ခက်ခဲသောအချိန်ကာလ၌ ခရစ္စမတ်ကို ‘စာနာခြင်း၏ပွဲတော်’ အဖြစ်ကျင်းပရန် ပုပ်ဖရန်စစ် မိန့်ကြား

ခက်ခဲသောအချိန်ကာလ၌ ခရစ္စမတ်ကို ‘စာနာခြင်း၏ပွဲတော်’ အဖြစ်ကျင်းပရန် ပုပ်ဖရန်စစ် မိန့်ကြား

ခက်ခဲသောအချိန်ကာလ၌ ခရစ္စမတ်ကို ‘စာနာခြင်း၏ပွဲတော်’ အဖြစ်ကျင်းပရန် ပုပ်ဖရန်စစ် မိန့်ကြား

 

            ဗာတီကန်သည် နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်တေးသံသာကို နာမည်ကြီးသော အနုပညာရှင် များဖြစ်ကြသော Lionel Richie, Leo Rojas and Susan Boyle တို့နှင့်တီးခတ်ဖျော်ဖြေတင် ဆက်လေ့ရှိသည်။ ယခုနှစ်၌မူ အပျော်တမ်းခရစ္စမတ်မြူးစိပြိုင် ပွဲ၌ဆုရရှိထားသောအဖွဲ့ ကလည်းတင်ဆက်မည်ဖြစ်သည်။

ဆုရရှိသူများနှင့်ပွဲစီစဉ်သူများသည် ရဟန်းမင်းကြီးနှင့်လည်းတွေ့ ဆုံပြီးဖြစ်သည်။

ရဟန်းမင်းကြီးက ခရစ္စမတ်သည် ယခုကဲ့သို့ တစ်ကမ္ဘာလုံးက ကပ်ရောဂါဆိုးကြီးနှင့်လုံးပန်းနေရသော်လည်း ကျင်းပသင့်သောပွဲတစ်ပွဲဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤပွဲတော်ကိုကျင်းပရခြင်းမှာ ပျော်ပွဲရွှင်ပွဲမဟုတ်ဘဲ ‘စာနာ ခြင်း၊ သိမ်မွေ့ခြင်း၏ပွဲတော်’ ဖြစ်သည်ခြင်းကြောင့်ဖြစ်ကြောင်း၊  ဤ ‘စာနာခြင်း’ စိတ်သည် ဗာတီကန်မှကြီးမှူးကျင်းပသော ကမ္ဘာတစ်၀ှမ်းနှင့်ဆိုင် သောပညာရေးအပေါ်၌အကျိုးသက်ရောက်မှုများစွာရှိစေခဲ့ကြောင်း အထူးသဖြင့် ကွဲပြားမှုနှင့်ဆန့်ကျင်ဖက်များကိုလက်ခံကျော် လွှားနိုင်သူများ၊ ညီအစ်ကိုရင်းစိတ်ဓာတ် ကိုတည်ဆောက် ချိပ်ဆက်မူများကိုလုပ်ဆောင်နိုင်သော ရင့်ကျက်သည့်သူများကိုမွေး ထုတ်ပေးရန်ဖြစ်သည်။ ဤရည်မှန်းချက်ကိုဖော်ဆောင်ရန်မှာ သတ္တိလည်းလိုအပ်သကဲ့သို့ တီထွင်ဖန်တီးတတ်ရန်လည်းလိုပါ သည်’ ဟုရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ဗာတီကန်အနေဖြင့် ယခုနှစ်၌ မည်သည့်အဖွဲ့များပါ၀င်တင်ဆက်မည်ကိုမူ တရား၀င်ထုတ်ဖော်ပြောခြင်းမရှိသေးပေ။ သို့သော် (၉၀) နှစ်ကအနုပညာရှင်များဖြစ်သော Anggun, Shaggy and Ian Anderson တို့ပါ ၀င်ကြောင်းကိုမူအတည်ပြုပြောကြားပြီးဖြစ်သည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DNOSy5

Add new comment

4 + 0 =