ကွယ်လွန်သူတို့တွက် ဆုတောင်းပေးခြင်းဖြင့်ရရှိ‌ သောအင်ဒိုဂျမ်းသျှားကျေးဇူးကို နို၀င်ဘာလ တစ်လလုံးအဖြစ် ဗာတီကန်မှ တိုးမြှင့်သတ်မှတ်ပေး

ကွယ်လွန်သူတို့တွက် ဆုတောင်းပေးခြင်းဖြင့်ရရှိ‌ သောအင်ဒိုဂျမ်းသျှားကျေးဇူးကို နို၀င်ဘာလ တစ်လလုံးအဖြစ် ဗာတီကန်မှ တိုးမြှင့်သတ်မှတ်ပေး

 

ကမ္ဘာတစ်လွှားမှ ကက်သလစ်သိုးထိန်းများ၏ တောင်းဆိုချက်ကြောင့် အင်ဒိုဂျမ်းသျှား နို၀င်ဘာလ (၂)ရက် နေ့ပဲ မဟုတ်ဘဲ နို၀င်လ တစ်လုံး သင်္ချိုင်းသို့ အချိန်မရွေးသွားရောက်ပြီး သေသူများတွက်ဆုတောင်းပေးနိုင်ကြောင်း ဗာတီကန်မှ ‌အောက်တာဘာလ ၂၈ ရက်နေ့ ကြာသပတေးက ထုတ်ပြန်လိုက်သည်။

ကိုဗစ်ကာလဖြစ်သည့်အားလျှော်စွာ လူအစုအဝေးများစွာဖြင့် သွားရောက်ခြင်းမပြုဘဲ မိသားစုလိုက် (သို့မဟုတ်) တစ်ဦးလိုက် တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းရန် ညွှန်ကြားထားသည်။ ဤအခွင့်ထူးကိုလည်း ယမန်နှစ်ကလည်း ပေးထားခဲ့ပြီဖြစ်သည်။

"ကွယ်လူသူများတွက် ဆုတောင်းပေးရင်း ကျွန်ုပ်တို့၏ ဘ၀ကိုလည်း ကောင်းမွန်စွာ ထောက်ရှုကြပါစို့။ သေခြင်းသည် အဆုံးသတ်မဟုတ်ကြောင်းကို သိနားလည်ပြီး ကျမ်းစာအတိုင်းအသက်ရှင်နိုင်ရင် ကြိုးစားကြစို့" ဟုလည်း ညွန်ကြားချက်၌ ပါရှိသည်။

https://bit.ly/3CtUnBn

Add new comment

9 + 10 =