ကွန်ဂို၌အသတ်ခံရတဲ့ ဘုန်းတော်ကြီးအတွက် ဘာသာဝင်များနိုဗီနားဆုတောင်းပေး

ကွန်ဂို၌အသတ်ခံရတဲ့ ဘုန်းတော်ကြီးအတွက် ဘာသာဝင်များနိုဗီနားဆုတောင်းပေး

ကွန်ဂို၌အသတ်ခံရတဲ့ ဘုန်းတော်ကြီးအတွက် ဘာသာဝင်များနိုဗီနားဆုတောင်းပေး

            ကွန်ဂိုသမ္မတနိုင်ငံ၌ ယခုလ ဖေဖော်၀ါရီ (၂) ရက်နေ့၌ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး လက်နက်ကိုင် အဖွဲ့အစည်း၏ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ ဖေဖော်၀ါရီလ (၂) ရက်နေ့သည် ‘ကမ္ဘာ သူတော်စင်များနေ့’ ဖြစ် သည်။ ထို့အတူ ‘ယေဇူးသခင်အား ဗိမာန် တော်၌အပ်နှံခြင်းပွဲနေ့’ လည်း ဖြစ် သည်။ ဘုန်းတော်ကြီးသည် အဆိုပါပွဲနေ့များအတွက် မစ္ဆားသွားရောက်ပူပြီးအပြန်တွင် ယခုကဲ့သို့ ရက်စက်စွာ လုပ်ကြံခံလိုက်ရခြင်းဖြစ်သည်။

            လုပ်ကြံခံလိုက်ရသော ဖာသာရ်၏အမည်မှာ Richard Masivi Kasereka ဖြစ်ပြီး၊ သက်တော်မှာ (၃၆) နှစ်သာရှိသေးသည်။ သူ့အားလုပ် ကြံသည့်အဖွဲ့မှာ လက်နက်ကိုင်အဖွဲ့အစည်းမှဖြစ်သည်။ လုပ်ကြံခံလိုက်ရသည့်နေရာမှာ Lubero ခရိုင်၏အရှေ့မြောက်ဖက်၌ဖြစ်သည်။ ယခုပြစ်မှု ကိုကျူးလွန်သည့်အဖွဲ့အစည်းအားဖော်ထုတ်နိုင်ရန်စတင်နေပြီဖြစ်ကြောင်း Butembo-Beni ၏သာသနာပိုင်ဆရာတော် Melchisédec Sikuli Paluku က CNA နှင့်ချိပ်ဆက် သတင်းထုတ် လွင့်နေသောACI Africa သတင်းဌာနသို့ ဖေဖော်၀ါရီ (၃) ရက်နေ့က ပြောကြားခဲ့ပြီး၊ သာသနာ ၏သတင်းထုတ်ပြန်ချက်၌မှု ISIS အဖွဲ့၏လက်ဝေခံဖြစ်သော အိမ်နီးနားချင်းယူဂန်ဒါနိုင်ငံမှ Allied Democratic Forces (ADF) အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်းဖော်ပြထားသည်။

သာသနာပိုင်ဆရာတော်က အစွန်းရောက်အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကိုဆန့်ကျင်ရှုတ်ချကြောင်း ယခင် နှစ်က ဤဒေသတွင်ပြောကြားခဲ့သည်။ လက်နက်ကိုင်၍ အကြမ်းဖက်သောအဖွဲ့အစည်းများသည် စာသင်ကျောင်းများ၊ ဆေးရုံများကိုဖျက်ဆီးနေ ကြသည်။ ဆေးကုသမှုခံယူရန် ဆေးရုံတက် ရောက်နေ သောလူနာများအား ၄င်းတို့၏ဆေးရုံကုတင်ပေါ်၌ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။ လူ့အ သက်မဆုံး ရှုံးရသောနေ့ဟူ၍မရှိသလောက်ဖြစ်နေရကြောင်း ပြီးခဲ့သော (မေလ၊ ၂၀၂၁) ခုနှစ်ကပြောကြားခဲ့သည်။ သာသမီးများသည် မိမိတို့၏မိ ဘများလူမဆန်စွာသတ်ဖြတ်ခံရသည်ကို ဤသို့ကြည့်နေရကြောင်း၊ မိဘမဲ့ များ၊ မုဆိုးမများစွာတိုးလာနေကြောင်း၊ ရွာများအားလည်း ပြာပုံဖြစ် သည်အထိမီးရှို့ ဖျက်ဆီးကြ ကြောင်း၊ ကျွန်ုပ်တို့သည် ဒုက္ခဆင်းရဲခြင်းကြီးမာစွာ ကျရောက်နေသော အခြေအနေတွင် ကျရောက် နေကြောင်းပြောကြား ခဲ့သည်။

