ခရစ္စမတ်သစ်ပင်နဲ့ သူငယ်တော်အိမ်အတွက်ဗာတီကန်မှ စိန့်ပီတာရင်ပြင်၌စတင်ပြင်ဆင်

ခရစ္စမတ်သစ်ပင်နဲ့ သူငယ်တော်အိမ်အတွက်ဗာတီကန်မှ စိန့်ပီတာရင်ပြင်၌စတင်ပြင်ဆင်

ခရစ္စမတ်သစ်ပင်နဲ့ သူငယ်တော်အိမ်အတွက်ဗာတီကန်မှ စိန့်ပီတာရင်ပြင်၌စတင်ပြင်ဆင်

 

၂၀၂၁ ခုနှစ် လာမယ့်ခရစ္စမတ်အတွက် ဗာတီကန်မှာတော့ ခရစ္စမတ်သစ်ပင်နဲ့ သူငယ်တော်အိမ်နေရာများထားရှိရန်ကို စတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဗာတီကန်စိန့်ပီတာရင်ပြင်တော်မှာနှစ်စဉ်ထားရှိတဲ့ ခရစ္စမတ်သစ်ပင်ဟာ ဉရောပတိုက်မှဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ တမူထူးခြားစွာနဲ့ အမေရိကားမှ ဖြစ်မှာပါ။ Peruvian Andes မှ ရောက်ရှိလာမယ့် ခရစ္စမတ်သစ်ပင် အတွက် လည်းဗာတီကန်မှာထားရှိဘို့ ပြင်ဆင်နေကြပါတယ်။

အဆိုပါနိုင်ငံမှ ပညာရှင် ၅ ဉီးပုံဖော်ထုဆစ်ထားတဲ့ သူငယ်တော်အိမ် သို့မဟုတ် သခင်ယေဇူးမွေးဖွားခြင်းကို ပုံဖော်ခြင်း ကို  လူတစ်ဉီးအရွယ်နဲ့ညီမျှတဲ့ ဆင်းတုတော် ၃၀ ပါရှိမှာဖြစ်ကြောင်း၊ ဒါဟာ ပီရူး လွတ်လပ်ရေးရခြင်း နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်အတွက်လည်းဖြစ် သလို တောင်အမေရိကားတိုက်ရဲ့ ယဉ်ကျေးမှုကို ပြသကျင်းပခြင်းဖြစ်တယ်လိုလည်းဆိုပါတယ်။

အမြင့်ပေ ၉၀ ရှည်တဲ့ ခရစ္စမတ်သစ်ပင်ကတော့  အီတလီမြောက်ပိုင်း ထရန်တီးနို မှပို့ဆောင်မှာဖြစ်ပြီး  အနီရောင်ထင်းရှူး မျိုးနဲ့ ပြုလုပ်မှာပါ။

နိုဝင်ဘာလတလျှောက်လုံး ပြင်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပြီး ဒီဇင်ဘာ လ ၁၀ ရက် နေ့ရောက်မှသာ ဗာတီကန်မှ သူငယ်တော်အိမ်နဲ့ ခရစ္စမတ်သစ်ပင် ကို တရားဝင်ဖွင့်လစ် ပြသသွားမှာဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3wUK5YW

Add new comment

8 + 6 =