ခက်ခဲသောအချိန်ကာလများပြီးနောက် ချစ်သူစုံတွဲများအတွက် အဆက်အသွယ်ပြန်ရရှိရန်အကြံပြုချက်များလိုအပ်ဟုဆို

ခက်ခဲသောအချိန်ကာလများပြီးနောက် ချစ်သူစုံတွဲများအတွက် အဆက်အသွယ်ပြန်ရရှိရန်အကြံပြုချက်များလိုအပ်ဟုဆို

ခက်ခဲသောအချိန်ကာလများပြီးနောက် ချစ်သူစုံတွဲများအတွက် အဆက်အသွယ်ပြန်ရရှိရန်အကြံပြုချက်များလိုအပ်ဟုဆို

ကပ်ရောဂါသည် အချို့သော မိသားစုများနှင့် စုံတွဲများအတွင်း ဆက်သွယ်ရေးပြဿနာများကို ပိုမိုဆိုးရွားစေသည်။ ထို့ကြောင့်အကြံပြုချက်များလိုအပ် စိတ်ပညာရှင် Patricia Flor က ဆိုသည်။

၎င်းက ဆက်ဆံရေးကို မည်သို့ပြန်လည်တည်ဆောက်ရမည်ကို စဉ်းစားရန် ဤကန့်သတ်ချက်များကို ဖြေလျော့ပေးသည့်အချိန်ကို အသုံးပြုရန် အကြံပြုထားသည်။

စိတ်ပညာရှင် ပက်ထရစ်ရှာ ဖလော်က “လုပ်ဆောင်ရမယ့် အဓိက မဏ္ဍိုင်ကတော့ ကောင်းမွန်တဲ့ အချိန်တွေကို အတူတကွ ကုန်ဆုံးစေပြီး ချစ်ခင်ကြင်နာခြင်းပြသည့် အမူအရာတွေဆီကို ပြန်လည် ကျင့်သုံးခြင်းဖြစ်မယ်လို့ ထင်ပါတယ်။ လင်မယားနှစ်ယောက် တစ်ဦးကိုတစ်ဦး အထင်ကြီးလေးစားမှုကို ပြန်စဉ်းစားဖို့၊ နောက်တစ်ကြိမ် ရည်မှန်းချက်တွေ ချမှတ်ပြီး ပေါင်းဖက်ခြင်းအတွက် အနာဂတ်အိပ်မက်ကို စတင်မက်ကြဖို့ ပြန်လာမှာပါ” ကပ်ရောဂါသည် အရွယ်ရောက်ပြီးသူများနှင့် ဆယ်ကျော်သက်များတွင် စိုးရိမ်စိတ်၊ ဖိစီးမှုနှင့် စိတ်ကျရောဂါဖြစ်ပွားမှု အရေအတွက် တိုးလာသည်ဟု Patricia Flor က ပြောသည်။

သူမကဆက်လက်ပြီး “ဒီပြဿနာတွေကို တားဆီးဖို့အတွက် ရှင်းလင်းတဲ့ စံနှုန်းတွေနဲ့ ကန့်သတ်ချက်တွေရှိဖို့ အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ တစ်နည်းဆိုရသော် အိမ်တွင်၊ မိသားစုအတွင်း၌ မိမိ၏အခန်းကဏ္ဍကို နားလည်ရန်လိုပါတယ်။ ထို့အပြင် ကန့်သတ်ချက်များရှိပြီး၊ ၎င်းကန့်သတ်ချက်များ ကျော်လွန်သွားပါက အကျိုးဆက်များ ရှိကြောင်း နားလည်ရမှာပါ။ ဒါဟာ မိသားစုနဲ့ စုံတွဲတွေအတွက် အကျုံးဝင်ပါတယ်။”

MOMA Family Care Center မှ ကျွမ်းကျင်သူများသည် အတူပေါင်းသင်းဆက်ဆံရေးပြန်လည်ထူထောင်ခြင်း၏ အခက်ခဲဆုံးသော ကဏ္ဍများကို မည်သို့ဖြေရှင်းရမည်ကို ရှင်းလင်းပြောပြပါသည်။ "မာရီယာ ဟာနန်ဒက်ဇ်" ဆိုသူက လူတစ်ဦး၏ ခံစားချက်ကို မကျေမနပ် မ‌ဖြစ်အောင် ဆက်ဆံရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

“အဲဒီလူနဲ့ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောပါ။ သူတို့ရဲ့ လုပ်ရပ်တွေက သင့်ကို ဘယ်လိုခံစားရစေလဲ သူတို့ကို ပြောပြပါ။ အဲဒီလူကို ဖွင့်ပြောပါ၊ ဒါပေမယ့် ခြုံငုံကောက်ချက်ချခြင်းနှင့် အထင်အမြင်သေးခြင်းမျိုး မဖြစ်သင့်ပါ။” ဘယ်အချိန်နဲ့ ဘယ်လိုဖော်ပြရမယ်ဆိုတာ သိခြင်းဟာ အနုပညာတစ်ခုပါ။ ပုပ်ရဟန်းမင်းကြီးတောင်မှ အဲ့ဒါကို လုပ်ဆောင်ဖို့ အကြံပြုပါတယ်။ ဥပမာအနေဖြင့် Pope Francis က ဆိတ်ဆိတ်နေပြီး ဖြည်းဖြည်းချင်း ဆုတ်ခွာနေဖို့ထက် စကားပြောတာက ပိုကောင်းတယ်လို့ ပြောပါတယ်။ ၎င်းကို "စစ်အေး" ဟုခေါ်သည်လို့ပြောခဲ့ပါတယ်။

“ပန်းကန်ပြားတွေ ပျံနေပါစေ၊ ဒါပေမယ့် နေ့မကုန်ခင် နောက်နေ့ စစ်အေးတိုက်ပွဲက အန္တရာယ်ရှိလို့ ငြိမ်းချမ်းရေးရအောင် လုပ်ပါ” လို့လည်း ပုပ်ကမြွက်ကြားဖူးပါတယ်။

ဆက်သွယ်ပြောဆိုခြင်းသည် တစ်ဦး၏ကိုယ်ပိုင်ခံစားချက်ကို နားလည်ရန် လိုအပ်ကြောင်း မာရီယာ ဟာနန်ဒက်ဇ်က ရှင်းပြသည်။ သင်ယူရန် ခက်ခဲသော ကျွမ်းကျင်မှုတစ်ခု ဖြစ်သော်လည်း ၎င်းသည် လူတစ်ဦး၏ စိတ်နေစိတ်ထားကို ထိန်းချုပ်ရန် ကူညီပေးသောကြောင့် တရားထိုင်ရန်ကိုလည်း အကြံပြုထားသည်။

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

https://bit.ly/3oxu9YL

Add new comment

1 + 4 =