ခရစ္စမတ်ပွဲတော် ကျင်းပမည့် အချိန်ဇယားကို ကပ်ရောဂါကြောင့် ဗာတီကန်မှ ပြောင်း လဲမှုပြုလုပ်ခဲ့

ခရစ္စမတ်ပွဲတော် ကျင်းပမည့် အချိန်ဇယားကို ကပ်ရောဂါကြောင့် ဗာတီကန်မှ ပြောင်း လဲမှုပြုလုပ်ခဲ့

နှစ်စဉ်ကျင်းပနေကြဖြစ်သော ဗာတီကန်၏ ခရစ္စမတ်ပွဲတော် အချိန် ဇယားမှာ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြောင်းလဲမှုတစ်ချို့ ပြုလုပ်ခဲ့ရသည်။

အစဉ်အလာအရ ခရစ္စမတ်ည မစ္ဆားကို ရောမမြို့၏ စံတော် ချိန် ည (၉:၃၀)တွင် ပူဇော်လေ့ရှိသော် လည်း ယခုတွင်မူ ရောမစံတော်ချိန် ည(၇:၃၀) အချိန်တွင် ပူဇော်မည်ဖြစ် သည်။

ခရစ္စမတ်ညတွင် စိန့်ပီတာ ဘာစီလီကာ၏ ရင်ပြင်တော်မှ ရဟန်း မင်း ကြီး အရှင်သူမြတ်သည် “Urbi et Orbi” ဟုခေါ်သော ရောမမြို့နှင့် က မ္ဘာတစ်ဝှမ်းလုံးသို့ အထူးကောင်း ကြီးမင်္ဂလာပေးလေ့ရှိသည်။ ယခုနှစ်တွင်မူ ၀ါကျွတ်ပွဲတော်နေ့က ကောင်းကြီးပေးခဲ့သည့်အတိုင်း စိန့်ပီတာ ဘာစီလီကာအတွင်းမှသာ ရောမမြို့စံတော်ချိန် ည(၁၂)နာရီတွင် ကောင်းကြီးမင်္ဂလာပေးတော်မူမည်ဖြစ်သည်။

ဒီဇင်ဘာ(၃၁)တွင်လည်း ယခု ကဲ့သို့ပင် ပြုလုပ်မည်ဖြစ်ပြီး တစ်နှစ်တာအတွင်း ရရှိခဲ့သောကောင်းကြီး တော်များအတွက် ကျေးဇူးတင်ခြင်းကိုမူ ရောမမြို့စံတော်ချိန် ညနေ (၅) နာရီတွင် ကျင်းပမည်ဖြစ် သည်။

ဘုရား၏မယ်တော်ပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တို့ ပြိုင်တူကျရောက်နေသော (၂၀၂၁)ခုနှစ်အတွက် ပထမဆုံး မစ္ဆားတရားတော်မြတ်ကို ရောမမြို့စံတော်ချိန် နံနက် (၁၀)နာရီတွင် ပူဇော်သွားမည်ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သော အ စီ အစဉ်များကို ပါဝင်သူနည်းနိုင်သမျှနည်းစွာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကျန်းမာရေးလုံခြုံစိတ်ချစေရန် တိုင်းတာ ခြင်းများ ၊ social distancing များ ပြုလုပ်ပြီး maskများ တပ်ဆင်ကာ ကျင်း ပပြုလုပ်သွားမည်ဖြစ် သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of: CRUX NOW

https://bit.ly/2KbDrJu

Add new comment

13 + 6 =