ခရစ္စတူးဘုရင်ပွဲနေ့တွင် ကမ္ဘာ့လူငယ်များပွဲကားတိုင်အား ပေါ်တူဂီလူငယ်များထံ လွှဲအပ်

ခရစ္စတူးဘုရင်ပွဲနေ့တွင် ကမ္ဘာ့လူငယ်များပွဲကားတိုင်အား ပေါ်တူဂီလူငယ်များထံ လွှဲအပ်

နိုဝင်ဘာ၂၂ရက်၊ခရစ္စတူးဘုရင်ပွဲနေ့တွင် ကမ္ဘာ့လူငယ်များနေ့လက်ဝါးကပ်တိုင်အားပဏားမားလူငယ်များမှ ပွဲဆက်လက်လက်ခံကျင်းပမည့် ပေါ်တူဂီ လူငယ်များလက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ဤအစီအစဥ်ကို ရောမမြို့ရှိ စိန့်ပီတာဘာစီလီကာ ဘုရားကျောင်းတွင်ကျင်းပသည်။

ရောမစံတော်ချိန် မနက်၁၀ နာရီတွင် ဝတ်ပြုခြင်းအစီအစဥ်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ စတင်ဦးဆောင်ပေးခဲ့သည်။

လွန်ခဲ့သော ၃၆ နှစ်က ယခုအချိန်တွင် ရဟန္တာဖြစ်ပြီးသော ပျံလွန်တော်မူပြီးသော ပုပ်ဂျွန်ပေါလ် ၂က ဤပွဲကိုစတင်ကျင်းပခဲ့သည်။

ဤလက်ဝါးကပ်တိုင်သည် သစ်သားဖြင့်ပြုလုပ်ထားပြီး အကြိမ်ကြိမ် ပြုပြင်မွမ်းမံခဲ့ကြသည်။

ထို့အပြင် နိုင်ငံပေါင်းများစွာသို့ ခြေဆန့်ခဲ့သော လက်ဝါးကပ်တိုင်လည်းဖြစ်သည်။

 

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Catholic telegraph

https://bit.ly/3pY04l9

Add new comment

3 + 10 =