ခမာနီလက်ထက်၌သတ်ဖြတ်ခံခဲ့ရသူများအား ကဗ္ဘောဒီးယားကက်သလစ်ဘာသာတူများသတိရဆုတောင်းပေးကြ

ခမာနီလက်ထက်၌သတ်ဖြတ်ခံခဲ့ရသူများအား ကဗ္ဘောဒီးယားကက်သလစ်ဘာသာတူများသတိရဆုတောင်းပေးကြ

ကဗ္ဘောဒီးယားနိုင်ငံမှကက်သလစ်ဘာသာတူများသည် (၁၉၇၀) ၀န်းကျင် Pol Pot ၏ခမာနီလက်ထက်ကွပ်မျက်ခံခဲ့ရသော ကက်သလစ်ဘာသာတူများ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များသတိရဆု တောင်းပေးခဲ့ကြသည်။ ဤအောက်မေ့သတိရပူဇော်သောမစ္ဆားတရားတော်၌ Tang Kork ခရိုင်၊ Kampong Thom မှဆရာတော်များ၊ ရဟန်းတော်များ၊ သူတော်စင်အမျိုးသား၊ အမျိုးသမီးများ၊ ကက်သလစ်ဘာသာတူများပါ၀င်ပူဇော်ခဲ့ကြသည်။ ခမာနီအုပ်ချုပ်စဉ်ကသတ်ဖြတ်ခံခဲ့ရသော ရဟန်း၊ သူတော်စင်၊ ဘာသာတူစုစုပေါင်း (၃၀၀၀) ကျော်ရှိခဲ့သည်။

ကဗ္ဘောဒီးယားနိုင်ငံအတွက် ရဟန်းမင်းကြီးမှခန့်အပ်ထားသော ပြင်သစ်သာသနာပြု အသင်း၀င် Phnom Penh မြို့၏သာသနာ့တာ၀န်ခံ ဆရာတော် Olivier Schmitthaeusler က ဤဓမ္မအာဇာနည်ကြီးများ၏စံပြုထိုက်သောသက်သေများသည် ကမ္ဘောဒီးယားကက်သလစ်ဘာသာတူတို့အားလမ်းပြပေးနေသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ ကက်သလစ်သာသနာသည် ခမာနီစနစ်ပျက်ပြုန်းပြီးမှတဖန်ပြန် လည်မွေးဖွားရှင်သန်လာခဲ့ရ၍ သာသနာနယ်အသစ်ဟုဆိုနိုင်ပါသည်။ ခမာနီစနစ်၌အမြစ်ပြတ်ချေမှုန်းရန်မြေလှန်ကြိုးစားခဲ့သည်။ ယခုအခါ ကက်သလစ်ဘာတူ (၂၃၀၀၀) ရှိကြောင်း၊ ဘုရားသခင်သည် သူ၏သာသနာကိုစွန့်ပစ်မထားကြောင်း၊ ကျွန်ုပ်တို့သည် အနာဂတ်ကိုအစဉ်မျှော်တွေးလျှက်ရှိကြောင်းဖြင့် မစ္ဆားတရားအတွင်းပြောကြားခဲ့သည်။

ကွပ်မျက်ခံခဲ့ရသော ကက်သလစ်ဓမ္မအာဇာနည်ကြီးများအတွက် အောက်မေ့ဂုဏ်ပြု၍ပူဇော်သောမစ္ဆားတရား၌ Battambang သာသနာပိုင်ဆရာတော် Enrique Figaredo Alvargonzalez၊ Kompong-Cham သာသနာပိုင် ဆရာတော် ierre Suon Hangly တို့လည်းမစ္ဆားတရားကို အတူတကွပူဇော်ခဲ့ကြသည်။

ခမာနီလက်ထက်ကွပ်မျက်ခံခဲ့ရသော ဓမ္မအာဇာနည်းများအား ရဟန္တာတင်မြောက်နိုင်ရန် (၂၀၁၅) မှစတင်စုံစမ်းစစ်ဆေးခဲ့သည်။ အစုလိုက်အပြုံလိုက်ကွပ်မျက်ခံခဲ့ရသောကက်သလစ်ဘာသာတူများအနက် ဆရာတော် Joseph Chhmar Salas နှင့် အခြား (၃၄) ပါးကွပ်မျက်ခံခဲ့ရသည်။

မစ္ဆားတရားပူဇော်သောနေရာမှာ အဆိုပါကွပ်မျက်ခံရသောဓမ္မအာဇာနည်များကွပ်မျက်မခံရမည် ရက်အနည်းငယ်ပြောင်းရွေ့ထားခံထားရသည့်နေရာ၌ပူဇော်ခဲ့သည်။ ၀တ်ပြုဆုတောင်းခြင်းနှင့်အတူဆရာတော်ကြီးတို့၏အဆောင်အယောင်များကိုပြထားပေးမည်ဖြစ်သည်။

ကွပ်မျက်ခံရသောဆရာတော်လွယ်ခဲ့သောလက်၀ါးကပ်ကိုမူ ဆရာတော် Schmitthaeusler ကဆောင်ထား သည်။ ရဟန္တာတင်မြောက်နိုင်ရန်စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရာ၌တာ၀န်ခံထားသော ဖာသာရ် Paul Roeung Chatsirey ၏မှတ်ချက်အရ ဆရာတော်နှင့်ပြင်သစ်သာသနာပြုဘုန်းတော်ကြီးတို့ကွပ် မျက်ခံရသော လောနှင့်ကမ္ဘောဒီးယားနိုင်ငံများမှလိုအပ်သောအချက်အလက်ခိုင်လုံမှုများကိုမူ နိုင်ငံအတွင်းရှိကက် သလစ်ဘာသာတူတို့၏အကူအညီဖြင့်ရယူပြီး ဗာတီကန်သို့ပေးပို့ထားပြီဖြစ်ကြောင်းပြောသည်။

(၁၉၇၀ မှ ၁၉၇၇) ခုနှစ်များအတွင်း ခမာနီအုပ်ချုပ်စဉ် လူနှစ်သန်းနီးပါးအားသတ် ဖြတ်ခဲ့သည်။ ၄င်းတို့အနက် ကက်သလစ်ဘာသာတူများ၊ ဓမ္မဆရာများ၊ သာသနာပြုများလည်းပါသွားခဲ့သည်။ ဓမ္မအာဇာနည်စာရင်း၌ ကမ္ဘောဒီးယားနိုင်ငံတစ်ခုမှသာမဟုတ်ဘဲ ဗီယက်နမ်နှင့်ပြင်သစ်မှလည်းပါသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/43VOniw

Add new comment

4 + 6 =