ခရစ္စယာန်များ အီရတ်သို့ဘုရားဖူးခရီးစဉ်ပြန်စမည်

ခရစ္စယာန်များ အီရတ်သို့ဘုရားဖူးခရီးစဉ်ပြန်စမည်

ခရစ္စယာန်များ အီရတ်သို့ဘုရားဖူးခရီးစဉ်ပြန်စမည်

            လွန်ခဲ့သော နှစ်လခန့်က ခရစ်ယာန်ခေါင်းဆောင်များသည် ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူ ကျွန်ုပ်တို့အားလုံး ၏ ယုံကြည်ခြင်းဖခင် အာဘရာဟမ်၏မွေးရပ်မြေ ရှေးဟောင်းမြို့လည်းဖြစ်၊ သမ္မာကျမ်း၀င်မြို့ဟောင်းလည်းဖြစ်သော ‘အုးရ်’ မြို့၌စုပေါင်းဆုတောင်း၍ဘုရားဖူးခဲ့ကြသည်။

 ရဟန်းမင်းကြီးဖရန်စစ်၏ အီရတ်သို့ဘုရားဖူးနှင့်တမန်တော်ခရီးကြွ ရောက်ခဲ့ခြင်းသည် အီရတ်နိုင်ငံကိုအတော်ပြောင်းလဲမှုဖြစ်လာစေရန် အကြောင်းတရားဖြစ်စေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုသမိုင်း၀င်မြို့ဟောင်း၊ သမ္မာ ကျမ်း၀င်မြို့ဟောင်းကို ဘုရားဖူးနေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်ပြီး၊ များမကြာမီ ဘုရားဖူးများဖြင့် အသက်၀င်လာတော့မည်ဖြစ်သည်။    

  ရဟန်းမင်းကြီးဖရန်စစ်၏တမန်တော်ခရီးစဉ်အပြီး နှစ်လခန့်မျှအကြာ ကမ္ဘာတစ်ဝှမ်းမှခရစ်ယာန်ခေါင်းဆောင် ကိုယ်စားလှယ်တစ်ဒါဇင်ခန့်သည် ‘အုးရ်’ မြို့သို့‌ရောက်လာကြသည်။ စနေနေ့က ထိုကိုယ်စားလှယ်များသည်  အာဘရာ ဟမ်၏ဇာတိချက်ကြွေမွေးရပ်မြေသို့သွားရောက်၍ဆုတောင်းဘုရားဖူးခဲ့ကြသည်။ ဘုရားဖူးများဖြင့်လည်း စည်ကားနေ ရန်လည်းမျှော်လင့်ကြသည်။

အဆိုပါခရစ်ယာန်ခေါင်းဆောင်များသည် သောကြာနေ့က Basra မြို့သို့ရောက်ရှိသွားကြပြီး၊ Basra နှင့်ပင် လယ်ကွေ့ဒေသ၏ ဆီးရီးယားကက်သလစ်ဆရာတော်ဖြစ်လာမည့် ရသေ့ Mundher Drdr ၏သိက္ခာထပ်ပွဲ၌ပါ၀င် ခဲ့ကြသည်။ ဆရာတော် Mundher Drdr အား Basra နှင့်ပင် လယ်ကွေ့ဒေသ၏ ဆီးရီးယားကက်သလစ်သာသနာ ပိုင်အဖြစ် ခန့်အပ်မည့်အခမ်းအနားသို့ အန္တီးအုတ်မြို့မှ ဆီးရီးယားကက်သလစ်ဆရာတော် Ignace Youssif III Younan လည်း ပါ၀င်တက်ရောက်မည်ဖြစ်သည်။ အဆိုပါအခမ်းအနားပြီးဆုံးပြီးနောက်တစ်နေ့ စနေနေ့၌ ထိုခရစ် ယာန်ခေါင်းဆောင်ကိုယ်စားလှယ်များသည် ‘အုးရ်’ သို့ဘုရားဖူးရန်နှင့်ကမ္ဘာပေါ်ရှိခရစ်ယာန်များအား ဘုရားဖူးလာ ရောက်ရန်ဖိတ်ခေါ်သည့်သဘောလည်းသက်ရောက်စေခဲ့သည်။       

            အီရတ်အစိုးရ၏ အပိုင်ထဲ၌ရှိသောရှေးဟောင်းဒေသများကို ဘာသာရေးဘုရားဖူးရန်အတွက်လည်းကောင်း၊ ရှေးဟောင်းဒေသသုတေသနပြုရန်အတွက်လည်းကောင်း ပြန်လည်အသက်၀င်လာစေလိုသည်မှာ ဘာသာရေးခေါင်း ဆောင်များ၊ ဒေသအတွင်းနှင့်ဒေသအာဏာပိုင်များ၏ အဓိကဆန္ဓဖြစ်သည်။ ထို့အတူ နိုင်ငံခြားခရီးသွားများ စီး၀င်လာ ရေးသည်လည်းအလေးထားသောအပိုင်းတစ်ခုဖြစ်သည်။ Dhi Qar ဒေသရှိ ရှေးဟောင်းအမွေအနစ်များကို အစိုးရမဟုတ် သောနိုင်ငံ့အတွင်းမှအဖွဲ့အစည်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများက စတင်၍မိတ်ဆက်ဖော်ထုတ်နေပြီဖြစ်သည်။ ကျွန်ုပ် တို့အားလုံး၏ ယုံကြည်ခြင်းဖခင်ဖြစ်သော အာဘရာဟမ်၏အိမ်တည်ရှိရာ အုးရ် မြို့သည် ဘာသာရေးအခြေခံသော ဘုရားဖူးရန်ရန်အလွန်ကောင်းသောအခြေအနေကိုဖန်တီးလာမည်ဖြစ်သည်။     

  ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည် တတိယထောင်စုနှစ်၏အစကို အာဘရဟမ်၏မြို့လေးသို့ ဘုရားဖူးကြွ ရောက်ခြင်းဖြင့်အစပြုရန် အလွန်ဆန္ဒပြင်းပြခဲ့သော်လည်း ပထဝီနိုင်ငံရေးအခြေအနေ မပေးခဲ့သောကြောင့် ခရီးစဉ်ကို ရွေ့ဆိုင်းရင်းမသွားဖြစ်ခဲ့ပေ။ အဆိုပါခရီးစဉ်ကို (၂၀၂၁၊ မတ်လ ၆) ရက်နေ့မှသာ ရဟန်းမင်းကြီးဖရန်စစ်ကြွရောက်နိုင်ခဲ့ ပြီး၊ သက်၀င်ယုံကြည်မူမတူသောဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ အတူတကွဆုတောင်းခြင်းပြုခဲ့ကြ သည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : rasoulali/Shutterstock

https://bit.ly/3fhz6QP

Add new comment

2 + 5 =