ခက်ခဲသောဒေသများသို့ ဧ၀ံဂေလိတရားကြေညာဟောပြောရန်ပုပ်ဖရန်စစ် သူတော်စင်များအား တိုက်တွန်း

ခက်ခဲသောဒေသများသို့ ဧ၀ံဂေလိတရားကြေညာဟောပြောရန်ပုပ်ဖရန်စစ် သူတော်စင်များအား တိုက်တွန်း

ပုပ်ဖရန်စစ်က သူတော်စင်များနှင့်တွေ့ဆုံစဉ် သာသနာပြုအရောက်အပေါက်နည်းသောဒေသများသို့သွား၍ ဧ၀ံဂေလိတရားကိုကြေညာဟောပြောရန်တိုက်တွန်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကလဲစီယံသူတော်စင်အသင်းတည်ထောင်ခြင်း (၁၇၅) ပြည့် မဟာဂျူဗလီပွဲကြီးကို တစ်နှစ်တာအချိန်ယူ၍ကမ္ဘာတစ်၀ှမ်းရှိ ၄င်းတို့အသင်းများရှိရာ၌ ကျင်းပလာခဲ့သည်မှာယခုလ ဇူလိုင်တွင် အဆိုပါဂျူဗလီနှစ်ပြီးဆုံးတော့မည်ဖြစ်သည်။ ထိုကြောင့်ရဟန်းမင်းကြီးကိုယ်တိုင်လည်းပါ၀င်ဆင်နွှဲလိုကြောင်းဖြင့် အသင်းတစ်ခုလုံး၏တာ၀န်ခံအကြီးအကဲဥက္ကဌထံသို့ ရဟန်းမင်းကြီးဖရန်စစ်၏ ဂျူဗလီဆုတောင်းနုတ်ဆက်သ၀တ်လွှာ၌ ထည့်သွင်းထုတ်ဖော်ထားသည်။

ထိုဆုတောင်းနုတ်ဆက်သ၀တ်လွှာထဲ၌ အသင်းသားများအနေဖြင့် မိမိတို့အသင်းကိုတည်ထောင်ခဲ့သောသူ (ဖခင်) ၏စိတ်နေသဘောထား၊ ရည်ရွယ်ချက်များကိုပြန်လည်သုံးသပ်ဆင်ခြင်ရန်၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏အသင်းအားတည် ထောင်သူ St. Anthony Mary Claret သည် ဧ၀ံဂေလိတရားကို ပထ၀ီအနေအထားရသော်လည်းကောင်း၊ လူမှုရေးအနေအထားအရသော်လည်း ကောင်း လူသူအရောက်အပေါက်နည်းသော၊ ဟောပြောမည့်သူမရှိသောဒေသများသို့လည်းအရောက်သယ်ဆောင်ရမည်ကိုသိရှိနားလည်ခဲ့သည်ဟုဆိုသည်။

ရဟန်းမင်းကြီးသည် ဤအသင်း၀င်များနှင့်များမကြာမီကတွေ့ဆုံပြီး နိုင်ငံတကာမှမျိုးဆက်သစ်များနှင့်တွေ့ဆုံဆွေးနွေးရေးကိုလုပ်ဆောင်အားပေးတိုက်တွန်းခဲ့သည်။

ဤအသင်းကို (၁၈၄၉) တွင်တည်ထောင်ခဲ့ုပီးလက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း (၇၀) ၌ အမှုတော်ထမ်းလျှက်ရှိကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/a938l

Add new comment

1 + 0 =