ယခုအသတ်ခံလိုက်ရသော ဘုန်းတော်ကြီးသည် Congolese သူတော်စင်အသင်မှဖြစ်ပြီး၊ ၄င်းတို့၏ညီတော်သတ်ဖြတ်ခံရကြောင်းကြားသိ ရသည်နှင့်နောက်တစ်ရက် ဖေဖော်၀ါရီလ (၃-၁၁) ရက်‌နေ့အထိ (၉) ရက်တာ ဘုန်းတော်ကြီး၏၀ိညာဉ်အတွက် နိုဗီနာဆုတောင်းကြရန် သာသနာအတွင်းကြေညာခဲ့သည်။ ဘုန်းတော်ကြီးသည် (မတ်လ၊ ၂၀၁၈) မှသာ တစ်သက်သစ္စာ ကိုခံယူခဲ့ပြီး၊ (ဖေဖော်၀ါရီလ၊ ၂၀၁၉) မှသာ ထာ၀ရရဟန်းသိက္ခာကိုထပ်ခဲ့သည်။ သူသည် Tangaza တက္ကသိုလ်၏ကျောင်းသားဟောင်းလည်းဖြစ်သည်။ ထိုတက္ကသိုလ်ကို သူတော်စင်အသင်း (၂၂) အသင်းမှစုပေါင်းဖွင့်လှစ်ထားခြင်းဖြစ်သည်။ လက်ရှိ ကောင်းကင်တမန်ချုပ် စိန့်မိုက်ကယ်သာသနာ အုပ်စု၏ကျောင်းထိုင်အဖြစ် (အောက်တိုဘာလ၊ ၂၀၂၁) ခုနှစ်မှသာ အမှုထမ်းဆောင် ခဲ့သည်။ သူသည်အလွန်ဆက်ကပ်သောသူတော်စင်၊ သာသနာပြုတစ်ပါးဖြစ်ကြောင်း၊ သူ၏သူတော်စင်မိခင်အ သင်းကိုလည်းအလွန်ချစ်ကြောင်း၊ သူနှင့်ဆုံဖူးသူများသည် သူ၏သနားတတ်သော၊ ပျော်တတ် သောဗီဇကြောင့် ခင်မင်ရင်းနှီးသွားကြကြောင်း ဖြင့် အီတလီ၌အမှုထမ်းနေသော ဘုန်းတော်ကြီး Laurianus Banyuzukwabo Tuyisabe က ACI Africa သတင်းဌာနအားဖြေကြားခဲ့သည်။

     အသင်းတစ်ခုလုံး၏အကြီးအကဲဖြစ်သော ဘုန်းတော်ကြီး Teodoro Kalaw ကလည်း ယခုကဲ့သို့ သာသနာပြုအားသတ်ဖြတ်ခြင်းကို ပြင်း ပြင်းထန်ထန်ရှုတ်ချခဲ့ပြီး၊ အမှန်တရားနှင့် တရားမျှတမှုအမြန် ဆုံးအနိုင်ရရေးဆုတောင်းကြရန်၊ ဧဝံဂေလိတရားတော်လာ ကတိသစ္စာ၏ ရစ်ပတ်စီး နှောင်မှု၌ ဘုရား သခင်အားလည်းကောင်း၊ အသင်းအားလည်းကောင်းရက်ရောစွာပေးခဲ့သူသည် ရက်စက်စွာ သတ်ဖြတ် ခံခဲ့ရကြောင်း၊ မြေခခဲ့သော သူ၏သွေးသည် သာသနာ၏ဖခင်ကြီး Tertullian ပြောကြားခဲ့သကဲ့သို့ သာသနာတော်ကြီးပျံ့ပွားရှင်သန်ကြီးထွားခြင်း၏မျိုးစေ့လည်းဖြစ်ပါစေ ဟုပြောကြားခဲ့သည်။ ဘုန်းတော် ကြီး၏စျာပနကို ဖေဖော်၀ါရီ (၅) ရက်နေ့၌ Kaghuntura ရှိ စိန့်ဖရန်စစ်အာစီးစီ၏ ဗိမာန်တော် ၌ကျင်း ပ၍ မြှုပ်နှံမည်မည်ဖြစ်သည်။ ဘုန်းတော်ကြီးယခုကဲ့သို့သတ်ဖြတ်ခံရမှုသည် နောက်ဆုံးမဟုတ်။ အသက်သစ်၏အစပင်ဖြစ်နိုင်သည်။ သူအားဆုံးရှုံး လိုက်ရခြင်းသည် ဧဝံဂေလိတရားကို သက်သေခံခြင်း လည်းဖြစ်ပြီး၊ သူကျွန်ုပ်တို့နှင့်အတူသက်ရှိထင်ရှားရှိနေစဉ်က ပြုလုပ်ခဲ့သော ကောင်းမှုများကို ပြန်လည် အမှတ်ရစေရန်အကြောင်း၊ ကျွန်ုပ်တို့ အားပြသခဲ့သော သူ၏ချစ်မေတ္တာကို ပြန်လည်အမှတ်ရ စေရန်ဖြစ် သည်ဟု ဆရာတော်ကပြောကြား ခဲ့သည်။

 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/34I9qvf

Add new comment

6 + 1 =