ကွယ်လွန်သူများအတွက်ဆုတောင်းရသောနေ့

မန္တလေးဂိုဏ်းချုပ်ဆရာတော်မှကွယ်လွန်သူများနေ့မစ္ဆားကို အေးရိပ်ငြိမ် သင်္ချိုင်းတွင်ပူဇော်ခြင်းနှင့် အုတ်ဂူများးကောင်းကြီးပေး

 

မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်၀င်းမှ ဒီနေ့ နိုဝင်ဘာလ ၂ ရက် ကွယ်လွန်သူများအတွက်ဆုတောင်းရသောနေ့မှာ မန္တလေးတောင်ခြေရှိ အေးရိပ်ငြိမ်ကက်သလစ်သင်္ချိုင်းတော်တွင် နံနက် ၈:၀၀ နာရီမှာ မစ္ဆားဉီးဆောင်ပူဇော်ပေးခဲ့ပါတယ်။ ဆရာတော်ဘူရားရဲ့ဩဝါဒမှာ "ဒီနေ့ဟာ ကက်သလစ်ခရစ်ယာန်များအတွက် မှတ်မှတ်သားသားရှိပြီး အရေးပါတဲ့နေ့ဖြစ်ကြောင်း ကွယ်လွန်ကုန်တဲ့ ဘိုးဘွားမိဘ ညီအကိုမောင်နှမများနဲ့ မိတ်ဆွေသင်္ဂဟများကို အောက်မေ့သတိရကြကာ ဆုတောင်းမေတ္တာပို့သကြ ကုသိုလ်ပြုကြတဲ့နေ့ထူးတစ်နေ့ဖြစ်ကြောင်း၊ ကိုးကွယ်ရာဘာသာတိုင်းမှာတူညီတဲ့ ပုံစံနဲ့ ကွယ်လွန်သူတွေအတွက်ကုသိုလ်ပြုခြင်းတွေကိုတွေ့ရပြီး သည်လောကအသက်တာဟာ ဘုရားဖူးခရီးတစ်ခုလိုတစ်နေ့ဆုံးရမယ် ဒါပေမဲ့ခရီးဆုံးရင်တော့ ဘုရားကိုဖူးတွေ့နိုင်ဖူိ့ အားထုတ်ကြရတယ်။ အဲ့လိုဘာသာတရားအားထုတ်ကြတာကိုကြည့်ပြီး ယုံကြည်မှုတိုင်းက လူ့အသက်တာဟာ သစ်ပင်တစ်ပင်လို သေသွားတာနဲ့ ပြီးဆုံးသွားတာမဟုတ်ဘူးဆိုတဲ့ မသေခြင်းတရားကို ယုံကြည်လက်ခံကြတယ်လို့မှန်းဆ နားလည်နိုင်ပါကြောင်း" တရားအစချီကာမြွက်ကြားခဲ့ပါတယ်။ ဣသရေလ လူမျိုးတွေရဲ့ ယုံကြည်မှုမှာလည်း ကွယ်လွန်သူတွေအတွက်ပြုတဲ့ ဆုတောင်းမေတ္တာနဲ့ ကုသိုလ်ကောင်းမှုတွေဟာ သူတို့အတွက်ကောင်းချီးမဂင်္်လာတွေပဲလို့ သင်ကြားတာကို "တားမတ်" လို့ခေါ်တဲ့ဘုရားစကားစာအုပ်မှာဖတ်ရှုနိုင်ကြောင်း၊ ဓမ္မသစ်ချိန်ခါမှာ ခရစ်တော်က ဣသရေလလူမျိုးတစ်ဉီးအဖြစ်ခံယူကြွလာတာကြောင့်တပည့်တွေလဲဣသရေလတွေပဲမို့ ဒီယုံကြည်ချက် သွန်သင်ချက်တွေနဲ့ယဉ်ပါးကြီးပျင်းလာခဲ့ကြမှာဖြစ်ကြောင်း၊ ကက်သလစ်ခရစ်ယာန်သာသနာတော်အစဉီးချိန်က ခရစ်ယာန်တွေမြှပ်နှံသင်္ဂြိုလ်ခဲ့ကြတဲ့ ရောမမြို့က ကာတေကုန်း အုတ်နံရံပေါ်မှာ "သင်တို့ရဲ့ဆုတောင်းပဌာနာတွေမှာ သင်တူိ့ရှေ့က ကွယ်လွန်သူများအဖို့ သတိယဆုတောင်းပေးကြပါလို ရေးသားထားကြောင်း၊ ဒါတွေနဲ့အခြားအချက်များစွာအားဖြင့် ကျွန်ုပ်တို့ဘာကြောင့်ယခု လို သေလွန်သူတွေအတွက်ဆုတောင်းကြ မစ္ဆားပူဇော်ကြလဲဆိုတာလုံလောက်ပီဖြစ်ကြောင်းဆိုရင်း ကွယ်လွန်သူတွေ အတွက်နေ့စဉ် သတိယဆုတောင်းပေးဘို့ မစ္ဆားတောင်းခံပေးဘို့ မြှပ်နှံထားတဲ့အုတ်ဂူတွေမှာမီးပူဇော်ဆုတောင်းပေးဘို့ ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုပေးကြဘို့ ဆရာတော်က တိုက်တွန်းနှိုးစော်ခဲ့ပါတယ်။ အထက်ပါအေးရိပ်ငြိမ်သူဿာန်တွင်ပြုလုပ်ခဲ့သော မစ္ဆားတရားနှင့် အူတ်ဂူများကောင်းချီးပေးခြင်းအစီအစဉ်တွင် ဂိုဏ်းချုပ်ဆရာတော်ဘုရား၊ ရဟန်းဘုန်းတော်ကြီး (၇) ပါး၊ သီလရှင် အပါး (၂၀) နှင့် ဘာသာ၀င်အချို့တို့ပါ၀င်တက်ရောက်ခဲ့ကြပါတယ်။

သတင်း။ ။ စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

ဓာတ်ပုံ ။ ။ ပင်ကီ

#AllSoulsDay #November2 #PrayerfortheDead #Cemetary #ArchdioceseofMandalay #AyeYeikNyeinCemetaryMDY #RequiemAeternamDonaEiDomine #EtLuxPerpetuaLuceatEis #RequiescantInPace #ကွယ်လွန်သူများအတွက်ဆုတောင်းရသောနေ့

Add new comment

3 + 0 =