ခရစ္စမတ်စ်၏အလင်းတော်ကို ဘယ်အရာကမျှ  မပိတ်ပင်နိုင်ပါ

ခရစ္စမတ်စ်၏အလင်းတော်ကို ဘယ်အရာကမျှ  မပိတ်ပင်နိုင်ပါ

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မိမိတို့၏နှလုံးသားများကိုဖွင့်၍ ခရစ္စမတ်စ်အလင်းတော်ကို ကြိုဆိုကြရန်နှင့် လိုအပ်နေသူများကို အကူအညီပေးကြရန်အတွက် ခရစ်ယာန်များအား ဖိတ်ခေါ်လိုက်သည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တနင်္ဂနွေနေ့တွင် အန်ဂျေလူးမေတ္တာရွတ်ဆိုပြီးနောက်၊ စိန့်ပီတာရင်ပြင်တွင်ရှိနေကြသောဘာသာတူများကို နှုတ်ဆက်ပြီး မည်သည့်ကပ်ရောဂါ (သို့မဟုတ်) အခက်အခဲများမှ ခရစ္စမတ်စ်၏အလင်းတော်ကိုပိတ်ပင်ထားနိုင်မည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

စိန့်ပီတာရင်ပြင်တွင် ဗာတီကန်အတွက်ခရစ္စမတ်စ်သစ်ပင်ကိုစိုက်ထူပြီးဖြစ်၍ ယေဇူးသခင်ဖွားမြင် တော်မူသည့်ပုံစံ(ဆင်းထုတော်များ)ကိုလည်း မကြာမီတွင် ကောင်းချီးပေးဖွင့်လှစ်တော့မည် ဖြစ်ကြောင်း၊ ဤခရစ္စမတ်၏အမှတ်လက္ခဏာများကို ကလေးသူငယ်များနှင့်လူကြီးများအားလုံး ပျော်ရွှင်စေရန်အတွက် နေအိမ်များစွာတွင်လည်း ပြင်ဆင်နေကြပြီဖြစ်ကြောင်း မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့သည်။

“ဒါတွေဟာ အထူးသဖြင့် ဒီလိုခက်ခဲနေတဲ့အချိန်မှာ မျှော်လင့်ခြင်းရဲ့သင်္ကေတတွေ၊ အမှတ်အသားတွေဖြစ်တယ်။ ဒီအရာတွေနဲ့ပဲပြီးသွားတာမျိုးမဟုတ်ဘဲ၊ ဒါတွေရဲ့အဓိပ္ပာယ်တွေကိုလည်း နားလည်နိုင်ဖို့ကြိုးစားကြပါ။ ကမ္ဘာကြီးကို ဘုရားသခင်သွန်းလောင်းပေးသနားတော်မူတဲ့ ကောင်းမြတ်ခြင်း၊ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဖြစ်တော်မူတဲ့ သခင်ခရစ်တော်က ဘယ်လိုကပ်ရောဂါ/ အခက်အခဲတွေကမှ ခရစ္စမတ်စ်ရဲ့အလင်းတော်ကိုပိတ်ပင်ထားနိုင်မှာမဟုတ်ဘူးဆိုတာကို အာမခံချက် ပေးနေတာဖြစ်တယ်။ ဒါ့ကြောင့် သခင်ခရစ်တော်ကို ကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာ ဝင်ရောက်နိုင်ဖို့နဲ့ လိုအပ်နေသူတွေဆီကိုရောက်ရှိနိုင်ဖို့ ခွင့်ပြုကြပါစို့” ဟူ၍ ခရစ်ယာန်များအား ဖိတ်ခေါ် တိုက်တွန်းခဲ့သည်။

ထို့နောက် “ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌သော်လည်းကောင်း၊ ကျွန်ုပ်တို့အလယ်၌ သော်လည်းကောင်း တစ်ဖန်မွေးဖွားခြင်းကိုခံတော်မူမည်” ဟူ၍ အဆုံးသတ်ခဲ့သည်။

Translated by CBCM OSC

Photo Credit to Vatican News

https://bit.ly/34d3ZBt

News Source: Vatican News

 

Add new comment

1 + 1 =