရပါဘူး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင် ညီကိုမောင်နှစိတ်ဓာတ်၊ တရားမျှတမှု၊ ချစ်ခြင်းမေတ္တာ နှင့် ငြိမ်းချမ်းခြင်း ယဉ်ကျေးမှု အလေ့အထတွေကို ဖော်ဆောင်ပေးဖိုလိုအပ်ကြောင်း၊

ဒုတိယကမ္ဘာစစ်မှာကျဆုံးသွားကြသောသူများကို ဂါရဝပြုခွင့်ရခြင်းကိုလည်း ဝမ်းသာမိကြောင်း၊ တဆက်တည်းမှာပဲ သူတို့ကို ဂုဏ်ပြုသလို ယင်းကဲ့သို့ အဖြစ်အပျက်မျိုးနောက်နောင်ဘယ်သောအခါမှ မဖြစ်ပေါ်ရေး နှင့် ငြိမ်းချမ်းခြင်း ယဉ်ကျေးမူအလေ့အထကို တိုးပွားအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း
ရဟန်းမင်းအမတ်ကာဒီနယ် Marc Ouellet မှ ဗာတီကန် သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/vatican-city/news/2019-06/d-day-cardinal-ouellet-culture-of-peace-france-commemoration.html

#d-day, #wwii, #peace, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 4 =