ခရစ္စမတ်ကာလအတွင်းမန္တလေးဂိုဏ်းချုပ်သာသနာ၌ လိုက်နာရမည့်လမ်းညွှန်ချက်ထုတ်ပြန်

ခရစ္စမတ်ကာလအတွင်းမန္တလေးဂိုဏ်းချုပ်သာသနာ၌ လိုက်နာရမည့်လမ်းညွှန်ချက်ထုတ်ပြန်

မန္တလေး ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီးက သိုးစု အတွက် လမ်းညွှန်ချက်တရပ် ထုတ်ပြန်ခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်က သူ၏လမ်းညွှန်ချက်များ၌ ဘာသာတူများအနေဖြင့် ကာယပိုင်းပျော်ရွှင် ရန်ပြင်ဆင်ခြင်းထက် အာပတ်ဖြေခြင်း၊ မစ္ဆားတရားပါ၀င်ပူဇော်ခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်း၊ တရားထိုင်ခြင်း၊ ဩ၀ါဒများကိုနားထောင်ခြင်း၊ ဆုတောင်းခြင်း၊ စိတ်ပုတီးစိပ်ခြင်း၊ အကူအညီလိုအပ်သူများအားကူညီပေးခြင်းကိုပြုလုပ်ရန်လမ်းညွှန်တိုက်တွန်းထားသည်။

သူငယ်တော်မွေးဖွားသန့်စင်လာမည့်နေ့ ကိုစောင့်မျှော်သောအားဖြင့် ခရစ္စမတ်နို‌ဝေးနာကိုလည်း ဒီဇင်ဘာ လ (၁၇) ရက်နေ့တွင်မပျက်မကွက်ပြုလုပ်ရန်၊ ခရစ္စမတ်သတင်းကောင်းဆောင်သည့် ကယ်ရိုသီချင်းများလည်းမဆိုကြရန်၊ ပျော်ပွဲရွှင်ပွဲများ ကိုရှောင်ကြရန်၊ ခရစ္စမတ်နှင့်စပ်လျင်း၍မိသားစုအတွင်း၌ကျင်းပသောပျော်ရွှင်ပွဲ၊ စားသောက်နေသောပုံများကိုလည်းလူမှုကွန် ရက်ပေါ်တင်ခြင်းမပြုကြရန်၊ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းတိုက်၊ သီလရှင်ကျောင်းတိုက်၊ ဘုရားကျောင်းခေါင်းလောင်းစဉ်များကိုအလှဆင်ခြင်းမပြုရန်ကိုလည်းကျောင်း ထိုင်များ၊ သီလရှင်များ၊ ဘာသာတူများအားပန်ကြားထားသည်။

ဤသို့ပန်ကြားရခြင်းမှာ ဂိုဏ်းချုပ်သာ သနာအတွင်း ပြည်တွင်းစစ်မီးးကြောင့်မိမိတို့၏အိုးအိမ်စွန့်ပစ်ထွက်ပြေးနေကြရသောပြည်သူများ၊ စည်း စိမ်ဥစ္စာပစ္စည်းများမီးရှိုဖျက်ဆီခံရ၊ သိမ်းယူခံရ၊ ဓားပြတိုက်ခံရသောအဖြစ်မျိုးနှင့်ကြုံနေရသောပြည်သူ များနှင့်တစ်ထပ်တည်းရှိကြောင်း ကိုပြသရန်ဖြစ်သည်ဟုဆိုသည်။

မန္တလေးသည် မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး၊ မြန်မာဘုရင်များနန်းစိုက်ခဲ့သောမြို့ဟောင်းလည်းဖြစ်သည်။ ထို့အတူဗုဒ္ဓဘာသာ၀င်တို့၏နှလုံးသဲပွတ်မြို့လည်းဖြစ်သည်။

ဂိုဏ်းချုပ်သာသနာအတွင်း၌ ကက်သလစ်ဘာသာတူများသည် လူနည်းစုသာ ရှိပြီး အများဆုံးမှာ ဗုဒ္ဓဘာသာ၀င်ဖြစ်သည်။ (၂၀၂၁) ၏စစ်တမ်အရ မန္တလေးမြို ဂိုဏ်းချုပ်သာသနာအတွင်း ကက်သလစ်ဘာသာတူဦးရေ (၂၁၃၄၆) ဦးသာရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3VmbT3x

Add new comment

10 + 2 =