"ခရစ္စမတ်"ဟူသော ဝေါဟာရကိုမသုံးရန် အီးယူဆက်သွယ်ရေးလမ်းပြအဖွဲ့၏ကြိုးပမ်းမှုကို ဗာတီကန်မှ ကာဒီနယ်ဝေဖန်

"ခရစ္စမတ်"ဟူသော ဝေါဟာရကိုမသုံးရန် အီးယူဆက်သွယ်ရေးလမ်းပြအဖွဲ့၏ကြိုးပမ်းမှုကို ဗာတီကန်မှ ကာဒီနယ်ဝေဖန်

(၃၂) မျက်နှာရှည်လျားသော အီးယူဆက်သွယ်ရေးလမ်းညွှန်စာအုပ်တွင် အားလုံးတန်းတူညီမျှအခွင့်အရေးကို ထောက်ညှာသောအားဖြင့် ခရစ္စမတ်ရာသီဟူ‌‌ သော အသုံးနှုန်းကို အားလပ်ရပ်ရာသီဟု သုံးနှုန်းရန်ပါရှိသည်။

အီယူအဖွဲ့၀င်များတွင် အားလုံးက ခရစ်ယာန်မဟုတ်သည့်အတွက် အခြားဘာသာ၀င်များကို အတင်းကြပ်ဖိအားပေးသည့် သဘောသက်ရောက်ကြောင်း အကျိုးကြောင်းရှင်းပြထားသည်။

ဗာတီကန်မှ ကာဒီနယ်အတွင်းရေးမှူး Pietro Parolin မှ ဤသို့ တုံ့ပြန်ခဲ့သည်။

"ဒါက နည်းလမ်းမကျဘူး အမှန်တရား နဲ့လည်း ဆန့်ကျင်နေတယ် ကမ္ဘာကြီးဟာ မတူညီခြင်းတွေနဲ့လှပစွာ တည်ရှိနေတာပါ ဘာမဆို လူ့အခွင့်အရေးအမည်နာမအောက်မှ အတင်းအဓမ္မ ပုံစံတစ်ခုတည်းဖြစ်အောင် သွတ်သွင်းလို့မရပါဘူး မတူညီခြင်းကို လေးစားရပါမယ် ဥရောပရဲ့ ခရစ်ယာန် ပွဲတွေဟာ ကမ္ဘာ့အနှံ့မှာ ပျံ့နှံနေတာမှန်ပါတယ် ဒါပေမယ့် ဒီလို နေ့ထူးနေ့မြတ်ကြီးတွေကိုတော့ အားလုံးတန်းတူအခွင့်ရေးဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ မတိမ်မြှုပ်စေသင့်ဘူးလို့ ပြောချင်ပါတယ်" ဟု မိန့်ကြားခဲ့သည်။

များစွာသော လူများကလည်း အဆိုပါလမ်းညွန်ကော်မရှင်း၏ လုပ်ရပ်ကို ကန့်ကွက်နေကြသည်။ အခြားသော ဘာသာ၀င်များတွင်လည်း သူတို့နှင့်ဆိုင်သော ပွဲများရှိပြီး အားလပ်ရပ်များရှိကြောင်းကိုလည်း ထောက်ပြကြကြောင်းသိရသည်။

https://bit.ly/3xKhFRJ

credit to 1001NEWS

Add new comment

12 + 0 =