ခရစ္စတူးသခင်၌လူမျိုးရေး၊ လူမှုရေး၊ ဘာသာရေးစသောမတူကွဲပြားမှုများကိုစည်းလုံးသွားစေခဲ့ သည်ဟုရဟန်းမင်းကြီးမိန့်

ခရစ္စတူးသခင်၌လူမျိုးရေး၊ လူမှုရေး၊ ဘာသာရေးစသောမတူကွဲပြားမှုများကိုစည်းလုံးသွားစေခဲ့ သည်ဟုရဟန်းမင်းကြီးမိန့်

ညီအစ်ကိုမောင်နှမအပေါင်းတို့

            တမန်တော်ပေါလ်လု၏ ဂါလားဆီးယားမြို့သားများထံပေးပို့သော ဆုံးမဩဝါဒစာစောင်၌ တမန်တော်ပေါလ်လု က ယေဇူးခရစ္စတူး၌ ဇစ်မြစ်မှပြောင်းလဲသောအသက်တာသစ်အကြောင်း ကို သွန်သင်နေသည်။ ယေဇူးသခင်၏လူ့အ ဖြစ်ကိုယူတော်မူခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းဖြင့် ဘုရားသခင်၏သားတော်သည် ကမ္ဘာလောကသားများအ တွက် ခမည်းတော်နှင့်ပြန်လည်ကြေအေး သင့်မြတ် ပေးခဲ့သည်။  ကျွန်ုပ်တို့အားအသက်တာအသစ်ကိုမွေးဖွားစေခဲ့ သည်။ သားသမီးဖြစ်ခွင့်ကို ပေးသနားခဲ့သည်။  ယုံကြည်ခြင်းနှင့်ဆေးကြောခြင်းအားဖြင့် အတွင်းပိုင်း၌ပြုပြင်မှုကိုခံ ခဲ့ရသည်။ ထိုပြုပြင်မှုကား ‘ခရစ္စတူး’ ကိုထည့်ပေးလိုက်ခြင်းဖြစ်သည်။ ထိုအခါ ဖန်ဆင်းခံအသစ်ဖြစ်လာခဲ့သည်။ ဤ အခြေအနေအားလုံးသည် လူမျိုးရေး၊ လူမှုရေး၊ ဘာသာရေးစသောမတူကွဲပြားမှုများကို စည်းလုံး သွားစေခဲ့သည်။ အ ဘယ်ကြောင့်ဆိုသော် ‘ခရစ်တော်၌ ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျေးကျွန်နှင့် လွတ်လပ်သူဟူ၍လည်းမရှိ။ ယောကျာ်းနှင့်မိန်းမဟူ၍လည်းမရှိတော့ပေ။’ (ဂါလာဆီယာ ၃း၂၈)

            ကျွန်ုပ်တို့ခရစ်ယာန်များသည် ဆေးကြောခြင်းမင်္ဂလာခံယူခြင်းဖြင့်ရလိုက်သော အသက်တာ အသစ်ကို မကြာခဏရပိုင်ခွင့်ဟုထင်မြင်နေတတ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြောင်းအသိရှိနေ ပါက ကျွန်ုပ်တို့သည် ကွဲပြားမှုကိုဖြစ်စေသောမည်သည့်အခြေအနေမျိုးကိုမဆို ကြေအေးရန်၊ ခရစ္စတူးသခင်၌ ကျွန်ုပ် တို့အားလုံးတစ်လုံးတစ်၀တည်းရှိကြောင်း၊ ကျွန်ုပ်တို့အားလုံးသည် စည်းလုံးခြင်းကိုတည်ဆောက်ရန်ခေါ်တော်မူခြင်း ခံထားရကြောင်း၊ ဤခေါ်တော်မူခြင်းသည် လူသားထု တစ်ရပ်လုံး အတွက် ဘုရားသခင်၏အစီအမံဖြစ်သည်’ ဟုမိန့် ကြားခဲ့သည်။  

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

(cf. Gaudium et Spes, 1)

Ref: Rome Reports 

https://bit.ly/3BWAthA

Add new comment

3 + 2 =